Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးအခြေအနေများကြောင့် ဖားကန့်လမ်းပိုင်းများ မနက်ဖြန်ကစ၍ KIA ပိတ်ထားမည်

KIAအနေဖြင့် ယခု ဩဂုတ်ပထမပတ်က ဖားကန့်မြို့နယ်ရှိ ကသိုဏ်းတောင် စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ တိုက်ပွဲများပြင်းထန်ခဲ့သည်။ စစ်ကောင်စီတပ်အထိနာခဲ့ပြီး အရှင်ဖမ်းဆီးခံရသူများရှိခဲ့ပြီး လက်နက်ခဲယမ်းများစွာကို KIAက သိမ်းယူနိုင်ခဲ့သည်။

(ကားမိုင်း - ဖားကန့်လမ်းပိုင်း၌ ပိတ်မိနေသော ယာဉ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Kachin News Groups Post)
(ကားမိုင်း - ဖားကန့်လမ်းပိုင်း၌ ပိတ်မိနေသော ယာဉ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Kachin News Groups Post)

▪️ယနေ့ ဖားကန့်လမ်းတိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် ရှစ်ဦးသေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း စစ်ရေးအခြေအနေများကြောင့် ဖားကန့်လမ်းပိုင်းများကို မနက်ဖြန် ဩဂုတ် ၂၃ရက်မှစတင်၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဘက်က ပိတ်ထားမည်ဖြစ်ကြောင်း ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“မနက်ဖြန်မှ စပိတ်မယ်။ ဘယ်လောက်ကြာမယ်မသိသေးဘူး။ နန့်ယားလမ်း။ ကားမိုင်း/လဝါးလမ်းကုန်ပိတ်။ မြစ်ကြီးနား -ဖားကန့်၊ မိုးကောင်း-ဖားကန့်။ စစ်ရေးအခြေအနေအရပိတ်တာဟုတ်တယ်”ဟု ၎င်းက ပြောသည်။

ယနေ့ (ဩဂုတ် ၂၂ရက်)တွင်လည်း ဖားကန့်လမ်း၌ တိုက်ပွဲများ ပြင်းထန်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“ဖားကန့်လမ်း တစ်နေကုန်တိုက်ပွဲပြင်းထန်တယ်။ ကားမိုင်းက ထွက်လာတဲ့တပ်တွေ မအူပင်အရောက်မှာပဲ တိုက်ပွဲ စဖြစ်တာ။ ကျောက်ထုနားရောက်တော့ တိုက်ပွဲပြင်းထန်တယ်။ စစ်တပ်ဘက်မှ ရှစ်ယောက်သေ။ ခုနစ်ယောက် ဒဏ်ရာရတယ်။ ညနေ ၇နာရီမှာ နန့်ယားတပ်ကို ရောက်ရှိသွားတယ်”ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

KIAအနေဖြင့် ယခု ဩဂုတ်ပထမပတ်က ဖားကန့်မြို့နယ်ရှိ ကသိုဏ်းတောင် စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ တိုက်ပွဲများပြင်းထန်ခဲ့သည်။ စစ်ကောင်စီတပ်အထိနာခဲ့ပြီး အရှင်ဖမ်းဆီးခံရသူများရှိခဲ့ပြီး လက်နက်ခဲယမ်းများစွာကို KIAက သိမ်းယူနိုင်ခဲ့သည်။

အဆိုပါတိုက်ပွဲများ၌ KIAနှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

KIAနှင့် စစ်ကောင်စီတပ်တို့သည် မြစ်ကြီးနား- ဗန်းမော်လမ်းနှင့် KIA ဌာနချုပ်နယ်မြေအနီးရှိ နမ့်ဆန်ယန်ဒေသ၌လည်း ဇူလိုင်လဆန်းမှစ၍ တိုက်ပွဲများ တောက်လျှောက်ပြင်းထန်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

တိုက်ပွဲများ‌ကြောင့် မြစ်ကြီးနား – ဗန်းမော်လမ်းသည်လည်း ပြည်သူများသွားလာမှု မရှိသလောက်ဖြစ်သွား၍ လမ်းပိတ်ထားသကဲ့သို့ ဖြစ်သည်ဟု ကချင်ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။