Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် ဆယ်ဇင်းဒေသ KIAနှင့် တိုက်ပွဲဖြစ်၍ စစ်ကောင်စီ၊ ရှမ်းနီ ပူးပေါင်းတပ် အထိနာ

ဒေသတွင်း၌ စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်များက ပြည်သူအပေါ် အနိုင်ကျင့်ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ ကျူးလွန်နေ၍ စစ်ကောင်စီတပ်များ အထိနာသည့်အပေါ် ဝမ်းသာကြောင်း ဒေသခံက ပြောသည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - People’s Spring)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - People’s Spring)

▪️လက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိဟု ဒေသခံပြော

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသ၌ ယနေ့နံနက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံ အချို့က ပြောသည်။

“မနက် ၅နာရီ အချိန်မှာ ရင်း(၂၆)နယ်မြေ ဆယ်ဇင်းဘက်တိုက်ပွဲပြင်းထန်နေတယ်။ရှမ်းနီ SNA နဲ့ တပ်မ(၃၃)လက်အောက် ခမရ(၁၁၆) ပူးပေါင်းစစ်ကြောင်းနဲ့ KIA တိုက်ပွဲပြင်းထန်နေတာ။SNAနဲ့ စကစ တပ်ဘက် ထိခိုက်သေဆုံးများနေတယ်။ SNAနဲ့ စကစရဲ့ လက်နက်တွေ အများကြီး သိမ်းဆည်းရရှိထားတယ်လို့ ကြားရတယ်”ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဖားကန့် ဆယ်ဇင်းဒေသ၌ (၅)မိုင်ခန့်ဝေးသည့် နံ့ကသာနှင့် ပန်ချယ်ကျေးရွာများအနီး ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များကို KIAက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆယ်ဇင်းဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

“SNAနဲ့ စကစတွေ ပူးပေါင်းပေါ့။ တော်တော်အထိနာပါတယ်။ ဖြစ်တာက နံ့ကသာ၊ ပန်ချယ်တဲ့ အဲဒီမှာ ဖြစ်တာ။ နှစ်ဖက် စစ်မျက်နှာဖွင့်ထားတာကနေ ထိုးစစ်ဆင်တဲ့သဘော ပေါ့နော်။တခုကြားခဲ့တာတော့ SNAနဲ့ စစ်ကောင်စီဘက်က အများကြီးကျတယ်။ လက်နက်ခဲယမ်းတွေလည်း အများကြီး သိမ်းမိရတယ်။ စာရင်းအတိအကျတော့ မသိရသေးဘူး” ဟုဆယ်ဇင်းဒေသခံက ပြောကြားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနှင့် ရှမ်းနီပူးပေါင်းတပ်၏ ထိခိုက်သေဆုံးအခြေအနေကို သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယမန်နေ့ကလည်း ဆယ်ဇင်းဒေသ၌ KIAနှင့် ထိတွေ့တိုက်ပွဲ တစ်ကြိမ်ဖြစ်ခဲ့သည်ဟု ဒေသခံက ပြောသည်။

ဒေသတွင်း၌ စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်များက ပြည်သူအပေါ် အနိုင်ကျင့်ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ ကျူးလွန်နေ၍ စစ်ကောင်စီတပ်များ အထိနာသည့်အပေါ် ဝမ်းသာကြောင်း ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။