Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးရှောင်ပြည်သူ တစ်သိန်းခွဲခန့် ထပ်တိုး

ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ဒီမောဆို၊ လွိုင်ကော်၊ ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေမှု၊ မွန်ပြည်နယ်မှာ ပြောက်ကျားတိုက် ခိုက်မှုတွေ၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းမှာ လက်နက်ကြီးပစ်ခတ်မှုသတင်းတွေကို ကြားသိရပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်

(ကရင်နီ(ကယား)ပြည်နယ်အတွင်း အကြမ်းဖက်စသ်တပ်၏ ဘေးလွတ်ရာသို့ရွှေ့ပြောင်းနေရသည့် ဒေသခံများကို Free Burma Ranger- Karenni အဖွဲ့က သွားရောက်ကူညီနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - Free Burma Ranger- Karenni)

အကြမ်းဖက်စစ်တပ် အာဏာသိမ်းချိန်ကစလို့ တိုက်ပွဲရှောင်ပြည်သူ တစ်သိနိးခွဲခန့် ထပ်တိုးလာပြီး မြန်မာ နိုင်ငံအရှေ့တောင်ပိုင်းရဲ့ မြို့နယ်အများစုမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေလို့ အရပ်သားတွေ ဆက်လက်တိမ်းရှောင်ထွက်ပြေးနေရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA)က ဒီနေ့ထုတ်ပြန်ပါတယ်။

ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ဒီမောဆို၊ လွိုင်ကော်၊ ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေမှု၊ မွန်ပြည်နယ်မှာ ပြောက်ကျားတိုက် ခိုက်မှုတွေ၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းမှာ လက်နက်ကြီးပစ်ခတ်မှုသတင်းတွေကို ကြားသိရပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ နောက်ဆုံးရကိန်းဂဏန်းများအရ ကယား ပြည်နယ်မှာ ၈၂,၅၀၀၊ ကရင်ပြည်နယ်မှာ ၄၉,၅၀၀၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၁၁,၁၀၀၊ ပဲခူးတိုင်းမှာ ၁,၂၀၀၊ မွန်ပြည်နယ်မှာ ၁,၁၀၀နဲ့ တနင်္သာရီတိုင်းမှာ ၉၀၀ ခန့် အရပ် သားပြည်သူတွေ နေရပ်စွန့်ခွာတိမ်းရှောင်နေရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ်ကြည့်လျှင် လတ် တလောတိုက်ပွဲရှောင်သူဦးရေ စုစုပေါင်း ၄,၃၀၀ ခန့်တိုးလာပြီး ကယားပြည်နယ်တွင်းမှာ အများဆုံးဖြစ်တယ်လို့လည်း OCHA က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းမှု နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ စစ်ရေးပဋိပက္ခတွေမှာသေဆုံးသူ ၁ သိန်းကျော် ရှိလာပြီလို့ ကုလသမဂ္ဂ (UN)ရဲ့ တတိယကော်မတီအစည်းအဝေးမှာမြန်မာနိုင်ငံဆိုင်ရာ UN ကျွမ်းကျင် အရာရှိတွေကပြောကြားခဲ့ပါတယ်။

သတင်း

ကရင်နီဒေသက စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ ပညာရေးအတွက် ထောက်ပံ့ပေးမယ့် "Keep Their Dreams Alive Thadingyut Charity Concert 2026" ပွဲကို အွန်လိုင်းကနေ ပြုလုပ်သွားမှာဖြစ်ပြီး တော်လှန်အနုပညာရှင် ဂီတအဖွဲ့ သုံးဖွဲ့က ပါဝင်တင်ဆက်သွားမှာပါ။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ် နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီး တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လျက်ရှိရာ အာဏာသိမ်းပြီး ၅နှစ်ကျော်အတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၅၉လုံး ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းသူကျောင်းသားသေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း KNU ဗဟိုက အောက်တိုဘာ ၆ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“အလုပ်လုပ်ရင် မိသားစုကို ကျွေးနိုင်မယ်” ဒါဟာ အသက် ၃၄ နှစ်အရွယ် ကိုမင်းရဲ့ ဘဝတလျှောက် ယုံကြည်ခဲ့တဲ့ ရိုးရှင်းတဲ့အယူအဆတခု ဖြစ်ခဲ့ပါတယ်။