Connect with us

Hi, what are you looking for?

သတင်း

တောင်ငူ-လိပ်သိုလမ်းပိုင်းတွင်စစ်ကောင်စီတပ်တိုက်ခိုက်ခံရ

ဇူလိုင် ၄ ရက်ကလည်း တောင်ငူ-သံတောင်လမ်း၌ စစ်ကောင်စီလက်အောက်ခံ ငြိမ်းချမ်းရေးအဖွဲ့ဝင်ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးနှင့် တပ်သားတစ်ဦးကို သံတောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးပြီး ပစ်ခတ်ရှင်းလင်းခဲ့သည်။

(PDF ပူးပေါင်းတပ်ဖွဲ့များအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။ဓါတ်ပုံ-ပေးပို့)
(PDF ပူးပေါင်းတပ်ဖွဲ့များအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။ဓါတ်ပုံ-ပေးပို့)

သံတောင်မြို့နယ် တောင်ငူ-လိပ်သိုလမ်းပိုင်းသို့လာသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားအစည်း အရုံး(KNU)၊ PDF ပူးပေါင်းတပ်များက တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း တောင်ငူခရိုင် PDF တပ်ရင်း(၃၅၀၁)၊ တပ်ခွဲ(၃)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့(ဇူလိုင် ၂၄)နံနက် ၇ နာရီကျော်က သံတောင်မြို့နယ် တောင်ငူ-လိပ်သိုလမ်းအတိုင်းလာသော အင်အား(၇၀)ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကိုKNUတပ်မဟာ(၂)၊တပ်ခွဲ(၁)၊ သံတောင်မြောက်ပိုင်း Fighter ဆားခဲအဖွဲ့နှင့် ရေတာရှည်အခြေစိုက် တပ်ခွဲ (၃)တို့မှ ရှေ့ထွက်မိုင်းအပါအဝင် လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယနေ့နံနက် ၇ နာရီ ၁၀ မိနစ်ခန့်တွင် သံတောင်နယ် အိမ်စုကျေးရွာအနီးညောင်ကုလားထိုင်ကွေ့၌ တစ်ကြိမ်၊ နံနက်၇ နာရီ ၁၅ မိနစ်တွင် ရင်ခွဲတောင်မုတ်ဦးကွေ့၌ တစ်ကြိမ်ဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း တောင်ငူခရိုင်တပ်ရင်း(၃၅၀၁)၊ တပ်ခွဲ(၃)မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

Public Service Announcement
Public Service Announcement

“(ထိခိုက်သေဆုံး)ရှိနိုင်ပါတယ်။စုံစမ်းနေတုန်းမို့ အတိအကျမသိရသေးပါဘူး”ဟု တိုက်ခိုက်မှုအခြေ အနေနှင့်စပ်လျဥ်းပြီး ၎င်းက ဆက်ပြော သည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်မှအနီးဝန်ကျင်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျှက်ရှိရာ ပြည်သူထိခိုက်မှုရှိ၊ မရှိနှင့် နေအိမ်ပျက်စီးမှုရှိ၊မရှိဆိုသည်ကိုမသိရသေးပေ။

အထက်ပါ စစ်ဆင်​ရေးတွင် KNU နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ အထိအခိုင်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များက အသိပေးထားသည်။

ဇူလိုင် ၄ ရက်ကလည်း တောင်ငူ-သံတောင်လမ်း၌ စစ်ကောင်စီလက်အောက်ခံ ငြိမ်းချမ်းရေးအဖွဲ့ဝင်ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးနှင့် တပ်သားတစ်ဦးကို သံတောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးပြီး ပစ်ခတ်ရှင်းလင်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့ကိုအာဏာသိမ်းခေါင်း​ဆောင် မင်းအောင်လှိုင်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ဖယ်ရှားခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တောင်ငူကို လာရောက်မယ့်အကြောင်း သတင်းရတာကြောင့် နေရာနှစ်နေရာကို ၁၀၇ မမရှော့တိုက်ဒုန်း လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar-BWM အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။