Connect with us

Hi, what are you looking for?

News

သံတောင်မြို့နယ်အတွင်း စစ်ဘေးရှောင်တွေ ဆန်လိုအပ်နေ

ထွက်ပြေးတိမ်းရှောင်နေရသူတွေထဲမှာ အမျိုးသမီး ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေပါဝင်ပြီး လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် ဆန်အကူအညီလိုအပ်နေတယ်လို့ ကေအဲန်ယူက ပြောပါတယ်။

ကေအဲန်ယူ တောင်ငူခရိုင် တပ်မဟာ ၂ နယ်မြေ သံတောင်မြို့နယ်အတွင်းမှာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ စားနပ်ရိက္ခာအခက်အခဲတွေကြုံနေရပြီး လတ်တလောမှာ ဆန်လိုအပ်ချက်ရှိနေတယ်လို့ ကေအဲန်ယူထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဒေါ်ဖခို(သံတောင်)မြို့နယ် ထာသောဖိုလီနဲ့သောက်ရေခပ်ရွာအတွင်းကို လက်နက်ကြီးလက်နက်ငယ်နဲ့ နေ့စဉ်ခြိမ်းခြောက်ပစ်ခတ်ခဲ့တာကြောင့် ထာသောဖိုလီနဲ့ သောက်ရေပ်ခပ်ကျေးရွာက ရွာသားတချို့ဟာ ဘေးလွတ်ရာကို ပြေးပုန်းနေကြရတယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရသူတွေထဲမှာ အမျိုးသမီး ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေပါဝင်ပြီး လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် ဆန်အကူအညီလိုအပ်နေတယ်လို့ ကေအဲန်ယူက ပြောပါတယ်။

ကေအဲန်ယူ ထိန်းချုပ်နယ်မြေဖြစ်တဲ့ တောင်ငူခရိုင် တပ်မဟာ ၂ နယ်မြေအတွင်းမှာ စစ်ဘေးရှောင်နေရသူဦးရေ ၁၀၀၀ ဝန်းကျင်ခန့်ရှိနေပြီး အဲ့ဒီအထဲမှာ ကရင်နီပြည်က စစ်ဘေးရှောင်တွေလည်း ပါဝင်တယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေထံကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ မတ်လ ၈ရက်နေ့က တောင်ငူခရိုင် ဒေါ်ဖခို(သံတောင်)မြို့နယ် ငှက်ပျောတောအုပ်စု သကွဲပလိုအထက်ရွာနဲ့ သကွဲပလိုအောက်ရွာကြားမှာ KNLA တပ်မဟာ ၂ နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထာသေဖိုလီရွာက ခရစ်ယာန်ဘုရားရှိခိုးကျောင်းအတွင်းက ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ရွာသားတစ်ဦးကိုလည်း သတ်ဖြတ်သွားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ရွာတွေထဲကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး ရွာသားတွေကို ခြိမ်းခြောက်မှုတွေလုပ်ဆောင်ခဲ့တာကြောင့် ဒေသခံရွာသားတွေဟာ ထွက်ပြေးပုန်းရှောင်နေကြရတာဖြစ်တယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

ဆောင်းပါး

မြိုင်မြို့နယ်အနောက်ပိုင်းမှာ စစ်ရှောင်ရင်းနဲ့ ကျန်နေခဲ့တဲ့ နွားကလေးနှစ်ကောင်ဟာ တစ်လနီးပါးအကြာမှာသခင်နဲ့ ပြန်ဆုံခဲ့ကြပါတယ်။