Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် အထိနာ

တိုက်ပွဲဖြစ်ပွားရာ ဒေသနှင့်နီးစပ်သည့် ဒေါညင်းခူ – ထီးပေါ့ဆို လမ်းပိုင်း လုံးဝအသုံးမပြုရန် နှင့် ယာယီပိတ်ထားမည်ဟု KNDF က ထုတ်ပြန်ထားသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - ဓာတ်ပုံ - JFK)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - ဓာတ်ပုံ - JFK)

▪️လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးမှုများပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း ကရင်နီစစ်ရေး သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(သြဂုတ် ၁၀ရက်) ဒီးမော့ဆိုမြို့နယ်တိုက်ပွဲ၌ မြေပြင်သေဆုံးသူများပြားသည့် စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“အသေးစိတ်ကိုတော့ သက်ဆိုင်ရာတပ်ဖွဲ့တွေ ထုတ်ပြန်ပါလိမ့်မယ်။ကျွန်တော်တို့ ရရှိတဲ့အချက်အလက် ဓာတ်ပုံတွေအရတော့ စကစဘက်က စစ်ကြောင်းကို KA ၊KNDFနဲ့ PDFတွေ ပေါင်းတိုက်တယ်။စစ်ကောင်စီဘက်က အလောင်းတွေရော၊လက်နက်တွေရော အများအပြားကျန်ခဲ့တယ်။လေယာဥ်လာလို့ လက်နက်တချို့လောက်ပဲ ကျန်တယ်”ဟု ကရင်နီတပ်ပေါင်းစုနှင့် နီးစပ်သူက ပြောသည်။

ယမန်နေ့က စစ်ကောင်စီ၏ လေကြောင်းမှ တိုက်ခိုက်မှုသည် နေ့လယ် ၂ နာရီခန့်ကစ၍ ၄ နာရီ ၁၅ မိနစ်ခန့်အထိ သုံးကြိမ်တိုင် တိုက်လေယာဥ် များ အသုံးပြု၍ ဗုံးကြဲခဲ့ကြောင်း ၎င်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

“ဒီးမော့ဆို သဲတောင်ဒေသကို ကြဲတာ။လူအထိအခိုက်မရှိဘူး သိရတယ်။ဒီနေ့ မနက်အစော ၃ နာရီခွဲလောက်ကလည်း လေယာဥ်လာသေးတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

သို့သော် ယမန်နေ့က ဒီးမော့ဆိုတိုက်ပွဲနှင့် ဆက်စပ်၍ သက်ဆိုင်ရာ တပ်ဖွဲ့များက ထုတ်ပြန်ခြင်းမရှိသေးပေ။

ဒီးမော့ဆိုမြို့အရှေ့ခြမ်းတွင်လည်း စစ်ကောင်စီက စစ်ကြောင်းသုံးခုဖြင့် ထိုးစစ်ဆင်ပြီးနောက် ယခုလ ၂ ရက်ကစ၍ တိုက်ပွဲမှာ နေ့စဥ်နီးပါး ဖြစ်ပွားခဲ့သည်။

ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ စစ်ကြောင်းသုံးခု၌ အင်အား ၃၀၀ထက်မနည်းရှိကြောင်းလည်း ကရင်နီပူးပေါင်းတပ်တာဝန်ရှိသူက လူထုနွေဦးသို့ ပြောထားသည်။

ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲအရ စစ်ကောင်စီ သည် ဒီးမော့ဆို-ဖရူဆို လမ်းမကြီးကို ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းဟု ၎င်းက သုံးသပ်သည်။

တိုက်ပွဲဖြစ်ပွားရာ ဒေသနှင့်နီးစပ်သည့် ဒေါညင်းခူ – ထီးပေါ့ဆို လမ်းပိုင်း လုံးဝအသုံးမပြုရန် နှင့် ယာယီပိတ်ထားမည်ဟု KNDF က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။