Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးရှောင်ပြည်သူ တစ်သိန်းခွဲခန့် ထပ်တိုး

ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ဒီမောဆို၊ လွိုင်ကော်၊ ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေမှု၊ မွန်ပြည်နယ်မှာ ပြောက်ကျားတိုက် ခိုက်မှုတွေ၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းမှာ လက်နက်ကြီးပစ်ခတ်မှုသတင်းတွေကို ကြားသိရပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်

(ကရင်နီ(ကယား)ပြည်နယ်အတွင်း အကြမ်းဖက်စသ်တပ်၏ ဘေးလွတ်ရာသို့ရွှေ့ပြောင်းနေရသည့် ဒေသခံများကို Free Burma Ranger- Karenni အဖွဲ့က သွားရောက်ကူညီနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - Free Burma Ranger- Karenni)

အကြမ်းဖက်စစ်တပ် အာဏာသိမ်းချိန်ကစလို့ တိုက်ပွဲရှောင်ပြည်သူ တစ်သိနိးခွဲခန့် ထပ်တိုးလာပြီး မြန်မာ နိုင်ငံအရှေ့တောင်ပိုင်းရဲ့ မြို့နယ်အများစုမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေလို့ အရပ်သားတွေ ဆက်လက်တိမ်းရှောင်ထွက်ပြေးနေရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA)က ဒီနေ့ထုတ်ပြန်ပါတယ်။

ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ဒီမောဆို၊ လွိုင်ကော်၊ ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေမှု၊ မွန်ပြည်နယ်မှာ ပြောက်ကျားတိုက် ခိုက်မှုတွေ၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းမှာ လက်နက်ကြီးပစ်ခတ်မှုသတင်းတွေကို ကြားသိရပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ နောက်ဆုံးရကိန်းဂဏန်းများအရ ကယား ပြည်နယ်မှာ ၈၂,၅၀၀၊ ကရင်ပြည်နယ်မှာ ၄၉,၅၀၀၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၁၁,၁၀၀၊ ပဲခူးတိုင်းမှာ ၁,၂၀၀၊ မွန်ပြည်နယ်မှာ ၁,၁၀၀နဲ့ တနင်္သာရီတိုင်းမှာ ၉၀၀ ခန့် အရပ် သားပြည်သူတွေ နေရပ်စွန့်ခွာတိမ်းရှောင်နေရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ်ကြည့်လျှင် လတ် တလောတိုက်ပွဲရှောင်သူဦးရေ စုစုပေါင်း ၄,၃၀၀ ခန့်တိုးလာပြီး ကယားပြည်နယ်တွင်းမှာ အများဆုံးဖြစ်တယ်လို့လည်း OCHA က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကို ရောက်နေတဲ့ စစ်တပ်က နေရာ ၃ခုမှာ တပ်စွဲထားပြီး ဒေသခံ စစ်ဘေးရှောင် ၁၀ဦး ခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။