Connect with us

Hi, what are you looking for?

သတင်း

ကသာမြို့နယ်တွင် ပအဖအစီအစဉ်ဖြင့် ကျေးရွာများ မီးပေးနေသည့်ဓာတ်တိုင်များကို စစ်ကောင်စီက မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီး

စစ်ကောင်စီစစ်‌ကြောင်းသည် ချောင်းဝရွာအနီးရှိ မင်းကျောင်းကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲနေသဖြင့် ပြင်ဆင်မှုမလုပ်နိုင်သေးပေ။

(ကသာမြို့နယ်၊ တုတ်ကြီးရွာကို စက်တင်လာလ ၁၇ရက်တွင် စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - CJ)
(ကသာမြို့နယ်၊ တုတ်ကြီးရွာကို စက်တင်လာလ ၁၇ရက်တွင် စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အစီအစဉ်ဖြင့် ကျေးရွာများအား လျှပ်စစ်မီးပေးနေသည့် ဓာတ်တိုင်များကို စစ်ကောင်စီစစ်ကြောင်းက မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သည်။

ကသာမြို့နှင့် ရွှေကူမြို့နယ်စပ် ချောင်းဝကျေးရွာအနီးမှ လျှပ်စစ်ဓာတ်တိုင်များကို စစ်ကောင်စီစစ်ကြောင်းက စက်တင်ဘာ၂၅ရက်တွင် ဖောက်ခွဲဖျက်ဆီးသွားခြင်းဟု ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

“စစ်တပ်က နယ်မြေမစိုးမိုးတော့ ကျွန်တော်တို့က ထိန်းသိမ်းပြီး ကျေးရွာတွေကို လျှပ်စစ်မီးပေးနေတာပါ။စစ်ကြောင်းက ဖောက်ကွဲဖျက်ဆီးသွားပါတယ်။ ဓာတ်တိုင်တွေလည်း လဲကျကုန်တယ်”ဟု ၎င်းက ပြောသည်။

ထိုသို့ဖျက်ဆီးသွား၍ ချောင်းဝ၊ မိုးတားကြီး၊ မြေနု၊ မိုးတားလေး၊ ရွှေပြည်သစ်၊ မဲဟင်း၊ မင်းလယ်၊ ခတက်ချောင်၊ မင်္ဂလသုခ၊ သာစည်၊ နလယ်အင်း၊ ပေါမနှင့် နတ်လှိုင်ကျေးရွာတို့မှာ ယနေ့(စက်တင်ဘာ၂၉ရက်) နေ့လယ်အထိ လျှပ်မီးပြတ်တောက်နေသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီစစ်‌ကြောင်းသည် ချောင်းဝရွာအနီးရှိ မင်းကျောင်းကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲနေသဖြင့် ပြင်ဆင်မှုမလုပ်နိုင်သေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။