Connect with us

Hi, what are you looking for?

သတင်း

ကရင်တိုင်းရင်းသားများနှင့် အတူရပ်တည်ပြီး ရန်သူဖက်ဆစ်စစ်တပ်ကို အပြီးတိုင်ချေမှုန်းမည်ဟု ယာယီသမ္မတ ပြော

ယမန်နေ့ (ဩဂုတ် ၁၂ရက်) ကျရောက်သည့် (၇၃)နှစ်မြောက် ကရင့်အာဇာနည်နေ့ဂုဏ်ပြုစကား ပြောကြားရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

(ယမန်နေ့(သြဂုတ် ၁၂ရက်)က ခလယ်လွီထူခရိုင်အတွင်း ကျင်းပပြုလုပ်ခဲ့သော (၇၃) နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနား ပုံရိပ်များ။ဓာတ်ပုံ - KNU)
(ယမန်နေ့(သြဂုတ် ၁၂ရက်)က ခလယ်လွီထူခရိုင်အတွင်း ကျင်းပပြုလုပ်ခဲ့သော (၇၃) နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနား ပုံရိပ်များ။ဓာတ်ပုံ - KNU)

အမျိုးသားတန်းတူညီမျှရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက် ကရင်တိုင်းရင်းသားများနှင့် အတူတကွရပ်တည်ပြီး ရန်သူဖက်ဆစ်စစ်တပ်ကို အပြီးတိုင်ချေမှုန်းသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယမန်နေ့ (ဩဂုတ် ၁၂ရက်) ကျရောက်သည့် (၇၃)နှစ်မြောက် ကရင့်အာဇာနည်နေ့ဂုဏ်ပြုစကား ပြောကြားရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

(ယမန်နေ့(သြဂုတ် ၁၂ရက်)က ခလယ်လွီထူခရိုင်အတွင်း ကျင်းပပြုလုပ်ခဲ့သော (၇၃) နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနား ပုံရိပ်များ။ဓာတ်ပုံ - KNU)
(ယမန်နေ့(သြဂုတ် ၁၂ရက်)က ခလယ်လွီထူခရိုင်အတွင်း ကျင်းပပြုလုပ်ခဲ့သော (၇၃) နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနား ပုံရိပ်များ။ဓာတ်ပုံ – KNU)

မြန်မာနိုင်ငံရှိ ကွဲပြားစုံလင်ကြသော လူမျိုးအသီးသီးတို့၌ ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် တန်းတူအခွင့်အရေး ရရှိရေးတို့သာမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် အာဇာနည်သူရဲကောင်းများစွာရှိကြောင်း၊ ကရင့်အာဇာနည်နေ့သည် ကရင်တိုင်းရင်းသားများ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးအတွက် ကိုယ်ကျိုးစွန့် အသက်ပေးခဲ့ကြသည့် ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးနှင့်တကွ ကရင့်အမျိုးသားခေါင်းဆောင်များ၊ စစ်သည်တော်များနှင့် ကရင်ပြည်သူလူထုတရပ်လုံးကို အောက်မေ့ဂုဏ်ပြုခြင်းဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

(ယမန်နေ့(သြဂုတ် ၁၂ရက်)က ခလယ်လွီထူခရိုင်အတွင်း ကျင်းပပြုလုပ်ခဲ့သော (၇၃) နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနား ပုံရိပ်များ။ဓာတ်ပုံ - KNU)
(ယမန်နေ့(သြဂုတ် ၁၂ရက်)က ခလယ်လွီထူခရိုင်အတွင်း ကျင်းပပြုလုပ်ခဲ့သော (၇၃) နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနား ပုံရိပ်များ။ဓာတ်ပုံ – KNU)

အမျိုးသားတန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လွတ်လပ်ခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးတို့အတွက် ကရင်အမျိုးသားခေါင်းဆောင်များသည် ကရင့်တော်လှန်ရေးနှင့်အတူ နွေဦးတော်လှန်ရေး၌လည်း စုစည်းညီညွတ်စွာ ဦးဆောင်ပါဝင်နေခြင်းအား ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ မြင်တွေ့ရမည်ဟုလည်း ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ကရင်အမျိုးသားတော်လှန်ရေးအတွက် ခေတ်အဆက်ဆက် တိုက်ပွဲဝင်လျက်ရှိသည့် KNU/KNLA၏ စွန့်လွှတ်အနစ်နာခံမှု၊ ဦးဆောင်တော်လှန်မှုများကို ယနေ့ နွေဦးတော်လှန်ရေး၌ မျက်ဝါးထင်ထင် တွေ့မြင်နေရ၍လည်း လွန်စွာလေးစားဂုဏ်ယူကြောင်း အသိပေးခဲ့သည်။

(ယမန်နေ့(သြဂုတ် ၁၂ရက်)က ခလယ်လွီထူခရိုင်အတွင်း ကျင်းပပြုလုပ်ခဲ့သော (၇၃) နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနား ပုံရိပ်များ။ဓာတ်ပုံ - KNU)
(ယမန်နေ့(သြဂုတ် ၁၂ရက်)က ခလယ်လွီထူခရိုင်အတွင်း ကျင်းပပြုလုပ်ခဲ့သော (၇၃) နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနား ပုံရိပ်များ။ဓာတ်ပုံ – KNU)

ယမနေ့က ကျရောက်သည့်(၇၃)နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားကို KNU ဗဟို အပါအဝင် ခရိုင်တပ်မဟာများ၌ ကျင်းပခဲ့ရာ သက်ဆိုင်ရာဒေသရှိ ဗဟို၊ ခရိုင်၊ တပ်မဟာတို့မှ တော်လှန်ရေးခေါင်းဆောင်များနှင့် ပြည်သူလူထုများ တက်ရောက်ခဲ့သည်။

ကရင့်အာဇာနည်နေ့အခမ်းအနားသို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကလည်း သဝဏ်လွှာပေးပို့ခဲ့ရာ အာဏာရှင်စနစ်၏ လမ်းစဉ်နှင့် အုပ်ချုပ်ရေး လုပ်ငန်းများ အဆုံးသတ်နိုင်ရေးအတွက် စစ်အာဏာရှင်စနစ် နှင့် အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေကြသည့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ ဒီမိုကရေစီအစုအဖွဲ့များအပြင် ပြည်သူလူထုအခြေပြု လူမှုအဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်ရမည်ဟု ဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ