အကြမ်းဖက်စစ်တပ် အာဏာသိမ်းချိန်ကစလို့ တိုက်ပွဲရှောင်ပြည်သူ တစ်သိနိးခွဲခန့် ထပ်တိုးလာပြီး မြန်မာ နိုင်ငံအရှေ့တောင်ပိုင်းရဲ့ မြို့နယ်အများစုမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေလို့ အရပ်သားတွေ ဆက်လက်တိမ်းရှောင်ထွက်ပြေးနေရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA)က ဒီနေ့ထုတ်ပြန်ပါတယ်။
ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ဒီမောဆို၊ လွိုင်ကော်၊ ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေမှု၊ မွန်ပြည်နယ်မှာ ပြောက်ကျားတိုက် ခိုက်မှုတွေ၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းမှာ လက်နက်ကြီးပစ်ခတ်မှုသတင်းတွေကို ကြားသိရပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ နောက်ဆုံးရကိန်းဂဏန်းများအရ ကယား ပြည်နယ်မှာ ၈၂,၅၀၀၊ ကရင်ပြည်နယ်မှာ ၄၉,၅၀၀၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၁၁,၁၀၀၊ ပဲခူးတိုင်းမှာ ၁,၂၀၀၊ မွန်ပြည်နယ်မှာ ၁,၁၀၀နဲ့ တနင်္သာရီတိုင်းမှာ ၉၀၀ ခန့် အရပ် သားပြည်သူတွေ နေရပ်စွန့်ခွာတိမ်းရှောင်နေရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ်ကြည့်လျှင် လတ် တလောတိုက်ပွဲရှောင်သူဦးရေ စုစုပေါင်း ၄,၃၀၀ ခန့်တိုးလာပြီး ကယားပြည်နယ်တွင်းမှာ အများဆုံးဖြစ်တယ်လို့လည်း OCHA က ထုတ်ပြန်ပါတယ်။

Public Service Announcement


















































