Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အနိုင်ရဖို့ ကျိန်းသေနေတဲ့ တစ်ဖက်သတ် ရွေးကောက်ပွဲအပြီး သားဖြစ်သူဆီ အာဏာလွှဲပေးမယ့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်

ဟွန်ဆန်းဟာ ပြီးခဲ့တဲ့တစ်ကြိမ် ရွေးကောက်ပွဲကတော့ အတိုက်အခံ အင်အားစုတွေကို ပိုပြီး ထင်သာမြင်သာ ဖိနှိပ်ဖြိုခွဲတာ၊ ထောင်ချတာတွေ လုပ်ခဲ့ဖူးပါတယ်။ ပြီးတော့ သူ့ပါတီကိုလည်း မဲဆန္ဒနယ် အားလုံးမှာ အနိုင်ရစေခဲ့ပါတယ်။

အနိုင်ရဖို့ ကျိန်းသေနေတဲ့ တစ်ဖက်သတ် ရွေးကောက်ပွဲအပြီး သားဖြစ်သူဆီ အာဏာလွှဲပေးမယ့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်
အနိုင်ရဖို့ ကျိန်းသေနေတဲ့ တစ်ဖက်သတ် ရွေးကောက်ပွဲအပြီး သားဖြစ်သူဆီ အာဏာလွှဲပေးမယ့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်

အနိုင်ရဖို့ သေချာနေပြီးသား တစ်ဖက်သတ် ရွေးကောက်ပွဲ အပြီးမှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်းဟာ သားဖြစ်သူဆီ အရိုက်အရာ လွှဲပြောင်းပေးဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။

ကမ္ဘောဒီးယားဟာ ဇူလိုင် ၂၃ ရက်ကျရင် ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပြီး လက်ရှိ ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး နိုင်ငံခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်တဲ့ ဟွန်ဆန်းက အနိုင်ရဖို့ ရာနှုန်းပြည့် သေချာနေပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက လုပ်နည်းလုပ်ဟန်တွေ အတိုင်းပဲ ဟွန်ဆန်းဟာ ရွေးကောက်ပွဲမှာ အဓိက အတိုက်အခံ အင်အားစု လုံးဝမရှိအောင် ရှင်းလင်းထားလို့ပါပဲ။

မကြာသေးခင် လပိုင်းက ကမ္ဘောဒီးယား တရားရုံးချုပ်က အကြောင်းမျိုးစုံ ရမယ်ရှာပြီး အဓိက အတိုက်အခံ နိုင်ငံရေး အင်အားစုဖြစ်တဲ့ Candlelight ပါတီကို ရွေးကောက်ပွဲဝင်ခွင့် ပိတ်ခဲ့ပြီးသားပါ။ ပါတီဝင်တွေ၊ ပါတီခေါင်းဆောင်တွေလည်း ပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဟွန်ဆန်းဟာ ပြီးခဲ့တဲ့တစ်ကြိမ် ရွေးကောက်ပွဲကတော့ အတိုက်အခံ အင်အားစုတွေကို ပိုပြီး ထင်သာမြင်သာ ဖိနှိပ်ဖြိုခွဲတာ၊ ထောင်ချတာတွေ လုပ်ခဲ့ဖူးပါတယ်။ ပြီးတော့ သူ့ပါတီကိုလည်း မဲဆန္ဒနယ် အားလုံးမှာ အနိုင်ရစေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၇၀ အရွယ် ရှိပြီဖြစ်တဲ့ ဟွန်ဆန်းဟာ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံကို ၁၉၈၅ ခုနှစ် ကတည်းက အုပ်စိုးနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူဟာ အတိုက်အခံတွေရဲ့ ဒီမိုကရေစီရေးအရ စိန်ခေါ်မှုတွေကို ရက်စက်ကြမ်းကြုတ်တဲ့၊ ညစ်ပတ်ယုတ်မာတဲ့ နည်းလမ်းတွေနဲ့ တုံ့ပြန် ဖျက်ဆီးပစ်ခဲ့ပြီး နိုင်ငံအာဏာကို လွှဲပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ ရွေးကောက်ပွဲတွေကိုလည်း မသမာတဲ့ ခြယ်လှယ်မှုတွေနဲ့ ကျင်းပခဲ့ပါတယ်။ ဟွန်ဆန်းဟာ အခုအခါမှာတော့ အာဏာရှင် တစ်ဦးအဖြစ် သတ်မှတ်ခံနေရပါတယ်။ သူ့အာဏာ တည်မြဲဖို့လည်း ဟွန်ဆန်းက တရားရုံး၊ ရဲတပ်ဖွဲ့၊ စစ်တပ် စတာတွေကို ခါးပိုက်ထဲ ထည့်ထားခဲ့ပါတယ်။

အခုသီတင်းပတ်ကုန် ရွေးကောက်ပွဲ အပြီးမှာတော့ သူဟာ အသက် ၄၅ နှစ်အရွယ် အကြီးဆုံး သားဖြစ်သူ ဟွန်မာနတ်ကို အရိုက်အရာ လွှဲပေးဖို့ စီစဉ်ထားပါတယ်။ ဟွန်မာနတ်ဟာ ကမ္ဘောဒီးယား ကြည်းတပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးအဖြစ် ၂၀၁၈ ကတည်းက တာဝန်ယူထားပါတယ်။ အမေရိကန်ရဲ့ ဝက်စ်ပွိုင့် စစ်တက္ကသိုလ်နဲ့ နယူးယောက် တက္ကသိုလ်၊ ဗြိတိန်နိုင်ငံက ဘရစ္စတို တက္ကသိုလ်တွေမှာ ဘွဲ့လွန်ပညာရေးအထိ သင်ယူထားတဲ့ အနောက်တိုင်း ခေတ်ပညာတတ် တစ်ဦးဖြစ်တဲ့တိုင် ဟွန်မာနတ် လက်ထက်မှာလည်း ကမ္ဘောဒီးယားရဲ့ အခြေအနေက သိသိသာသာ ပြောင်းလဲလာဖွယ် မရှိကြောင်း အတိုက်အခံတွေက ပြောပါတယ်။

လေ့လာသူတွေကတော့ ကမ္ဘောဒီးယားမှာ ဝန်ကြီးချုပ် အပါအဝင် အဆင့်အမြင့်ဆုံး အစိုးရ အာဏာပိုင်တွေဟာ သူတို့ရဲ့ နေရာတွေကို စတင်စွန့်လွှတ်ပြီး မျိုးဆက်သစ် မိသားစုဝင်တွေနဲ့ အစားထိုးဖို့ ခြေလှမ်းပြင်နေပြီလို့ သုံးသပ်ကြပါတယ်။ ကမ္ဘောဒီးယား ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၁၂၅ ခု ယှဉ်ပြိုင်ရတဲ့အနက် ၅ ပုံ ၁ ပုံကျော်ဟာ အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP)ရဲ့ အဖွဲ့ဝင်တွေနဲ့ တစ်နည်းတစ်ဖုံ ဆွေမျိုးတော်စပ်သူတွေ ဖြစ်နေတာ တွေ့နိုင်ပါတယ်။

ဟွန်မာနတ်ဟာ ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေမှာ သူ့ဖခင်နဲ့ အရမ်းတူညီတဲ့ သဘောထားမှတ်ချက်မျိုးတွေ ပြောဆိုခဲ့တာကြောင့် ကမ္ဘောဒီးယားဟာ ပိုမိုငယ်ရွယ်တဲ့ ဟွန်ဆန်း နောက်တစ်ယောက်လက်ထဲ ရောက်သွားရုံသာရှိပြီး ဘာမှ ထူးထူးခြားခြား မပြောင်းလဲလောက်ဘူးလို့ ယူဆခြင်း ခံနေရပါတယ်။

ဟွန်မာနတ်ဟာ ဖခင်ရဲ့ အရိုက်အရာကို လက်တွေ့ ဆက်ခံချိန်မှာ နိုင်ငံရဲ့ စီးပွားရေး ပြန်လည် ဦးမော့ရေးကို အဓိက အာရုံစိုက်ပြီး ကြိုးစားသွားရမှာပါ။ ကမ္ဘောဒီးယားဟာ ကမ္ဘာပေါ်မှာ စီးပွားရေး တိုးတက်နှုန်း အမြန်ဆုံး နိုင်ငံတစ်ခု အနေနဲ့ သတ်မှတ်ခံရဖူးပေမယ့် ကိုဗစ် ကပ်ရောဂါ ဂယက်နဲ့ ကြုံခဲ့တဲ့ နောက်ပိုင်းမှာတော့ အဲဒီ အခြေအနေမျိုးဆီ အပြည့်အဝ ပြန်နာလန်မထူနိုင်သေးဘဲ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ

လောလောဆယ် စင်ကာပူ အစိုးရ အဖွဲ့ထဲမှာ ဘဏ္ဍာရေး ဝန်ကြီးအဖြစ်လည်း တာဝန်ယူထားတဲ့ ဝေါင်ဟာ နိုင်ငံသမိုင်းမှာ စတုတ္ထမြောက် ဝန်ကြီးချုပ် ဖြစ်လာမှာပါ။

သတင်း

ယာယီသမ္မတထံသို့ ဝန်ကြီးဦးရည်မွန်က သွားရောက်တင်ပြခဲ့ပြီး ဒုဝန်ကြီး နိုင်ကောင်းရွက်က ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့ထံ တင်ပြခဲ့သည်ဟု အသိပေးသည်။