Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွေးကောက်ပွဲဝင် အီကွေဒေါ သမ္မတလောင်းတစ်ဦး ပစ်ခတ်လုပ်ကြံခံရ

အသက် ၅၉ နှစ်အရွယ် ဗီလာဗီဆန်စီယိုဟာ ရွေးကောက်ပွဲအကြို လူထုအမြင် စစ်တမ်းတွေမှာ အရမ်းအားကောင်းတဲ့ သမ္မတလောင်း တစ်ဦးမဟုတ်ဘဲ ထောက်ခံမှု ၇.၅ ရာခိုင်နှုန်း ဝန်းကျင်သာ ရထားတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲဝင် အီကွေဒေါ သမ္မတလောင်းတစ်ဦး ပစ်ခတ်လုပ်ကြံခံရ
ရွေးကောက်ပွဲဝင် အီကွေဒေါ သမ္မတလောင်းတစ်ဦး ပစ်ခတ်လုပ်ကြံခံရ

အီကွေဒေါ ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မယ့် လွှတ်တော် အမတ်တဦးဟာ သေနတ်နဲ့ ပစ်ခတ် လုပ်ကြံ ခံရလို့ သေဆုံးသွားခဲ့ပါတယ်။

နိုင်ငံမြောက်ပိုင်းက ကွင်တိုမြို့မှာ မဲဆွယ်စည်းရုံး လှုပ်ရှားမှု ပြုလုပ်နေတဲ့အချိန် ဖာနန်ဒို ဗီလာဗီဆန်စီယိုကို လုပ်ကြံမှု ဖြစ်ပွားခဲ့တာပါ။ ဗီလာဗီဆန်စီယိုဟာ ကားတစ်စီးဆီ အသွားမှာ လူအုပ်ထဲက လူတစ်ယောက် ရှေ့ထွက်လာပြီး ခေါင်းကို သေနတ်နဲ့ ချိန်ပစ်ခဲ့တာလို့ သူ့ရဲ့ မဲဆွယ်မှုတွေမှာ ကူညီပေးနေသူ တစ်ယောက်က ပြောပါတယ်။

ဗီလာဗီဆန်စီယို သေဆုံးကြောင်း သတင်းကို လက်ရှိ သမ္မတ ဂွီလာမို လက်ဆိုက လူမှုကွန်ရက် မီဒီယာမှာ အတည်ပြု ဖော်ပြခဲ့ပါတယ်။

မျက်မြင်တွေက သေနတ်သမားဟာ ဗီလာဗီဆန်စီယိုကို ၃ ချက် ပစ်ခတ်ခဲ့ပြီး လူအုပ်ကြားထဲ ရောနှောဝင်ရောက်ပြီး ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

တောင်အမေရိက နိုင်ငံတစ်ခုဖြစ်တဲ့ အီကွေဒေါရဲ့ ရွေးကောက်ပွဲ ပထမအဆင့်ကို ဩဂုတ် ၂၀ ရက်နေ့မှာ စတင် ကျင်းပမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်တဲ့ သမ္မတ လက်ဆိုက အခု လုပ်ကြံမှုကို အရမ်း ဒေါသထွက်မိကြောင်း ပြောကြားခဲ့ပြီး အပြစ်ရှိသူတိုင်းကို ဖော်ထုတ် အရေးယူသွားမယ်လို့ ပြောပါတယ်။

အသက် ၅၉ နှစ်အရွယ် ဗီလာဗီဆန်စီယိုဟာ ရွေးကောက်ပွဲအကြို လူထုအမြင် စစ်တမ်းတွေမှာ အရမ်းအားကောင်းတဲ့ သမ္မတလောင်း တစ်ဦးမဟုတ်ဘဲ ထောက်ခံမှု ၇.၅ ရာခိုင်နှုန်း ဝန်းကျင်သာ ရထားတယ်လို့ သိရပါတယ်။

အီကွေဒေါဟာ ရာဇဝတ်ဂိုဏ်းတွေက ကျူးလွန်တဲ့ သတ်ဖြတ်မှုတွေကို ဆိုးဆိုးရွားရွား တွေ့ကြုံ ခံစားနေရတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး သမ္မတ လက်ဆိုဟာ အခြေအနေ အကြမ်းတမ်းဆုံး ပြည်နယ် ၃ ခုမှာ ညမထွက်ရ အမိန့်တွေပါ ထုတ်ပြန်ထားရပါတယ်။

ဗီလာဗီဆန်စီယိုဟာ ဂျာနယ်လစ်ဟောင်း တစ်ဦးလည်းဖြစ်ပြီး သူ့ရဲ့ ပရော်ဖက်ရှင်နယ် ဘဝတလျှောက် အဓိကထားခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကဏ္ဍကို ရွေးကောက်ပွဲ မဲဆွယ်မှုတွေမှာ အသားပေးထားခဲ့ပါတယ်။ သူဟာ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေနဲ့ ဆက်နွှယ်တဲ့ ဒေသခံ ရာဇဝတ် ဂိုဏ်းခေါင်းဆောင် တစ်ဦးဆီက အသက်အန္တရာယ် ခြိမ်းခြောက် ရာဇသံပေးမှုကိုလည်း လောလောလတ်လတ် ကြုံတွေ့ထားခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။