Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ လွတ်ငြိမ်းမှာ ထောင်ဒဏ်စေ့ခါနီး နိုင်ကျဉ်း ရာဂဏန်းသာပါဝင်

ထောင်ကျနေသူ ၇၇၄၉ ဦးကို လွှတ်ပေးရာမှာ နိုင်ငံရေးအကျဉ်းသားပါဝင်မှုပမာဏကို စာရင်းကောက်ယူရာ ဒီနေ့မနက် ၁၀ နာရီအထိ ၁၂၀ ဦးကျော်သာအတည်ပြုနိုင်ထားတယ်လို့ AAPP ကဆိုပါတယ်။

သြဂုတ်လ ၁ ရက်နေ့ လွတ်ငြိမ်းပေးရာ အင်းစိန်ထောင်ရှေ့မြင်ကွင်း
သြဂုတ်လ ၁ ရက်နေ့ လွတ်ငြိမ်းပေးရာ အင်းစိန်ထောင်ရှေ့မြင်ကွင်း

စစ်ကောင်စီရဲ့လွတ်ငြိမ်း မှာ နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော်သာ ပါဝင်လာတာကိုအတည်ပြုနိုင်ထားပြီး အများစုဟာ ထောင်ဒဏ်စေ့ခါနီးသူတွေဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်‌ရေးအသင်း(AAPP)က ဒီနေ့မှာ အသိပေးပါတယ်။

ထောင်ကျနေသူ ၇၇၄၉ ဦးကို လွှတ်ပေးရာမှာ နိုင်ငံရေးအကျဉ်းသားပါဝင်မှုပမာဏကို စာရင်းကောက်ယူရာ ဒီနေ့မနက် ၁၀ နာရီအထိ ၁၂၀ ဦးကျော်သာအတည်ပြုနိုင်ထားတယ်လို့ AAPP ကဆိုပါတယ်။

လွတ်မြောက်လာသူတွေထဲ နိုင်ငံရေးအကျဉ်းသားတွေပါဝင်မှု ရှိမရှိ စိစစ်အတည်ပြုတာကို အဟန့်အတားဖြစ်စေဖို့ လွှတ်ပေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့အချက်အလက်ကို စစ်ကောင်စီဘက်ကပွင့်ပွင့်လင်းလင်းထုတ်ပြန်တာမျိုးမရှိဘူးလို့ AAPP က ထောက်ပြပါတယ်။

လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ မတရားဖမ်းခံရသူတွေသာဖြစ်တယ်လို့လည်း AAPPက မှတ်ချက်ပြုထားပါသေးတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာလည်း ချထားတဲ့ထောင်ဒဏ်စေ့ဖို့ လပိုင်းလောက်ပဲ ကျန်တော့တဲ့ သူတွေဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒီကနေ့ ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ နော်ဝေနဲ့ ဆီနီဂေါအသင်းပွဲစဉ်မှာ ကွင်းအတွင်းသွားရောက်ကြည့်ခဲ့တဲ့ မြန်မာအချို့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာ့နိုင်ငံရေးပြဿနာများ ငြိမ်းချမ်းစွာပြေလည်စေရေးအတွက် အထူးဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အဓိကထား ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မိတ်ဆွေနိုင်ငံတွကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်၊ အစိုးရတွေက ဒီကနေ့မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ ‌မွေးနေ့ရှင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတကာသံရုံးတွေက တောင်းဆိုထားကြပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်