Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်နယ်တွင် စက်တင်ဘာလအတွင်းတိုက်ပွဲများ၌ စစ်​သား၅၀​ကျော်​သေဆုံးပြီး ကရင်နီပူး​ပေါင်းတပ်မှ ၁၁ဦးကျဆုံးဟု PKPF ထုတ်ပြန်

PKPF ၏ လစဥ် ထုတ်ပြန်သည့် အချက်အလက် များအရ ကရင်နီပြည် စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးအချိုးဖောက်ခံရခြင်းများကိုလည်း ဖော်ပြထားသည်။

(PKPF ထုတ်ပြန်​သောစာရင်းနှင့် ကရင်နီပြည်တိုက်ပွဲတွင်​သေဆုံးခဲ့​သော စစ်သားယူနီ​ဖောင်း၊စစ်ဦးထုပ်။ ဓါတ်ပုံ-KNDF ၊ ဒီး​မော့ဆို PDF)
(PKPF ထုတ်ပြန်​သောစာရင်းနှင့် ကရင်နီပြည်တိုက်ပွဲတွင်​သေဆုံးခဲ့​သော စစ်သားယူနီ​ဖောင်း၊စစ်ဦးထုပ်။ ဓါတ်ပုံ-KNDF ၊ ဒီး​မော့ဆို PDF)

ကရင်နီ(ကယား)ပြည်နယ်၌ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်သား ၅၀ ​ကျော်သေဆုံး ပြီးကရင်နီပူးပေါင်းတပ်မှ ၁၁ ဦးကျဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ယနေ့ထုတ်ပြန်သည်။

PKPF ၏ လစဥ် ထုတ်ပြန်သည့် အချက်အလက် များအရ ကရင်နီပြည် စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးအချိုးဖောက်ခံရခြင်းများကိုလည်း ဖော်ပြထားသည်။

စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ခုနှစ်၊ ဖေဖော် ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ခုနှစ် စက်တင်ဘာလ ( ၃၀ ) ရက်အထိ အရပ်သားပြည်သူ (၃၈၂ ) ဦး ကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည်။

ထို့အပြင် မတရားဖမ်းဆီးခံရသူ (၁၈၃) ဦးရှိပြီး စစ်ဘေးရှောင်စဥ်သေဆုံးခဲ့ရသူ ၁၄၂ ဦးရှိကာ ဘာသာရေးအဆောက်အုံး ၄၂ လုံး နှင့် နေအိမ် ၁,၈၉၁ လုံး ပျက်စီးခဲ့သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ပြီးခဲ့တဲ့လ တိုက်ပွဲတွေအများစုက တော့ ဖရူဆို- ဘောလခဲ နယ်မြေထဲမှာ အများစုဖြစ်တာပေါ့။ဖားဆောင်းဘက်မှလည်း ထိတွေ့မှုရှိတယ်။အခု ထိလည်း ဖရူဆို-ဘောလခဲ တိုက်ပွဲက မပြီးသေးပါဘူး”ဟု ကရင်နီဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ပြောသည်။

စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်သား ၅၁ ဦး သေဆုံးခဲ့ကာ ကရင်နီတပ်ပေါင်းစု(KNDF/PDF/KA) မှ ၁၁ ဦးကျဆုံးခဲ့ကြောင်း ​ဖော်ပြထားသည်။စစ်တပ် အာဏာသိမ်းပြီး​​နောက်ပိုင်း ကရင်နီပြည်နယ်တွင်းတိုက်ပွဲများတွင်စစ် ကောင်စီတပ်သား ၂,၃၈၇ သေဆုံးခဲ့ပြီး ကရင်နီတပ်ပေါင်းစု မှ တပ်ဖွဲ့ဝင် ၃၃၃ ဦးကျဆုံးခဲ့​ကြောင်းလည်းPKPF ၏အချက်အလက်များအရ သိရသည်။

PKPF သည် ကရင်နီလူငယ်များဖြင့်ဖွဲ့စည်းကာ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းကရင်နီပြည်တွင် လူအခွင့်အ​ရေးချိုး​ဖောက်မှုများကို အချက်အလက်စု​ဆောင်းသု​တေသနပြုလုပ်၍လစဥ်ထုတ်​ပေး​နေသည်။ ယခုအချက်အလက်များမှာPKPF လက်လှမ်းမိသမျှ ပြုစုထားခြင်းဖြစ်ပြီး ​မြေပြင်အချက်အလက်များနှင့် အနည်းငယ် အ​ပြောင်းအလဲ ဖြစ်နိုင်​ကြောင်းလည်းသိရသည်။

သုံးလ ကျော်ကြာ ကရင်နီပူးပေါင်းတပ်က ထိန်းချုပ် ထားသည့် မယ်စဲ့ မြို့ကို ပြန်လည်ရရှိရန် စစ်ကောင်စီက ကြိုးပမ်းနေပြီး အစီးရေ ၁၀၀ ကျော်ပါသည့် စစ်ယာဥ်တန်းကို စစ်ကောင်စီတပ်က လွိုင်​ကော်မြို့မှ ဘောလခဲသို့ သြဂုတ်လမှစ၍ ပြည်​ထောင်စုလမ်းအတိုင်းသွား​နေရာ ကရင်နီတပ်ပေါင်းစုများက ကြားဖြတ်တိုက်ခိုက်လျှက်ရှိပြီး ဖြတ်သန်းရာလမ်းတစ်​လျှောက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။