Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ကရင်နီသို့ စစ်ကူအင်အားအများအပြားထပ်မံ​စေလွှတ်

ကရင်နီပူး​ပေါင်းတပ်များကလည်း.စစ်မျက်နှာတိုင်းတွင် ခုခံစစ်သာမက တန်ပြန်ထိုးစစ်ပါ အသုံးပြု၍ စစ်​ကောင်စီတပ်များအထိနာ​အောင်တိုက်ခိုက်​နေသည်။

(ခလရ ၅၄ တပ်အတွင်း စစ်ကောင်စီတပ်သားများကို ပို့ဆောင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ဓာတ်ပုံ-CJ)
(ခလရ ၅၄ တပ်အတွင်း စစ်ကောင်စီတပ်သားများကို ပို့ဆောင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ဓာတ်ပုံ-CJ)

ကရင်နီ(ကယား)ပြည်နယ်ရှိရှေ့တန်းစခန်းများသို့စစ်ကောင်စီက အင်အားအများအပြားထပ်မံဖြည့်တင်းနေကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များက ပြော သည်။

လတ်တလော စစ်ရေး ပြင်းထန်နေသည့် ဘောလခဲ၊ဖားဆောင်း၊ရွာသစ်၊မယ်စဲ့ဒေသဘက်သို့ ရှမ်းပြည်နယ်အခြေစိုက် စစ်ကောင်စီတပ်များကို လွိုင်ကော် မှတဆင့် ရဟတ်ယာဥ်ဖြင့် နေ့စဥ် ပို့ဆောင်နေခြင်းဖြစ်သည်ဟု သိရသည်။

“လွိုင်ကော် ခလရ ၅၄ တပ်ထဲကနေ ရဟတ်ယာဥ်နဲ့နေ့တိုင်းထွက်နေတာ။မနေ့က ဆို၂ စီးမကဘူး။ယာဥ်တန်းနဲ့မှ သူတို့ထွက်မရတဲ့ နေရာတွေပေါ့ ။ဒီလို ရဟတ်ယာဥ်အများအပြား

သုံးနေတာကတော့ လူ အင်အား ဆက်တိုက်ဖြည့်တယ်လို့ ပြောလို့ရတယ်”ဟု ကရင်နီ စစ်ရေးသတင်းရင်းမြစ်က People’s Spring သတင်းဌာနသို့ပြောသည်။

Public Service Announcement

Public Service Announcement

ဘောလခဲ၊ရွာသစ် နှင့်ဖားဆောင်းမြို့များကို ကရင်နီပူးပေါင်းတပ်များ ထိုးစစ်ဆင်ခြင်း မလုပ်လာနိုင်ရန် စစ်ကောင်စီက အင်အားဆက်တိုက်ဖြည့်တင်းနေသည်ကိုသိရကြောင်းလည်း ဖားဆောင်း PDF တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

“သူတို့ဘက် ကအင်အားတိုးစစ်ပြင်နေတာသိတယ်။ ကျွန်တော်တို့လည်း ပြင်ဆင်နေပါတယ်။ဘယ်ချိန် တိုက်ပွဲ ပြင်းထန်မလဲဆိုတာတော့ အတိအကျ မသိ နိုင်သေးဘူး”ဟု ၎င်းက ရှင်းပြသည်။

ဇွန်လ ဒုတိယပတ်က မယ်စဲ့မြို့နယ်ကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ထိန်းချုပ်လိုက်ပြီးနောက်ပိုင်း ကရင်နီဒေသ၌ နေ့စဥ်နီးပါးတိုက်ပွဲများပိုမိုပြင်းထန်နေသည်။

ထို့အတူ အာဏာသိမ်းစစ်ကောင်စီတပ်ကို အကြိမ်ကြိမ် အထိနာ​အောင်တိုက်ခိုက်​နေသော ကရင်နီဒေသကို စစ်ကောင်စီက လေကြောင်း အပြင် တပ်မ ၅၅ ၊ တပ်မ ၆၆ ၊ တပ်မ ၄၄၊တပ်မ ၉၉ အစရှိသည့် တပ်မ လေးခုအပြင် ရှမ်းပြည်နယ် အခြေစိုက် အမှတ် (၂ ) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂)၊(စကခ ၁၈) လက်အောက်ခံတပ်ရင်းများပါ အင်အားဖြည့်တင်းနေသည်။

ကရင်နီပူး​ပေါင်းတပ်များကလည်း.စစ်မျက်နှာတိုင်းတွင် ခုခံစစ်သာမက တန်ပြန်ထိုးစစ်ပါ အသုံးပြု၍ စစ်​ကောင်စီတပ်များအထိနာ​အောင်တိုက်ခိုက်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းနဲ့ ကံပြားလမ်းပိုင်းမှာ တိုက်ခိုက်ခံရတဲ့ ချင်းတောင်ပိုင်း စစ်ကူမယ့် စစ်တပ်ယာဉ်တန်းတွေ လောင်းရှည်မြို့က အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်နေပြီလို့ လူထုနွေဦးက စုစမ်းသိရပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်းဟာ လောင်းရှည်မြို့ကနေ ဆောမြို့ကို ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

Facebook