Connect with us

Hi, what are you looking for?

သတင်း

ဒိုက်ဦးထောင်မှာ ထောင်ပြောင်းချိန် သတ်ဖြတ်ခံရသူ နိုင်ကျဉ်း ၁၂ ဦးထိရှိလာ

ဒီနေ့ ဇူလိုင်လ ၂၇ ရက်ဟာ ဒိုက်ဦးထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၃၇ဦး ထောင်ပြောင်းရွှေ့မယ်ဆိုပြီး ခေါ်ထုတ်ခံရတာ တစ်လပြည့်တဲ့နေ့လည်းဖြစ်ပါတယ်။

ဒိုက်ဦးထောင်မှာ ထောင်ပြောင်းချိန် သတ်ဖြတ်ခံရသူ နိုင်ကျဉ်း ၁၂ ဦးထိရှိလာ
ဒိုက်ဦးထောင်မှာ ထောင်ပြောင်းချိန် သတ်ဖြတ်ခံရသူ နိုင်ကျဉ်း ၁၂ ဦးထိရှိလာ

ပဲခူးတိုင်း၊ ဒိုက်ဦးထောင် (ကျိုက်စကော) ကနေ ထောင်ပြောင်းရွှေ့ချိန် သတ်ဖြတ်ခံရသူ နိုင်ငံရေးအကျဉ်းသားဦးရေဟာ ၁၂ ဦးထိရှိလာပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

သတ်ဖြတ်ခံရသူ ၁၂ ဦးအနက် ၁၀ ဦး ရဲ့သတင်းကို မိသားစုနဲ့နီးစပ်သူတွေထံက အတည်ပြုနိုင်ထားပြီး ကျန်တဲ့၂ ဦး သတင်းလည်း ထပ်မံ အတည်ပြုနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ဆိုပါတယ်။

ဒီနေ့ ဇူလိုင်လ ၂၇ ရက်ဟာ ဒိုက်ဦးထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၃၇ဦး ထောင်ပြောင်းရွှေ့မယ်ဆိုပြီး ခေါ်ထုတ်ခံရတာ တစ်လပြည့်တဲ့နေ့လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်ညသန်းခေါင်ယံမှာ ဒိုက်ဦးထောင် အဆောင် (၁) နဲ့အဆောင် (၂) က နိုင်ငံရေးအကျဉ်းသား ၃၇ ဦးကို ထောင်ပြောင်းမယ်ဆိုပြီး ခေါ်ထုတ်ခံရတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဲဒီနောက် ရက်သတ္တပတ်အကြာမှာတော့ သေဆုံးသူအချို့ရဲ့ မိသားစုတွေထံ အကျဉ်းထောင်ကအကြောင်းကြားစာပေးပို့တာတွေရှိခဲ့ပါတယ်။

စာထဲမှာ ထောင်ပြောင်းချိန် ကားမှောက်ရာမှာ ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးချိန် သေဆုံးသွားတာလို့ မိသားစုကို အကြောင်း ပြထားတာပါ။

သတ်ဖြတ်ခံရသူ ၁၂ ဦး ဟာ ကိုခန့်လင်းနိုင် ၊ ကိုပြည့်ဖြိုးဟိန်း ၊ ကိုရာလေး ၊ကိုဂျာကြီး ၊ကိုဇင်ဝင်းထွဋ် ၊ ကိုအောင်မျိုးသူ ၊ ကိုဘိုဘိုဝင်း ၊ကိုအာကာထက်ပိုင်မျိုး ၊ကိုအေးကို ၊ ကိုမင်းမျိုး၊ကိုဇီလောင်း ၊ ကိုမင်းဘုန်းမဟာတို့ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အဲဒီ ၁၂ ဦးအနက် ကိုမင်းဘုန်းမဟာ နဲ့ ကိုဇီလောင်း တို့ သတင်းကို ထပ်မံအတည်ပြုနိုင်ဖို့ကြိုးပမ်းနေတယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒိုက်ဦးထောင်ဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းအမှောင်ချထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

လူထုခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အတည်ပြုနိုင်ခဲ့တာကြောင့် မိသားစုနဲ့ တွေ့ဆုံနိုင်ဖို့ နဲ့ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုသွားမယ်လို့ Proof Of Life ကမ်ပိန်းကို ဦးဆောင်တဲ့ All in One Piece Movement က​ကြေညာပါတယ်။