Connect with us

Hi, what are you looking for?

LuduNwayOo

News

သံတောင်မြို့နယ်အတွင်း စစ်ဘေးရှောင်တွေ ဆန်လိုအပ်နေ

ထွက်ပြေးတိမ်းရှောင်နေရသူတွေထဲမှာ အမျိုးသမီး ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေပါဝင်ပြီး လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် ဆန်အကူအညီလိုအပ်နေတယ်လို့ ကေအဲန်ယူက ပြောပါတယ်။

ကေအဲန်ယူ တောင်ငူခရိုင် တပ်မဟာ ၂ နယ်မြေ သံတောင်မြို့နယ်အတွင်းမှာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ စားနပ်ရိက္ခာအခက်အခဲတွေကြုံနေရပြီး လတ်တလောမှာ ဆန်လိုအပ်ချက်ရှိနေတယ်လို့ ကေအဲန်ယူထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဒေါ်ဖခို(သံတောင်)မြို့နယ် ထာသောဖိုလီနဲ့သောက်ရေခပ်ရွာအတွင်းကို လက်နက်ကြီးလက်နက်ငယ်နဲ့ နေ့စဉ်ခြိမ်းခြောက်ပစ်ခတ်ခဲ့တာကြောင့် ထာသောဖိုလီနဲ့ သောက်ရေပ်ခပ်ကျေးရွာက ရွာသားတချို့ဟာ ဘေးလွတ်ရာကို ပြေးပုန်းနေကြရတယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရသူတွေထဲမှာ အမျိုးသမီး ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေပါဝင်ပြီး လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် ဆန်အကူအညီလိုအပ်နေတယ်လို့ ကေအဲန်ယူက ပြောပါတယ်။

ကေအဲန်ယူ ထိန်းချုပ်နယ်မြေဖြစ်တဲ့ တောင်ငူခရိုင် တပ်မဟာ ၂ နယ်မြေအတွင်းမှာ စစ်ဘေးရှောင်နေရသူဦးရေ ၁၀၀၀ ဝန်းကျင်ခန့်ရှိနေပြီး အဲ့ဒီအထဲမှာ ကရင်နီပြည်က စစ်ဘေးရှောင်တွေလည်း ပါဝင်တယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေထံကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ မတ်လ ၈ရက်နေ့က တောင်ငူခရိုင် ဒေါ်ဖခို(သံတောင်)မြို့နယ် ငှက်ပျောတောအုပ်စု သကွဲပလိုအထက်ရွာနဲ့ သကွဲပလိုအောက်ရွာကြားမှာ KNLA တပ်မဟာ ၂ နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထာသေဖိုလီရွာက ခရစ်ယာန်ဘုရားရှိခိုးကျောင်းအတွင်းက ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ရွာသားတစ်ဦးကိုလည်း သတ်ဖြတ်သွားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ရွာတွေထဲကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး ရွာသားတွေကို ခြိမ်းခြောက်မှုတွေလုပ်ဆောင်ခဲ့တာကြောင့် ဒေသခံရွာသားတွေဟာ ထွက်ပြေးပုန်းရှောင်နေကြရတာဖြစ်တယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူသာမက မြဝတီမြို့ပေါ်ကို လေယာဉ်ဖြင့် ကင်းထောက်ပျံဝဲခြင်း၊ လေကြောင်းမှ ဗုံးချတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။

သတင်း

ကလေးမြို့ တာဟန်းရပ်ကွက်မှ ဗိုလ်ချုပ်လမ်းမပေါ်ရှိ စစ်ကောင်စီဂိတ်အနီးတွင် ယမန်‌နေ့(မတ်လ ၁၈ရက်) နံနက်က မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်​ကောင်စီဗုံးကြဲတိုက်ခိုက်မှု​ကြောင့်ထိခိုက်​သေဆုံးမှုအ​ခြေအ​နေကို ​ဒေသခံများ ၊​တော်လှန်​ရေးအဖွဲ့များ ၊စစ်​ဘေူ​ရှောင်အ​ရေး​ဆောင်ရွက်​ပေး​နေသူများထံ People's Spring ကဆက်သွယ်စုံစမ်း​နေဆဲဖြစ်ပြီး ​နောက်ဆက်တွဲသတင်းများကို ဆက်လက်​ဖော်ပြ​ပေးပါမည်။

မေးမြန်းခန်း

ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာလည်းဖြစ် ၊ကရင်နီကြားကာလအတိုင်ပင်ခံ​ကောင်စီ (IEC)အတွင်း​ရေးမှူးလည်းဖြစ်တဲ့ ဦးဗညားခွန်း​အောင်ကို လူထုနွေဦး (People's Spring )က ဆက်သွယ်မေးမြန်းထားပါတယ်။