ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အမြန်နှုတ်ထွက်ရန် East-Dagon PDF က သတိပေးလိုက်သည်။
“အရှေ့ဒဂုံ ဒလံများအတွက်ရောက်ရှိလာတော့မယ်။ ဒလံများသတိထားပါ။ အုပ်ချုပ်ရေးမှုများ အမြန်ဆုံး နှုတ် ထွက်ပေးပါ” ဟု East-Dagon PDF က သေနတ်တစ်လက်နှင့်အတူ သတိပေးစာရေးသားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အုပ်ချုပ်ရေးမှူးများ အမြန်နှုတ်ထွက်ရန် သတိပေးပြီးနောက် ယင်းမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၀မှာ ယနေ့ တာဝန်မှနှုတ်ထွက်ခဲ့သည်။
















































