Connect with us

Hi, what are you looking for?

သတင်း

ကျွန်းစုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူများမောင်းနှင်လာသည့်စက်လှေ တိုက်ခိုက်ခံရ

ကျွန်းစုမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးရာတွင် ယခုနောက်ပိုင်း ရေကြောင်းအသုံးပြုမှုပိုများလာပြီး တော်လှန်ရေးတပ်ဖွဲ့များအား သတင်းထောက်လှမ်းခြင်း၊ ကျေးရွာများသို့ ရေလမ်းခရီးမှသွားရောက်၍ စစ်ကြောင်းထိုးခြင်းများ ရှိနေသည်။

(ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖမှ ရဲဘော်များအား တွေ့ရစဥ်)
(ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖမှ ရဲဘော်များအား တွေ့ရစဥ်)

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်တွင် စစ်ကောင်စီတပ်သားအချို့နှင့် ပျူစောထီးများမောင်းနှင်လာသည့် စက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(ဇူလိုင် ၂၀)နေ့လယ် ၂ နာရီခန့်က ကျွန်းစုမြို့နယ် ဘဒ္ဒနဲကျေးရွာအုပ်စု တဆားဂလက်ဝအနီးတွင် စစ်ကောင်စီရေတပ်သားများနှင့် ပျူစောထီးများမောင်းနှင်လာသည့် စက်လှေတစ်စီးကို ကျွန်းစု-ပကဖ တပ်ဖွဲ့မှ ကြိုတင်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုကြောင့် စစ်‌ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်ချိန်မရလိုက်ဘဲ အဝေးရောက်မှသာ လက်နှက်ငယ်ဖြင့် တစ်ချက်နှစ်ချက်ခန့် ပြန်လည်ပစ်ခတ်ပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း ကျွန်း စု-ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

“သူတို့ဖက် ထိခိုက်သေဆုံးက အတိကျမကြားရသေးဘူး။ သူတို့က သတင်းဖုံးထားတာမျိုးရှိတယ် မတ်လက ပွဲတုန်းကတောင် တော်တော် ကြိုးစား သတင်းလိုက်ခဲ့ရတယ်”ဟု စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုအခြေအနေအား ၎င်းတာဝ်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ကျွန်းစုမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးရာတွင် ယခုနောက်ပိုင်း ရေကြောင်းအသုံးပြုမှုပိုများလာပြီး တော်လှန်ရေးတပ်ဖွဲ့များအား သတင်းထောက်လှမ်းခြင်း၊ ကျေးရွာများသို့ ရေလမ်းခရီးမှသွားရောက်၍ စစ်ကြောင်းထိုးခြင်းများ ရှိနေသည်။

အထက်ပါ စစ်ကောင်စီရေတပ်သားများ စက်လှေအားပစ်ခတ်တိုက်ခိုက်မှုတွင် ကျွန်းစု-ပကဖ မှ တော် လှန်ရေးရဲဘော်များဟအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ယင်းတပ်ဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။