Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်လွတ်လာရင်တောင် မူဝါဒမပြောင်းဘူးလို့ NUG ဆို

နွေဦးတော်လှန်ရေး ဦးဆောင်ကဏ္ဍ မှာရှိတဲ့ အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) နဲ့ NUG အစိုးရတို့ မနေ့ က ပြုလုပ်တဲ့အထူးအစည်းအဝေးမှာ ပြောခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်လွတ်လာရင်တောင် မူဝါဒမပြောင်းဘူးလို့ NUG ဆို
ဒေါ်အောင်ဆန်းစုကြည်လွတ်လာရင်တောင် မူဝါဒမပြောင်းဘူးလို့ NUG ဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ရင်တောင် NUG အစိုးရအနေနဲ့ မူဝါဒ ပြောင်းလဲမှာမဟုတ်ဘူးလို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အတိအလင်းပြောလိုက်ပါတယ်။

နွေဦးတော်လှန်ရေး ဦးဆောင်ကဏ္ဍ မှာရှိတဲ့ အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) နဲ့ NUG အစိုးရတို့ မနေ့ က ပြုလုပ်တဲ့အထူးအစည်းအဝေးမှာ ပြောခဲ့တာပါ။

“ဒေါ်အောင်ဆန်းစုကြည် ထွက်လာရင် ပြောင်းသွားမလားမေးကြတာ ရှိပါတယ်။ ကျနော်တို့ လုံးဝမပြောင်းပါဘူး”လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆိုပါတယ်။

မန်းဝင်းခိုင်သန်းဟာ NLD အစိုးရ လက်ထက်မှာအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခံရသူပါ။

Public Service Announcement

Public Service Announcement

” ပြည်သူလူထုဆန္ဒအတိုင်းသွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူလူထုဆန္ဒကို အလေးထားပါတယ်” လို့ မန်းဝင်းခိုင်သန်းက ဆိုပါတယ်။

စစ်အုပ်စု ပြုတ်ကျရေးလိုတယ်လို့ မနေ့ကကျင်းပတဲ့ အထူးအစည်းအဝေးကတဆင့် အသိပေးထားပါတယ်။

” ဝိုင်းဝန်းဆောင်ရွက်ကြရင်မဖြစ်နိုင်စရာမရှိပါဘူး”လို့လည်း မန်းဝင်းခိုင်သန်းက ဆိုပါတယ်။

နေပြည်တော်အချုပ်ထောင်မှာ ထောင်သွင်းအကျဉ်းချထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို စစ်ကောင်စီက နေပြည်တော် နေအိမ်တစ်လုံးဆီ ရွှေ့ပြောင်းလိုက်တယ်ဆိုတဲ့သတင်းတွေ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းထွက်ပေါ်ခဲ့ပါတယ်။

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး ကြုံတွေ့နေရတဲ့ အကျပ်အတည်းကို လျော့ချဖို့ နိုင်ငံရေးကစားလာနိုင်တယ်လို့ သုံးသပ်တာတွေလည်းရှိနေပါတယ်။

ဒါပေမယ့် စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ဒေါ်အောင်ဆန်းစုကြည်ကိုနေရာရွှေ့တယ်ဆိုတဲ့ သတင်းကို ငြင်းဆိုထားပါတယ်။

အဲဒီသတင်းတွေကို” တစုံတရာ ကြားသိရမှုမရှိပါဘူး” လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့တဲ့သောကြာနေ့ ဇူလိုင် ၂၈ရက် မှာ VOA မြန်မာပိုင်းသတင်းဌာနကို ဖြေကြားထားတာပါ။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ထိုင်၀မ်နိုင်ငံ Sun Yat-Sen Memorial hall မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။