Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့နယ်ရှိ စစ်ကောင်စီဂိတ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ တိုက်ခိုက်

ကံပြားကျေးရွာစစ်ကောင်စီဂိတ်သည် ဒီပဲယင်းမြို့အဝင် တ‌စ်နေရာတွင် ရှိပြီး စစ်ကောင်စီတပ် အခိုင်အမာတပ်စွဲထားသည်ဟု သိရသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - ရိုက်တာ)
(စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - ရိုက်တာ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကံပြားကျေးရွာရှိ စစ်ကောင်စီဂိတ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးကြောင်း သတင်းရရှိသည်။

ကံပြားကျေးရွာရှိ စစ်ကောင်စီဂိတ်ကို ဇူလိုင် ၃၀ရက် နေ့လယ်က တိုက်ခိုက်ခဲ့ခြင်းဟု ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ငါးကောင်သေတာ အတည်ပြုနိုင်ပါတယ်။ စခန်းကိုပြုတ်အောင် တိုက်တာပါ။ ဒါပေမယ့် အခြေအနေအရ လက်လျှော့ခဲ့ရတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement
Public Service Announcement

ကံပြားကျေးရွာစစ်ကောင်စီဂိတ်သည် ဒီပဲယင်းမြို့အဝင် တ‌စ်နေရာတွင် ရှိပြီး စစ်ကောင်စီတပ် အခိုင်အမာတပ်စွဲထားသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ဇွန်လ ၃၀ရက်ကလည်း ဒီပဲယင်းမြို့နယ် စိုင်ပြင်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်လေးဖွဲ့က တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်လေးဦသေဆုံးသွားခဲ့သည်။

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်း၌ စစ်ကိုင်းတိုင်းအတွင်း ယင်းမာပင်၊ ဘုတလင်၊ ‌ ပုလဲ၊ ရွှေဘို၊ ရေဦးနှင့်ထီးချိုင့် မြို့နယ်တို့ကို စစ်ကြောင်းထိုးနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။