Connect with us

Hi, what are you looking for?

သတင်း

လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေး ခရီးရှည်ကြီးကို မြန်မာပြည်သူလူထု ဆက်လက်လျှောက်လှမ်းနေ

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကျင်းပသည့် ၇၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် အာဇာနည်ခေါင်းဆောင်ကြီးများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ မြေးဖြစ်သူနှင့် ဆရာကြီး ဦးရာဇတ်၏ မြေးဖြစ်သူတို့က အာဇာနည်နေ့အတွက် အမှတ်တရစကားပြောကြားခဲ့ခြင်းဖြစ်သည်။

(ယ​နေ့ကျ​ရောက်​သော အာဇာနည်​နေ့တွင် PDF အလံတစ်ဝက်လွှင့်၍ အာဇာနည်​ခေါင်း​ဆောင်များကို PDF များက အ​လေးပြု​နေစဥ်။ဓါတ်ပုံ-PDF)
(ယ​နေ့ကျ​ရောက်​သော အာဇာနည်​နေ့တွင် PDF အလံတစ်ဝက်လွှင့်၍ အာဇာနည်​ခေါင်း​ဆောင်များကို PDF များက အ​လေးပြု​နေစဥ်။ဓါတ်ပုံ-PDF)

“ခေတ်အဆက်ဆက်က လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့၊ ဝင်နေဆဲဖြစ်တဲ့ တိုင်းရင်းသားပြည်သူလူထုအားလုံးကို အာဇာနည်အားလုံးက ဂုဏ်ယူအားပေးနေကြမှာပါ” -အာဇာနည်ဦးရာဇတ်၏ မြေး ဒေါက်တာမြတ်ထူးရာဇတ်

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်များ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်မှာ ၇၆ နှစ်ရှိခဲ့ပြီဖြစ်သော်လည်း မြန်မာပြည်သူလူထုသည် လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေး ခရီးရှည်ကြီးကို ဆက်လက်လျှောက်လှမ်းနေရကြောင်း အာဇာနည်ခေါင်းဆောင်များ၏ မိသားစုဝင်အချို့က ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကျင်းပသည့် ၇၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် အာဇာနည်ခေါင်းဆောင်ကြီးများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ မြေးဖြစ်သူနှင့် ဆရာကြီး ဦးရာဇတ်၏ မြေးဖြစ်သူတို့က အာဇာနည်နေ့အတွက် အမှတ်တရစကားပြောကြားခဲ့ခြင်းဖြစ်သည်။

“ဗိုလ်ချုပ်အာင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ တိုင်းပြည်လွတ်လပ်ရေးအတွက် မျှော်မှန်း၊ ကြိုးစား၊ ပြောကြားခဲ့တာတွေကို ကျွန်တော်တို့ ဘယ်တော့မှ မမေ့နိုင်ပါဘူး။ ခေတ်အဆက်ဆက်က လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့၊ ဝင်နေဆဲဖြစ်တဲ့ တိုင်းရင်းသားပြည်သူလူထုအားလုံးကို အာဇာနည်အားလုံးက ဂုဏ်ယူအားပေးနေကြမှာပါ” ဟု အာဇာနည်ဦးရာဇတ်၏ မြေးဖြစ်သူ ဒေါက်တာမြတ်ထူးရာဇတ်က ပြောသည်။

(ယ​နေ့ကျ​ရောက်​သော အာဇာနည်​နေ့တွင် PDF အလံတစ်ဝက်လွှင့်၍ အာဇာနည်​ခေါင်း​ဆောင်များကို PDF များက အ​လေးပြု​နေစဥ်။ဓါတ်ပုံ-PDF)
(ယ​နေ့ကျ​ရောက်​သော အာဇာနည်​နေ့တွင် PDF အလံတစ်ဝက်လွှင့်၍ အာဇာနည်​ခေါင်း​ဆောင်များကို PDF များက အ​လေးပြု​နေစဥ်။ဓါတ်ပုံ-PDF)

ဗိုလ်ချုပ်အောင်ဆန်း၏ မြေးဖြစ်သူ ကိုထိန်လင်း(ခေါ်)ကင်မ်အဲရစ်ကလည်း ၎င်း၏ အဖိုးနှင့် ခေါင်းဆောင်ကြီးများက ၎င်းတို့၏ အသက်များအဆုံးရှုံးခံကာ တိုင်းပြည်ငြိမ်းချမ်းရေးနှင့် လွတ်မြောက်ရေးအတွက် ကြိုးစားခဲ့သော်လည်း မြန်မာနိုင်ငံသည် ပြည်တွင်းစစ်ထဲမှာပင် ရှိနေဆဲဖြစ်ကြောင်း ပြောသည်။ လက်ရှိတွင် အာဏာသိမ်းစစ်တပ်က ရက်စက်ကြမ်းကြုတ်သတ်ဖြတ်မှုများ ကျူးလွန် နေပြီး မြန်မာပြည်သူမြောက်များစွာ၏ တောင်းဆိုချက်များမှာလည်း ငြင်းပယ်ခံနေရကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြန်မာပြည်သူများသည် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ လုံလောက်သည့် ထောက်ပံ့ကူညီမှုမရရှိဘဲ ရုန်းကန်နေရပြီး ကမ္ဘာ့အစိုးရများသည် ၎င်းတို့လုပ်ဆောင်နိုင်သမျှကို လုပ်ဆောင်ရန် ပျက်ကွက်နေကြောင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်းက ထည့်သွင်းပြောကြားသည်။ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာပြည်သူများနှင့်အတူ ညီညွတ်စွာ လုပ်ဆောင်မှသာလျှင် မြန်မာပြည်၏ ပြည်တွင်းစစ်ကို ရပ်တန့်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

(ယ​နေ့ကျ​ရောက်​သော အာဇာနည်​နေ့တွင် PDF အလံတစ်ဝက်လွှင့်၍ အာဇာနည်​ခေါင်း​ဆောင်များကို PDF များက အ​လေးပြု​နေစဥ်။ဓါတ်ပုံ-PDF)
(ယ​နေ့ကျ​ရောက်​သော အာဇာနည်​နေ့တွင် PDF အလံတစ်ဝက်လွှင့်၍ အာဇာနည်​ခေါင်း​ဆောင်များကို PDF များက အ​လေးပြု​နေစဥ်။ဓါတ်ပုံ-PDF)

ဆရာကြီးဦးရာဇတ်သည် မြန်မာမွတ်ဆလင်တစ်ဦးအနေဖြင့် တိုင်းပြည်လွတ်လပ်ရေးတိုက်ပွဲတွင် ကျရာနေရာမှ မျိုးချစ်စိတ်ပြည့်ဝစွာနဲ့ တာ၀န်ယူခဲ့သူဖြစ်ပြီး အာဇာနည်ခေါင်းဆောင်ကြီးများသာ ရှိခဲ့လျှင် လူမျိုးနွယ်မတူသူ၊ ကိုယ်ကွယ်ယုံကြည်မှု မတူသူ၊ ဆွေမျိုးအသိုင်းအဝိုင်း နောက်ခံမတူသူများအား မုန်းတီး၊ ခွဲခြား၊ ဖိနှိပ်၊ အနိုင်ကျင့် မတရားမှုများကို ရဲရင့်စွာ ရင်ဆိုင်ချေမှုန်းကြမည်ဟု ဒေါက်တာမြတ်ထူးရာဇတ်က ပြောသည်။

“ဆရာကြီးဦးရာဇတ်နဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေအားလုံးက ကွဲပြားမှုကို အသိအမှတ်ပြုပြီး ခွဲခြားမှု၊ မတရားမှု၊ ဖိနှိပ်ချုပ်ခြယ်မှုတွေ မရှိတဲ့ ညီညွတ်မျှတတဲ့၊ လွတ်လပ်ငြိမ်းချမ်းတဲ့ တိုင်းပြည်ဖြစ်လာအောင် ကြိုးစားခဲ့ကြပါတယ်” ဟု ၎င်းက ဆိုသည်။

(ယ​နေ့ကျ​ရောက်​သော အာဇာနည်​နေ့တွင် PDF အလံတစ်ဝက်လွှင့်၍ အာဇာနည်​ခေါင်း​ဆောင်များကို PDF များက အ​လေးပြု​နေစဥ်။ဓါတ်ပုံ-PDF)
(ယ​နေ့ကျ​ရောက်​သော အာဇာနည်​နေ့တွင် PDF အလံတစ်ဝက်လွှင့်၍ အာဇာနည်​ခေါင်း​ဆောင်များကို PDF များက အ​လေးပြု​နေစဥ်။ဓါတ်ပုံ-PDF)

ဆက်လက်ပြီး လူတစုလွတ်မြောက်ရေးမဟုတ်ဘဲ တိုင်းရင်းသားပြည်သူလူထုအားလုံးလွတ်မြောက်ရေး၊ လူတစ်စုငြိမ်းချမ်းရေးမဟုတ်ဘဲ တိုင်းရင်းသားပြည်သူလူထုအားလုံးဟ ငြိမ်းချမ်းရေး ဖြစ်သင့်ကြောင်း ဆရာကြီးဦးရာဇတ်၏ မြေးဖြစ်သူက တိုက်တွန်းသည်။

“ခေတ်အဆက်ဆက်က အာဇာနည်အားလုံး မျှော်မှန်းကြိုးစားခဲ့တဲ့ လွတ်လပ်တဲ့၊ ညီညွတ်တဲ့၊ ညီမျှတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့၊ ငြိမ်းချမ်းသာယာတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖြစ်လာအောင် ရှေ့ ဆက်လှမ်းနေတဲ့ ခရီးကြမ်း၊ ခရီးရှည်ကြီးမှာ သက်စွန့်ရတဲ့ အာဇာနည်တွေ နည်းသထက်နည်းပြီး ရှင်သန်နေတဲ့ သူရဲကောင်းတွေ များသထက် များလာပါစေလို့ ဆုတောင်းလိုက်ပါတယ်” ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်