Connect with us

Hi, what are you looking for?

သတင်း

ထိုင်း – မြန်မာနယ်စပ်မျဉ်းပေါ်ရှိ စစ်ကောင်စီတပ်၏ မူဂျာထိပ်စခန်းကို မောင်းသူမဲ့ယာဥ်ငယ်ဖြင့် ဗုံးကြဲတိုက်ခိုက်

ယမန်နေ့(ဇူလိုင် ၂၈)နံနက် ၈နာရီခွဲခန့်က ထိုင်း – မြန်မာနယ်စပ်မျဉ်းပေါ်ရှိ စစ်ကောင်စီတပ်၏ မူဂျာထိပ်စခန်းကို MSRF၊ YAF၊ ထားဝယ်ခရိုင်အမှတ်(၂) တပ်ရင်း (T-5)၊ KB PDF၊ TPLF၊ ဒေါနစစ်ကြောင်းနှင့် ABSDF(တပ်ရင်း -၁)တို့ ပူးပေါင်းပြီး SF-Z လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မောင်းသူမဲ့ယာဥ်ငယ်တွင် ဗုံးသီးတပ်ဆင်နေစဥ်
မောင်းသူမဲ့ယာဥ်ငယ်တွင် ဗုံးသီးတပ်ဆင်နေစဥ်

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့အခြေစိုက် စစ်ကောင်စီ၏ မူဂျာထိပ်စခန်းကို PDF ပူးပေါင်းစစ်ကြောင်းက SF-Z မောင်းသူမဲ့ယာဥ်ငယ်ဖြင့် ဗုံးသီးခြောက်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(ဇူလိုင် ၂၈)နံနက် ၈နာရီခွဲခန့်က ထိုင်း – မြန်မာနယ်စပ်မျဉ်းပေါ်ရှိ စစ်ကောင်စီတပ်၏ မူဂျာထိပ်စခန်းကို MSRF၊ YAF၊ ထားဝယ်ခရိုင်အမှတ်(၂) တပ်ရင်း (T-5)၊ KB PDF၊ TPLF၊ ဒေါနစစ်ကြောင်းနှင့် ABSDF(တပ်ရင်း -၁)တို့ ပူးပေါင်းပြီး SF-Z လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ မူဂျာထိပ်စခန်းတည်နေရာမြေပုံ
စစ်ကောင်စီ၏ မူဂျာထိပ်စခန်းတည်နေရာမြေပုံ

“လက်နက်ကြီးကုန်းလို့ ယူဆရတဲ့နေရာကို စစ်ရေးပစ်မှတ်အဖြစ်ရွေးချယ် တိုက်ခိုက်ခဲ့တာပါ။ ဒီကောင်တွေဘက်က(စခန်းမှာ)တပ်ခွဲတစ်ခွဲစာ အင်အားရှိနေပါတယ်။ သေချာကင်မရာနဲ့ကြည့်ပြီး ချတာဆိုတော့ ထိခိုက်မှုရှိမှာပါ”ဟု မူဂျာထိပ်စခန်းတိုက်ခိုက်မှုအခြေအနေအား MSRF မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

ယခုစစ်ဆင်ရေးကို “မိုးကြိုးစစ်ဆင်ရေး”အဖြစ် အမည်ပေးထားပြီး မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း အခြေစိုက် တော်လှန်ရေးမဟာမိတ်အင်အားစုများ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကာ တောင်ပိုင်းစစ်ဒေသခွဲ-၃ ၏ မဟာဗျူဟာလုပ်ငန်းစဉ်မှ စစ်ရေးရည်မှန်းချက်တစ်ခုအား ဖော်ဆောင်ခြင်းလည်းဖြစ်ကြောင်း MSRFက အသိပေးသည်။

Public Service Announcement

Public Service Announcement

တောင်ပိုင်းစစ်ဒေသခွဲ-၃ ၏ မဟာဗျူဟာလုပ်ငန်းစဉ်မှ SF-Z မောင်းသူမဲ့ယာဥ်ငယ်အသုံးသည့် ပထမဆုံးစစ်ဆင်ရေးအဖြစ် ဇူလိုင် ၁၄ရက်တွင် မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံအမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ – ၁၉) ၊ ခလရ – ၆၁ နှင့် အမြှောက်တပ်(အမတ – ၃၁၆)တို့ကို PDF ပူးပေါင်းစစ်ကြောင်းမှ ဗုံးသီးလေးလုံးကြဲချတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...