Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်ပြည်နယ်မှ စစ်ကိုင်းစစ်မျက်နှာပြင်​ရောက်လာ​သော Federal Wings

အဆိုပါတိုက်ခိုက်မှုတွင် ရဲစခန်းအဆောက်အအုံ (၂) လုံး နှင့် ထွေအုပ်ရုံးအဆောက်အအုံ (၃) လုံးတို့အပေါ် တိုက်ရိုက်ထိမှန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများ ရှိကြောင်း သိရသည်ဟု ထုတ်ပြန်ထားသည်။

(Federal Wings ၏ ဒရုန်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-FW)
(Federal Wings ၏ ဒရုန်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-FW)

▪︎မြင်းမူမြို့တွင် Jammer တက်ထား​သော ရဲစခန်းနှင့်​ထွေအုပ်ရုံးကို ဒရုန်းဖြင့်တိုက်ခိုက်

ကရင်ပြည်နယ်တွင် အ​ခြေစိုက်တိုက်ပွဲဝင်ခဲ့​သာ Federal Wings ဒရုန်းတပ်ဖွဲ့ သည် စစ်ကိုင်းတိုင်းစစ်မျက်နှာပြင်သို့​​ရောက်လာပြီး တစ်ပါတ်အတွင်း စစ်​ကောင်စီ ပစ်မှတ် ၃ ခုကိုတိုက်ခိုက်ခဲ့​​ကြောင်း ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၄)နှင့် တပ်မဟာ(၆)နယ်မြေများ၌တိုက်ပွဲဝင်ခဲ့သည့် Federal Wings တပ်ဖွဲ့သည် စစ်ကိုင်းတိုင်းအတွင်း ပထမဆုံးတိုက်ပွဲအဖြစ်ဇွန်လ ၁၈ရက်နှင့် ၁၉ရက်နေ့များတွင် စစ်ကိုင်းမြို့နယ် မန္တလေး- မုံရွာ ကားလမ်းမကြီးဘေးရှိ ညောင်ပင်ဝန်း ရဲစခန်းကို ဗုံးသီးချ တိုက်ခိုက်ခဲ့သည်။

(Federal Wings ၏ ဒရုန်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-FW)
(Federal Wings ၏ ဒရုန်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-FW)

အဆိုပါစစ်ဆင်ရေးအားစစ်ကိုင်းခရိုင်ကွပ်ကဲရေးအဖွဲ့၏ ကွပ်ကဲမှုခံယူ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်းFederal Wings ကအသိပေးထားသည်။တိုက်ခိုက်မှုတွင် စစ်​ကောင်စီတပ် ထိခိုက်​သေဆုံးမှုအ​ခြေအ​နေကို မသိရ​သေးဟုဆိုသည်။

ထိုအပြငိ ဇွန်လ ၂၄ရက် ညဦးပိုင်းကလည်း စစ်ကိုင်းတိုင်း မြင်းမူမြို့မရဲစခန်းနှင့် မြင်းမူမြို့နယ် ထွေအုပ်ရုံးတို့ကိုကြောင်းFederal Wings ဒရုန်းတပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် မြင်းမူ ရဲစခန်းနှင့် ထွေအုပ်ရုံး ရှိ အဆောက်အဦး ထိခိုက်မှုရှိခဲသည်ဟုယ​နေ့ (ဇွန် ၂၆ တွင်)ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

(Federal Wings ၏ ဒရုန်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-FW)
(Federal Wings ၏ ဒရုန်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-FW)

အဆိုပါတိုက်ခိုက်မှုတွင် ရဲစခန်းအဆောက်အအုံ (၂) လုံး နှင့် ထွေအုပ်ရုံးအဆောက်အအုံ (၃) လုံးတို့အပေါ် တိုက်ရိုက်ထိမှန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများ ရှိကြောင်း သိရသည်ဟု ထုတ်ပြန်ထားသည်။

ထိခိုက်ပျက်စီမှု အသေးစိတ်အား ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းလည်း အသိပေးထားသည်။

မြင်းမူမြို့ခံတစ်ဦးကလည်း”အထိခိုက်ကတော့မသိရဘူးဗျ။ ထွေအုပ်ရုံးနဲ့ရဲစခန်းဝင်းလို့ကြားတယ်။”ဟုပြောသည်။

အဆိုပါ ရဲစခန်းနှင့် ထွေအုပ်ရုံးသည် စစ်ကောင်စီတပ်ဖွဲ့များစခန်းချတပ်စွဲသည့်နေရာများဖြစ်ပြီး Drone Jammer များဖြင့် ကာကွယ်ထားသောနေရာများဖြစ်ကြောင်းလည်းသိရသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ဆင်ရေးများနှင့်ပတ်သက်ပြီး မေးမြန်းရန် Federal Wings သို့ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။