Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘောဒီးယား ဝန်ကြီးချုပ် အဖြစ်က နုတ်ထွက်မယ်လို့ ဟွန်ဆန်း အတည်ပြု၊ သားဖြစ်သူ ဆက်ခံမယ်လို့ ကြေညာ

သတင်းတွေအရ ဟွန်ဆန်းဟာ ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်လိုက်တဲ့တိုင် အာဏာရပါတီ အကြီးအကဲ နေရာအပြင် အထက်လွှတ်တော် ဥက္ကဋ္ဌ ရာထူးကိုပါ ရယူပြီး နိုင်ငံရေး လုပ်ပိုင်ခွင့် ပမာဏ ကြီးကြီးမားမားကို ဆက်လက် ထိန်းသိမ်းထားဖွယ် ရှိနေကြောင်း သိရပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် အဖြစ်က နုတ်ထွက်မယ်လို့ ဟွန်ဆန်း အတည်ပြု၊ သားဖြစ်သူ ဆက်ခံမယ်လို့ ကြေညာ
ကမ္ဘောဒီးယား ဝန်ကြီးချုပ် အဖြစ်က နုတ်ထွက်မယ်လို့ ဟွန်ဆန်း အတည်ပြု၊ သားဖြစ်သူ ဆက်ခံမယ်လို့ ကြေညာ

လာမယ့် သီတင်း ၃ ပတ်အတွင်း ရာထူးက နုတ်ထွက်ပြီး သူ့သားကို အရိုက်အရာ ဆက်ခံစေမယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်းက အတည်ပြုခဲ့ပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံကို ၃၈ နှစ်တာ အုပ်ချုပ်ခဲ့တဲ့နောက် ဟွန်ဆန်းဟာ ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး နိုင်ငံခေါင်းဆောင် တစ်ဦးဆိုတဲ့ ဂုဏ်ပုဒ်ကို စွန့်လွှတ်တော့မှာပါ။ သူဦးဆောင်တဲ့ အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP)ဟာ ပြီးခဲ့တဲ့ သီတင်းပတ် ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီး ရက်ပိုင်းအကြာမှာ ဟွန်ဆန်းက နိုင်ငံခေါင်းဆောင် အပြောင်းအလဲ ကိစ္စကို အတည်ပြု ကြေညာခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ ဟွန်ဆန်းက သူ့သားကို ဝန်ကြီးချုပ်နေရာ အစားထိုး ဆက်ခံစေဖို့ ရည်ရွယ်ထားကြောင်း ရွေးကောက်ပွဲ မတိုင်ခင် ကတည်းက အရိပ်အမြွက် ပြောထားပြီးသားပါ။ ကမ္ဘောဒီးယားကို အာဏာရှင်ဆန်ဆန် အုပ်စိုးခဲ့ကြောင်း စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဟွန်ဆန်းက သူသာ ဝန်ကြီးချုပ်အနေနဲ့ ဆက်ရှိနေရင် မတည်ငြိမ်မှုတွေ ကြုံလာနိုင်တယ်လို့ ယုံကြည်တဲ့အတွက် အပြောင်းအလဲကို လက်တွေ့ အကောင်အထည် ဖော်ခဲ့တာလို့ ဆိုပါတယ်။

ဇူလိုင် ၂၆ ရက်မှာ ဟွန်ဆန်းဟာ ကမ္ဘောဒီးယား နန်းတော်ကို သွားရောက်ပြီး ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်မယ့် ကိစ္စကို ဘုရင်ဆီ တရားဝင် အကြောင်းကြားခဲ့ပါတယ်။ ပြီးတော့ ဟွန်ဆန်းက သူ့ရဲ့ အကြီးဆုံးသား ဟွန်မာနတ်ကို ဩဂုတ် ၁၀ ရက်မှာ ဝန်ကြီးချုပ် အရိုက်အရာ ဆက်ခံစေမယ်လို့ ကြေညာခဲ့ပါတယ်။ ဟွန်ဆန်ဟာ ဝန်ကြီးချုပ် ရာထူးကို လက်လွှတ်ခဲ့ပေမယ့် CPPရဲ့ အကြီးအကဲ ရာထူးကို ထိန်းသိမ်းထားမှာ ဖြစ်တာကြောင့် နိုင်ငံရေးအရ ဩဇာ အကြီးမားဆုံး နေရာမှာ ရှိနေဦးမှာပါ။

Public Service Announcement

Public Service Announcement

အသက် ၄၅ နှစ်အရွယ် ဟွန်မာနတ်ဟာ အမေရိကန်နဲ့ ဗြိတိန် တက္ကသိုလ်တွေမှာ ဘွဲ့ရခဲ့တဲ့ အနောက်တိုင်း ခေတ်ပညာတတ် တစ်ဦးဖြစ်သလို ကမ္ဘောဒီးယား ကြည်းတပ်ရဲ့ စစ်ဦးစီး ဗိုလ်ချုပ်ကြီး အနေနဲ့လည်း တာဝန်ယူထားပါတယ်။ ဟွန်ဆန်းက အစိုးရ အဖွဲ့သစ်ကို သူ့သားက ဦးဆောင်မှာ ဖြစ်တဲ့အပြင် မျိုးဆက်ဟောင်း နိုင်ငံရေးသမားကြီးတွေ နေရာမှာ မျိုးဆက်သစ်တွေ အတော်များများ အစားထိုး ဝင်ရောက်မယ်လို့ ပြောပါတယ်။ အစိုးရသစ်ကို ဩဂုတ် ၂၂ ရက်မှာ ကြေညာဖို့ လျာထားပါတယ်။

သတင်းတွေအရ ဟွန်ဆန်းဟာ ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်လိုက်တဲ့တိုင် အာဏာရပါတီ အကြီးအကဲ နေရာအပြင် အထက်လွှတ်တော် ဥက္ကဋ္ဌ ရာထူးကိုပါ ရယူပြီး နိုင်ငံရေး လုပ်ပိုင်ခွင့် ပမာဏ ကြီးကြီးမားမားကို ဆက်လက် ထိန်းသိမ်းထားဖွယ် ရှိနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

ဆောင်းပါး

ကမ္ဘောဒီးယား၏ တိတ်တဆိတ်ကြီးထွားလာနေသော တောရိုင်းတိရစ္ဆာန် မှောင်ခိုဈေးကွက်

နိုင်ငံတကာ

ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲ တစ်ခုမှာ ပါဝင်ခဲ့တဲ့နောက် အိန္ဒိယ အတိုက်အခံ ခေါင်းဆောင် ရာဟူလ်ဂန္ဒီကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပါတယ်။

နိုင်ငံတကာ

ပြည်သူအားလုံးအတွက် ရပ်တည်ပေးတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဗြိတိန် ဝန်ကြီးချုပ် အလောင်းအလျာ အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။