Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့် ဆယ်ဇင်းဒေသ KIAနှင့် တိုက်ပွဲဖြစ်၍ စစ်ကောင်စီ၊ ရှမ်းနီ ပူးပေါင်းတပ် အထိနာ

ဒေသတွင်း၌ စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်များက ပြည်သူအပေါ် အနိုင်ကျင့်ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ ကျူးလွန်နေ၍ စစ်ကောင်စီတပ်များ အထိနာသည့်အပေါ် ဝမ်းသာကြောင်း ဒေသခံက ပြောသည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - People’s Spring)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - People’s Spring)

▪️လက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိဟု ဒေသခံပြော

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသ၌ ယနေ့နံနက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံ အချို့က ပြောသည်။

“မနက် ၅နာရီ အချိန်မှာ ရင်း(၂၆)နယ်မြေ ဆယ်ဇင်းဘက်တိုက်ပွဲပြင်းထန်နေတယ်။ရှမ်းနီ SNA နဲ့ တပ်မ(၃၃)လက်အောက် ခမရ(၁၁၆) ပူးပေါင်းစစ်ကြောင်းနဲ့ KIA တိုက်ပွဲပြင်းထန်နေတာ။SNAနဲ့ စကစ တပ်ဘက် ထိခိုက်သေဆုံးများနေတယ်။ SNAနဲ့ စကစရဲ့ လက်နက်တွေ အများကြီး သိမ်းဆည်းရရှိထားတယ်လို့ ကြားရတယ်”ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဖားကန့် ဆယ်ဇင်းဒေသ၌ (၅)မိုင်ခန့်ဝေးသည့် နံ့ကသာနှင့် ပန်ချယ်ကျေးရွာများအနီး ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များကို KIAက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆယ်ဇင်းဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

“SNAနဲ့ စကစတွေ ပူးပေါင်းပေါ့။ တော်တော်အထိနာပါတယ်။ ဖြစ်တာက နံ့ကသာ၊ ပန်ချယ်တဲ့ အဲဒီမှာ ဖြစ်တာ။ နှစ်ဖက် စစ်မျက်နှာဖွင့်ထားတာကနေ ထိုးစစ်ဆင်တဲ့သဘော ပေါ့နော်။တခုကြားခဲ့တာတော့ SNAနဲ့ စစ်ကောင်စီဘက်က အများကြီးကျတယ်။ လက်နက်ခဲယမ်းတွေလည်း အများကြီး သိမ်းမိရတယ်။ စာရင်းအတိအကျတော့ မသိရသေးဘူး” ဟုဆယ်ဇင်းဒေသခံက ပြောကြားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနှင့် ရှမ်းနီပူးပေါင်းတပ်၏ ထိခိုက်သေဆုံးအခြေအနေကို သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယမန်နေ့ကလည်း ဆယ်ဇင်းဒေသ၌ KIAနှင့် ထိတွေ့တိုက်ပွဲ တစ်ကြိမ်ဖြစ်ခဲ့သည်ဟု ဒေသခံက ပြောသည်။

ဒေသတွင်း၌ စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်များက ပြည်သူအပေါ် အနိုင်ကျင့်ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ ကျူးလွန်နေ၍ စစ်ကောင်စီတပ်များ အထိနာသည့်အပေါ် ဝမ်းသာကြောင်း ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။