Connect with us

Hi, what are you looking for?

သတင်း

ကရင်ပြည်နယ်မှ စစ်ကိုင်းစစ်မျက်နှာပြင်​ရောက်လာ​သော Federal Wings

အဆိုပါတိုက်ခိုက်မှုတွင် ရဲစခန်းအဆောက်အအုံ (၂) လုံး နှင့် ထွေအုပ်ရုံးအဆောက်အအုံ (၃) လုံးတို့အပေါ် တိုက်ရိုက်ထိမှန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများ ရှိကြောင်း သိရသည်ဟု ထုတ်ပြန်ထားသည်။

(Federal Wings ၏ ဒရုန်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-FW)
(Federal Wings ၏ ဒရုန်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-FW)

▪︎မြင်းမူမြို့တွင် Jammer တက်ထား​သော ရဲစခန်းနှင့်​ထွေအုပ်ရုံးကို ဒရုန်းဖြင့်တိုက်ခိုက်

ကရင်ပြည်နယ်တွင် အ​ခြေစိုက်တိုက်ပွဲဝင်ခဲ့​သာ Federal Wings ဒရုန်းတပ်ဖွဲ့ သည် စစ်ကိုင်းတိုင်းစစ်မျက်နှာပြင်သို့​​ရောက်လာပြီး တစ်ပါတ်အတွင်း စစ်​ကောင်စီ ပစ်မှတ် ၃ ခုကိုတိုက်ခိုက်ခဲ့​​ကြောင်း ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၄)နှင့် တပ်မဟာ(၆)နယ်မြေများ၌တိုက်ပွဲဝင်ခဲ့သည့် Federal Wings တပ်ဖွဲ့သည် စစ်ကိုင်းတိုင်းအတွင်း ပထမဆုံးတိုက်ပွဲအဖြစ်ဇွန်လ ၁၈ရက်နှင့် ၁၉ရက်နေ့များတွင် စစ်ကိုင်းမြို့နယ် မန္တလေး- မုံရွာ ကားလမ်းမကြီးဘေးရှိ ညောင်ပင်ဝန်း ရဲစခန်းကို ဗုံးသီးချ တိုက်ခိုက်ခဲ့သည်။

(Federal Wings ၏ ဒရုန်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-FW)
(Federal Wings ၏ ဒရုန်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-FW)

အဆိုပါစစ်ဆင်ရေးအားစစ်ကိုင်းခရိုင်ကွပ်ကဲရေးအဖွဲ့၏ ကွပ်ကဲမှုခံယူ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်းFederal Wings ကအသိပေးထားသည်။တိုက်ခိုက်မှုတွင် စစ်​ကောင်စီတပ် ထိခိုက်​သေဆုံးမှုအ​ခြေအ​နေကို မသိရ​သေးဟုဆိုသည်။

ထိုအပြငိ ဇွန်လ ၂၄ရက် ညဦးပိုင်းကလည်း စစ်ကိုင်းတိုင်း မြင်းမူမြို့မရဲစခန်းနှင့် မြင်းမူမြို့နယ် ထွေအုပ်ရုံးတို့ကိုကြောင်းFederal Wings ဒရုန်းတပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် မြင်းမူ ရဲစခန်းနှင့် ထွေအုပ်ရုံး ရှိ အဆောက်အဦး ထိခိုက်မှုရှိခဲသည်ဟုယ​နေ့ (ဇွန် ၂၆ တွင်)ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

(Federal Wings ၏ ဒရုန်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-FW)
(Federal Wings ၏ ဒရုန်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-FW)

အဆိုပါတိုက်ခိုက်မှုတွင် ရဲစခန်းအဆောက်အအုံ (၂) လုံး နှင့် ထွေအုပ်ရုံးအဆောက်အအုံ (၃) လုံးတို့အပေါ် တိုက်ရိုက်ထိမှန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများ ရှိကြောင်း သိရသည်ဟု ထုတ်ပြန်ထားသည်။

ထိခိုက်ပျက်စီမှု အသေးစိတ်အား ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းလည်း အသိပေးထားသည်။

မြင်းမူမြို့ခံတစ်ဦးကလည်း”အထိခိုက်ကတော့မသိရဘူးဗျ။ ထွေအုပ်ရုံးနဲ့ရဲစခန်းဝင်းလို့ကြားတယ်။”ဟုပြောသည်။

အဆိုပါ ရဲစခန်းနှင့် ထွေအုပ်ရုံးသည် စစ်ကောင်စီတပ်ဖွဲ့များစခန်းချတပ်စွဲသည့်နေရာများဖြစ်ပြီး Drone Jammer များဖြင့် ကာကွယ်ထားသောနေရာများဖြစ်ကြောင်းလည်းသိရသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ဆင်ရေးများနှင့်ပတ်သက်ပြီး မေးမြန်းရန် Federal Wings သို့ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။