Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အနိုင်ရဖို့ ကျိန်းသေနေတဲ့ တစ်ဖက်သတ် ရွေးကောက်ပွဲအပြီး သားဖြစ်သူဆီ အာဏာလွှဲပေးမယ့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်

ဟွန်ဆန်းဟာ ပြီးခဲ့တဲ့တစ်ကြိမ် ရွေးကောက်ပွဲကတော့ အတိုက်အခံ အင်အားစုတွေကို ပိုပြီး ထင်သာမြင်သာ ဖိနှိပ်ဖြိုခွဲတာ၊ ထောင်ချတာတွေ လုပ်ခဲ့ဖူးပါတယ်။ ပြီးတော့ သူ့ပါတီကိုလည်း မဲဆန္ဒနယ် အားလုံးမှာ အနိုင်ရစေခဲ့ပါတယ်။

အနိုင်ရဖို့ ကျိန်းသေနေတဲ့ တစ်ဖက်သတ် ရွေးကောက်ပွဲအပြီး သားဖြစ်သူဆီ အာဏာလွှဲပေးမယ့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်
အနိုင်ရဖို့ ကျိန်းသေနေတဲ့ တစ်ဖက်သတ် ရွေးကောက်ပွဲအပြီး သားဖြစ်သူဆီ အာဏာလွှဲပေးမယ့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်

အနိုင်ရဖို့ သေချာနေပြီးသား တစ်ဖက်သတ် ရွေးကောက်ပွဲ အပြီးမှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်းဟာ သားဖြစ်သူဆီ အရိုက်အရာ လွှဲပြောင်းပေးဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။

ကမ္ဘောဒီးယားဟာ ဇူလိုင် ၂၃ ရက်ကျရင် ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပြီး လက်ရှိ ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး နိုင်ငံခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်တဲ့ ဟွန်ဆန်းက အနိုင်ရဖို့ ရာနှုန်းပြည့် သေချာနေပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက လုပ်နည်းလုပ်ဟန်တွေ အတိုင်းပဲ ဟွန်ဆန်းဟာ ရွေးကောက်ပွဲမှာ အဓိက အတိုက်အခံ အင်အားစု လုံးဝမရှိအောင် ရှင်းလင်းထားလို့ပါပဲ။

မကြာသေးခင် လပိုင်းက ကမ္ဘောဒီးယား တရားရုံးချုပ်က အကြောင်းမျိုးစုံ ရမယ်ရှာပြီး အဓိက အတိုက်အခံ နိုင်ငံရေး အင်အားစုဖြစ်တဲ့ Candlelight ပါတီကို ရွေးကောက်ပွဲဝင်ခွင့် ပိတ်ခဲ့ပြီးသားပါ။ ပါတီဝင်တွေ၊ ပါတီခေါင်းဆောင်တွေလည်း ပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဟွန်ဆန်းဟာ ပြီးခဲ့တဲ့တစ်ကြိမ် ရွေးကောက်ပွဲကတော့ အတိုက်အခံ အင်အားစုတွေကို ပိုပြီး ထင်သာမြင်သာ ဖိနှိပ်ဖြိုခွဲတာ၊ ထောင်ချတာတွေ လုပ်ခဲ့ဖူးပါတယ်။ ပြီးတော့ သူ့ပါတီကိုလည်း မဲဆန္ဒနယ် အားလုံးမှာ အနိုင်ရစေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၇၀ အရွယ် ရှိပြီဖြစ်တဲ့ ဟွန်ဆန်းဟာ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံကို ၁၉၈၅ ခုနှစ် ကတည်းက အုပ်စိုးနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူဟာ အတိုက်အခံတွေရဲ့ ဒီမိုကရေစီရေးအရ စိန်ခေါ်မှုတွေကို ရက်စက်ကြမ်းကြုတ်တဲ့၊ ညစ်ပတ်ယုတ်မာတဲ့ နည်းလမ်းတွေနဲ့ တုံ့ပြန် ဖျက်ဆီးပစ်ခဲ့ပြီး နိုင်ငံအာဏာကို လွှဲပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ ရွေးကောက်ပွဲတွေကိုလည်း မသမာတဲ့ ခြယ်လှယ်မှုတွေနဲ့ ကျင်းပခဲ့ပါတယ်။ ဟွန်ဆန်းဟာ အခုအခါမှာတော့ အာဏာရှင် တစ်ဦးအဖြစ် သတ်မှတ်ခံနေရပါတယ်။ သူ့အာဏာ တည်မြဲဖို့လည်း ဟွန်ဆန်းက တရားရုံး၊ ရဲတပ်ဖွဲ့၊ စစ်တပ် စတာတွေကို ခါးပိုက်ထဲ ထည့်ထားခဲ့ပါတယ်။

အခုသီတင်းပတ်ကုန် ရွေးကောက်ပွဲ အပြီးမှာတော့ သူဟာ အသက် ၄၅ နှစ်အရွယ် အကြီးဆုံး သားဖြစ်သူ ဟွန်မာနတ်ကို အရိုက်အရာ လွှဲပေးဖို့ စီစဉ်ထားပါတယ်။ ဟွန်မာနတ်ဟာ ကမ္ဘောဒီးယား ကြည်းတပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးအဖြစ် ၂၀၁၈ ကတည်းက တာဝန်ယူထားပါတယ်။ အမေရိကန်ရဲ့ ဝက်စ်ပွိုင့် စစ်တက္ကသိုလ်နဲ့ နယူးယောက် တက္ကသိုလ်၊ ဗြိတိန်နိုင်ငံက ဘရစ္စတို တက္ကသိုလ်တွေမှာ ဘွဲ့လွန်ပညာရေးအထိ သင်ယူထားတဲ့ အနောက်တိုင်း ခေတ်ပညာတတ် တစ်ဦးဖြစ်တဲ့တိုင် ဟွန်မာနတ် လက်ထက်မှာလည်း ကမ္ဘောဒီးယားရဲ့ အခြေအနေက သိသိသာသာ ပြောင်းလဲလာဖွယ် မရှိကြောင်း အတိုက်အခံတွေက ပြောပါတယ်။

လေ့လာသူတွေကတော့ ကမ္ဘောဒီးယားမှာ ဝန်ကြီးချုပ် အပါအဝင် အဆင့်အမြင့်ဆုံး အစိုးရ အာဏာပိုင်တွေဟာ သူတို့ရဲ့ နေရာတွေကို စတင်စွန့်လွှတ်ပြီး မျိုးဆက်သစ် မိသားစုဝင်တွေနဲ့ အစားထိုးဖို့ ခြေလှမ်းပြင်နေပြီလို့ သုံးသပ်ကြပါတယ်။ ကမ္ဘောဒီးယား ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၁၂၅ ခု ယှဉ်ပြိုင်ရတဲ့အနက် ၅ ပုံ ၁ ပုံကျော်ဟာ အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP)ရဲ့ အဖွဲ့ဝင်တွေနဲ့ တစ်နည်းတစ်ဖုံ ဆွေမျိုးတော်စပ်သူတွေ ဖြစ်နေတာ တွေ့နိုင်ပါတယ်။

ဟွန်မာနတ်ဟာ ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေမှာ သူ့ဖခင်နဲ့ အရမ်းတူညီတဲ့ သဘောထားမှတ်ချက်မျိုးတွေ ပြောဆိုခဲ့တာကြောင့် ကမ္ဘောဒီးယားဟာ ပိုမိုငယ်ရွယ်တဲ့ ဟွန်ဆန်း နောက်တစ်ယောက်လက်ထဲ ရောက်သွားရုံသာရှိပြီး ဘာမှ ထူးထူးခြားခြား မပြောင်းလဲလောက်ဘူးလို့ ယူဆခြင်း ခံနေရပါတယ်။

ဟွန်မာနတ်ဟာ ဖခင်ရဲ့ အရိုက်အရာကို လက်တွေ့ ဆက်ခံချိန်မှာ နိုင်ငံရဲ့ စီးပွားရေး ပြန်လည် ဦးမော့ရေးကို အဓိက အာရုံစိုက်ပြီး ကြိုးစားသွားရမှာပါ။ ကမ္ဘောဒီးယားဟာ ကမ္ဘာပေါ်မှာ စီးပွားရေး တိုးတက်နှုန်း အမြန်ဆုံး နိုင်ငံတစ်ခု အနေနဲ့ သတ်မှတ်ခံရဖူးပေမယ့် ကိုဗစ် ကပ်ရောဂါ ဂယက်နဲ့ ကြုံခဲ့တဲ့ နောက်ပိုင်းမှာတော့ အဲဒီ အခြေအနေမျိုးဆီ အပြည့်အဝ ပြန်နာလန်မထူနိုင်သေးဘဲ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

ဆောင်းပါး

ကမ္ဘောဒီးယား၏ တိတ်တဆိတ်ကြီးထွားလာနေသော တောရိုင်းတိရစ္ဆာန် မှောင်ခိုဈေးကွက်

နိုင်ငံတကာ

ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲ တစ်ခုမှာ ပါဝင်ခဲ့တဲ့နောက် အိန္ဒိယ အတိုက်အခံ ခေါင်းဆောင် ရာဟူလ်ဂန္ဒီကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပါတယ်။

နိုင်ငံတကာ

ပြည်သူအားလုံးအတွက် ရပ်တည်ပေးတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဗြိတိန် ဝန်ကြီးချုပ် အလောင်းအလျာ အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။