Connect with us

Hi, what are you looking for?

သတင်း

တစ်တော့တွင် မင်းအောင်လှိုင်အမည်ပါသူအားရိုက်နှက်မှုရိုက်ကူးသည့် ဆယ်လီဇော်ဝင်းမောင် ဖမ်းဆီးခံရ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အမည်အား ဟာသ တစ်တော့ ရုပ်သံတစ်ခု၌ သုံးစွဲရိုက်ကူးထားသည်ဆိုကာ ၎င်းအား စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များတွင်လှုံ့ဆော်ပြီးနောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

(ဖမ်းဆီးခံရသော တစ်တော့ဆယ်လီ ဇော်ဝင်းမောင်အား တွေ့ရစဥ်)
(ဖမ်းဆီးခံရသော တစ်တော့ဆယ်လီ ဇော်ဝင်းမောင်အား တွေ့ရစဥ်)

မန္တလေးမြို့ရှိ တစ်တော့ဆယ်လီ ဇော်ဝင်းမောင်အား စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားကြောင်း မြို့ခံများက ပြောသည်။

ယနေ့ (ဇူလိုင် ၂၆ရက်) ညနေပိုင်းက မန္တလေးမြို့၊ လမ်း (၄၀)နှင့် (၈၂) လမ်းထောင့်ရှိ တက်တူးဆိုင်၌ ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အမည်အား ဟာသ တစ်တော့ ရုပ်သံတစ်ခု၌ သုံးစွဲရိုက်ကူးထားသည်ဆိုကာ ၎င်းအား စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များတွင်လှုံ့ဆော်ပြီးနောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယင်းရုပ်သံတွင် လူငယ်တစ်ယောက်အား ဝိုင်းရိုက်နေ၍ ဇော်ဝင်းမောင်က ဝင်ရောက်တားဆီးစဥ် နာမည်မေးလိုက်သောအခါ မင်းအောင်လှိုင်ဟု ပြောဆိုလိုက်၍ ၎င်းကပါ ရိုက်နှက်ပုံစံ ရိုက်ကူးထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ ရုပ်သံမှာ လက်တလောကာလတွင် ရိုက်ကူးခြင်းမဟုတ်ဘဲ အာဏာသိမ်းပြီးမကြာမီက ရိုက်ကူးထားခြင်းဖြစ်ပြီး ရုပ်သံဟောင်းအား စစ်ကောင်စီအဖွဲ့သားများက ပြန်လည်ဖော်ပြပြီး ငွေတောင်းခံလိုခြင်းကြောင့် ဖြစ်နိုင်ကြောင်း မြို့ခံအချို့က သုံးသပ်သည်။

“တခြားဘာကိစ္စတွေလည်း ရှိဦးမယ်မသိဘူး။ ပြောရခက်တယ်”ဟု မန္တလေးမြို့ခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုကို ကြံရာပါပြုခြင်း

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လာရောက်ဖို့ဖိတ်ခဲ့တဲ့ ထိုင်းအစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း နဲ့ စစ်တပ် တရားဝင်မှုရရှိအောင် လုပ်ဆောင်မှုတွေ ရပ်တန့်ဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။