Connect with us

Hi, what are you looking for?

သတင်း

ကျင်ဒွေးသို့ဦးတည်နေသည့် စစ်ကောင်စီတပ်အားတိုက်ခိုက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများ ကန်ပက်လက် CDF ထုတ်ပြန်

ကျင်ဒွေးမြို့ စစ်ကောင်စီတပ်စခန်းသို့ ဦးတည်သည့် စစ်ကြောင်းနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ခဲ့ရာ ကားမိုင်းနှင့် နင်းမိုင်းများစွာ ပေါက်ကွဲခဲ့သည်ဟု ကန်ပက်လက် CDFက ဖော်ပြသည်။

ဓာတ်ပုံ - ကန်ပက်လက် CDF
ဓာတ်ပုံ - ကန်ပက်လက် CDF

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သို့သွားသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ကန်ပက်လက် ချင်းကာကွယ်ရေးတပ်(CDF)နှင့် ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်မှုရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာနေရာရှိ မှတ်တမ်းဓာတ်ပုံများကို ယနေ့ထုတ်ပြန်သည်။

ကျင်ဒွေးမြို့ စစ်ကောင်စီတပ်စခန်းသို့ ဦးတည်သည့် စစ်ကြောင်းနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ခဲ့ရာ ကားမိုင်းနှင့် နင်းမိုင်းများစွာ ပေါက်ကွဲခဲ့သည်ဟု ကန်ပက်လက် CDFက ဖော်ပြသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာများသို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့စဉ် တွေ့ရသော မှတ်တမ်းဓာတ်ပုံများကိုဖော်ပြရာ မိုင်းခွဲတိုက်ခိုက်ခဲ့သည့် နေရာများ၊ စစ်ကောင်စီတပ်ယာဉ်တန်းမှ ကားဘီးထိခိုက်ပျက်စီးမှု အချို့နှင့် ကျည်ခွံများ၊ ပတ်တီးစနှင့် အဝတ်အထည် အပျက်အစီးအချို့ကို ဖော်ပြခဲ့သည်။ ယင်းမှတ်တမ်းဓာတ်ပုံတွင် အရံမီးသတ်တပ်ဖွဲ့၏ ယူနီဖောင်း ပျက်စီးမှုကိုလည်း တွေ့ရသည်။

ဓာတ်ပုံ - ကန်ပက်လက် CDF
ဓာတ်ပုံ – ကန်ပက်လက် CDF

စစ်ကောင်စီတပ်မှ အင်အား ၃၀၀ခန့်ရှိသည့် စစ်ကြောင်းသည်ဆောမြို့နယ်မှ ကျင်ဒွေးသို့ ဇူလိုင်လလယ်ကတည်းက ထွက်ခွာလာခြင်းဖြစ်ပြီး ဆောနယ်နှင့်ကန်ပက်လက်နယ်အတွင်း၌ ဒေသခံ ကာကွယ်ရေး ပူးပေါင်းအဖွဲ့က တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - ကန်ပက်လက် CDF
ဓာတ်ပုံ – ကန်ပက်လက် CDF

ထို့ပြင် ကန်ပက်လက်မြို့မှ တပ်ချိန်းပြီး ဆောမြို့နယ် ကျောက်ထုသို့ ပြန်လာသည့် စစ်ကောင်စီတပ်ကိုလည်း ကာကွယ်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများဖြစ်ခဲ့သည်။

Public Service Announcement
Public Service Announcement

ဆောနယ်မှ ထွက်လာသည့် စစ်ကြောင်းသည် ကျောက်ထုအမြောက်တပ်သို့ ရောက်ရှိပြီဖြစ်ကြောင်း ဆောနယ်ဒေသခံက ပြောသည်။ ကျင်ဒွေးကိုသွားသည့်တပ်သည် ကျင်ဒွေးမြို့သို့ မရောက်သေးဟု သိရကြောင်း ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်