Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံတွင် စစ်တပ်က ကျေးရွာများစစ်ကြောင်းထိုးပြီး ပြည်သူနှစ်ဦးကို သတ်ဖြတ်

ဩဂုတ်၂၂ရက်မွန်းလွဲပိုင်းက မြင်းခြံမြို့နယ်၊ ကုက္ကဲဈေးတန်းသို့ ဈေးဝယ်သွားသည့် တပ်ကျေးရွာမှ ရွာသားတစ်ဦးအား စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

(အာဏာသိမ်းကာလအစောပိုင်းက မြင်းခြံမြို့ပေါ်တွင် ပြည်သူများအား အကြမ်းဖက်ဖမ်းဆီးနေသော စစ်ကောင်စီတပ်အားတွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(အာဏာသိမ်းကာလအစောပိုင်းက မြင်းခြံမြို့ပေါ်တွင် ပြည်သူများအား အကြမ်းဖက်ဖမ်းဆီးနေသော စစ်ကောင်စီတပ်အားတွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အရှေ့ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းက ကျေးရွာများအားစစ်ကြောင်းထိုးကာ ပြည်သူပိုင်ပစ္စည်းများအား အဓမ္မသိမ်းယူနေပြီး ​၅ရက်အတွင်း ဒေသခံပြည်သူ နှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်၂၂ရက်မွန်းလွဲပိုင်းက မြင်းခြံမြို့နယ်၊ ကုက္ကဲဈေးတန်းသို့ ဈေးဝယ်သွားသည့် တပ်ကျေးရွာမှ ရွာသားတစ်ဦးအား စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

“လက်ကျည်ထိမှန်လို့ ဆိုင်ကယ်ပြန်လှည့်မောင်းပြေးရာက ပဲစိမ်းငုံခင်းထဲမှာ ပစ်သတ်ခံခဲ့ရတာလို့သိရပြီး အလောင်းပြန်မပေးဘူးလို့ သိရပါတယ်”ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောသည်။

သြဂုတ် ၁၈ရက် မွန်းလွဲပိုင်းကလည်း ပျားရွာအနီးတွင် စစ်ကောင်စီတပ်က ပြည်သူတစ်ဦးအား သတ်ဖြတ်ပြီး အလောင်းအား PDF ယူနီဖောင်းဖြင့် အုပ်သွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် သြဂုတ် ၁၉ ရက်​ကလည်း မြင်းခြံမြို့နယ်၊ ရွှေပေါ်ကျွန်းကျေးရွာမှ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးကို လိုက်လံပစ်ခတ်ခဲ့ကြောင်း သိရသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း မြင်းခြံမြို့နယ်အရှေ့ပိုင်း၌ အဖွဲ့များခွဲကာ စစ်ကြောင်းထိုးနေကြောင်း၊ ထို့အပြင် တောင်ပုံရွာသား နှစ်ဦး၊ မီးပေါက်ရွာမှ လင်မယားနှစ်ဦးတို့အား ဖမ်းဆီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးချိန်တွင် တွေ့ရှိသည့် တောင်ယာတောလုပ်ငန်းလုပ်နေသူများအား ရိုက်နှက်ကာ ဖုန်းဆင်းကဒ်များ ဖြုတ်ယူခြင်း၊ စစ်ကြောင်းတလျှောက်ကျေးရွာများအား ဝင်ရောက်ကာ ဖုန်းနှင့်ပိုက်ဆံများ အဓမ္မသိမ်းယူခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

မီးပေါက်ရွာတွင် ဖုန်း၁၈လုံး၊ ဆိတ်ကုန်းရွာက ဖုန်း၂၂လုံးယူဆောင်သွားကြောင်း၊ ထို့အပြင် ဆိတ်ကုန်းရွာ နေအိမ်တစ်အိမ်မှ ၁၈သိန်းကျပ်နှင့် ရွှေ၊ငွေများပါ ယူဆောင်သွားကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ပြောသည်။

မြင်းခြံမြို့နှင့် မြို့အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီးများကလည်း ပြည်သူအချို့၏ နေအိမ်များကို ဝင်ရောက်ပြီး လက်နက်ပြခြိမ်းခြောက်ကာ ငွေတောင်းခံမှုများ ဖြစ်ပွားနေကြောင်း၊ သြဂုတ် ၁၄ ရက်ညကလည်း ရှားတောရွာရှိ နေအိမ်တစ်အိမ်ကို လက်နက်ကိုင်ပျူများ ဝင်ရောက်လာပြီး ခြိမ်းခြောက်ကာ ကျပ် ၅သိန်းတောင်းယူသွားကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။