Connect with us

Hi, what are you looking for?

သတင်း

ထိုင်း – မြန်မာနယ်စပ်မျဉ်းပေါ်ရှိ စစ်ကောင်စီတပ်၏ မူဂျာထိပ်စခန်းကို မောင်းသူမဲ့ယာဥ်ငယ်ဖြင့် ဗုံးကြဲတိုက်ခိုက်

ယမန်နေ့(ဇူလိုင် ၂၈)နံနက် ၈နာရီခွဲခန့်က ထိုင်း – မြန်မာနယ်စပ်မျဉ်းပေါ်ရှိ စစ်ကောင်စီတပ်၏ မူဂျာထိပ်စခန်းကို MSRF၊ YAF၊ ထားဝယ်ခရိုင်အမှတ်(၂) တပ်ရင်း (T-5)၊ KB PDF၊ TPLF၊ ဒေါနစစ်ကြောင်းနှင့် ABSDF(တပ်ရင်း -၁)တို့ ပူးပေါင်းပြီး SF-Z လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မောင်းသူမဲ့ယာဥ်ငယ်တွင် ဗုံးသီးတပ်ဆင်နေစဥ်
မောင်းသူမဲ့ယာဥ်ငယ်တွင် ဗုံးသီးတပ်ဆင်နေစဥ်

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့အခြေစိုက် စစ်ကောင်စီ၏ မူဂျာထိပ်စခန်းကို PDF ပူးပေါင်းစစ်ကြောင်းက SF-Z မောင်းသူမဲ့ယာဥ်ငယ်ဖြင့် ဗုံးသီးခြောက်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(ဇူလိုင် ၂၈)နံနက် ၈နာရီခွဲခန့်က ထိုင်း – မြန်မာနယ်စပ်မျဉ်းပေါ်ရှိ စစ်ကောင်စီတပ်၏ မူဂျာထိပ်စခန်းကို MSRF၊ YAF၊ ထားဝယ်ခရိုင်အမှတ်(၂) တပ်ရင်း (T-5)၊ KB PDF၊ TPLF၊ ဒေါနစစ်ကြောင်းနှင့် ABSDF(တပ်ရင်း -၁)တို့ ပူးပေါင်းပြီး SF-Z လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ မူဂျာထိပ်စခန်းတည်နေရာမြေပုံ
စစ်ကောင်စီ၏ မူဂျာထိပ်စခန်းတည်နေရာမြေပုံ

“ လက်နက်ကြီးကုန်းလို့ ယူဆရတဲ့နေရာကို စစ်ရေးပစ်မှတ်အဖြစ်ရွေးချယ် တိုက်ခိုက်ခဲ့တာပါ။ ဒီကောင်တွေဘက်က(စခန်းမှာ)တပ်ခွဲတစ်ခွဲစာ အင်အားရှိနေပါတယ်။ သေချာကင်မရာနဲ့ကြည့်ပြီး ချတာဆိုတော့ ထိခိုက်မှုရှိမှာပါ” ဟု မူဂျာထိပ်စခန်းတိုက်ခိုက်မှုအခြေအနေအား MSRF မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

ယခုစစ်ဆင်ရေးကို “ မိုးကြိုးစစ်ဆင်ရေး” အဖြစ် အမည်ပေးထားပြီး မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း အခြေစိုက် တော်လှန်ရေးမဟာမိတ်အင်အားစုများ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကာ တောင်ပိုင်းစစ်ဒေသခွဲ-၃ ၏ မဟာဗျူဟာလုပ်ငန်းစဉ်မှ စစ်ရေးရည်မှန်းချက်တစ်ခုအား ဖော်ဆောင်ခြင်းလည်းဖြစ်ကြောင်း MSRFက အသိပေးသည်။

Public Service Announcement

Public Service Announcement

တောင်ပိုင်းစစ်ဒေသခွဲ-၃ ၏ မဟာဗျူဟာလုပ်ငန်းစဉ်မှ SF-Z မောင်းသူမဲ့ယာဥ်ငယ်အသုံးသည့် ပထမဆုံးစစ်ဆင်ရေးအဖြစ် ဇူလိုင် ၁၄ရက်တွင် မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံအမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ – ၁၉) ၊ ခလရ – ၆၁ နှင့် အမြှောက်တပ်(အမတ – ၃၁၆)တို့ကို PDF ပူးပေါင်းစစ်ကြောင်းမှ ဗုံးသီးလေးလုံးကြဲချတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနဲ့ တကျော့ပြန် ဆက်ဆံရေး တင်းမာလာချိန်မှာ ကမ္ဘောဒီးယားဟာ နယ်စပ်ကျေးရွာ တစ်ခုကို ရွာလုံးကျွတ် ရွှေ့ပြောင်းစေခဲ့ကြောင်း သိရပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ပြီးခဲ့တဲ့လကမှ စစ်ပြေငြိမ်းရေး စာချုပ် ချုပ်ဆိုထားပေမယ့် ထိုင်းနဲ့ ကမ္ဘောဒီးယားကြားက နယ်စပ် တင်းမာမှုတွေဟာ အခုရက်ပိုင်းအတွင်း သိသိသာသာ ပြန်လည် မြင့်တက်လာနေပါတယ်။

သတင်း

အွန်လိုင်း​ငွေလိမ်လုပ်ငန်း (ကျားဖြန့်)မြို့တော်တစ်ခုအဖြစ် သတ်မှတ်ခံရတဲ့ ရွှေကုက္ကို မြို့သစ် စီမံကိန်းမှာ အဓိက ရင်းနှီးမြှုပ်နှံသူ စီးပွားရေး လုပ်ငန်းရှင် တရုတ်-ကမ္ဘောဒီးယား နိုင်ငံသား ရှီကျီကျန်းကို ဒီနေ့ (နိုဝင်ဘာ ၁၂ ရက်) ညနေပိုင်းမှာ ထိုင်းအာဏာပိုင်တွေက တရုတ်ဆီ ပြန်လွှဲပေးဖို့ စီစဉ်ထားပါတယ်။

သတင်း

ဒုစရိုက် မြို့တော်လို့ နာမည်ဆိုးတွင်တဲ့ ရွှေကုက္ကို မြို့သစ် စီမံကိန်းရဲ့ အဓိက ရင်းနှီးမြှုပ်နှံသူလို့ သတ်မှတ်ခံရတဲ့ စီးပွားရေး လုပ်ငန်းရှင်ကို တရုတ်နိုင်ငံဆီ ပြန်လည် လွှဲပြောင်းပေးတော့မယ်လို့ ထိုင်းနိုင်ငံက အတည်ပြု ကြေညာခဲ့ပါတယ်။