Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံသားများအပေါ် တာ၀န်မပျက်ကွက်စေရေး နိုင်ငံတကာကို သံအမတ်ကြီးဦးကျော်မိုးထွန်း တိုက်တွန်း

မြန်မာနိုင်ငံတွင် အကျပ်အတည်းကို အပြည့်အဝဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ကျူးလွန်သူများအား တာဝန်ခံမှုရှိလာစေရန်လုပ်ဆောင်ရမည်ဟု သံအမတ်ကြီးက ပြောသည်။

(ဦး​ကျော်မိုးထွန်းက​ဆွေး​နွေး​နေစဥ်။ ဓါတ်ပုံ-PMOMTTUN)
(ဦး​ကျော်မိုးထွန်းက​ဆွေး​နွေး​နေစဥ်။ ဓါတ်ပုံ-PMOMTTUN)

▪︎စစ်တပ်၏ လူမဆန်သည့်လုပ်ရပ်များကို ရပ်တန့်ရမည်ဟု ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကိုသံအမတ်ကြီးတောင်းဆို

လက်ရှိတွင် စစ်တပ်၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် မြန်မာ့စီးပွားရေးသည် မတည်မငြိမ်ဖြစ်ပြီး မှန်းဆမရနိုင်သော အခြေအနေတွင် ရှိနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။

အောက်တိုဘာ ၃ ရက်တွင် ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဒုတိယကော်မတီအစည်းအဝေး၌ သံအမတ်ကြီးက စစ်အာဏာရှင်များသည် တိုင်းပြည်ကို အုပ်ချုပ်နိုင်ခြင်း(သို့) စီးပွားရေးကို စီမံခန့်ခွဲနိုင်ခြင်း မရှိကြောင်းနှင့် ၎င်းတို့သည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ပေးစွမ်းနိုင်စွမ်းမရှိကြောင်း ကုလအဖွဲ့ဝင်နိုင်ငံကို အသိပေးသည်။

နိုင်ငံတကာအသိုက်အဝန်းသည် မြန်မာပြည်သူများ၏ အသံကို နားထောင်၍ မြန်မာနိုင်ငံသားများအပေါ် တာဝန်မပျက်ကွက်စေရေးနှင့် မြန်မာပြည်သူပြည်သားများကို ချန်လှပ်မထားခဲ့စေရေးမျိုး မဖြစ်ရေးအတွက် ဂရုတစိုက်လုပ်ဆောင်ပေးရန် ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအား သံအမတ်ကြီးက တိုက်တွန်းသည်။

မြန်မာနိုင်ငံတွင် အကျပ်အတည်းကို အပြည့်အဝဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ကျူးလွန်သူများအား တာဝန်ခံမှုရှိလာစေရန်လုပ်ဆောင်ရမည်ဟု သံအမတ်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ ရက်စက်ယုတ်မာမှုများကို အဆုံးသတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အောက်တွင် ရွေးချယ်တင်မြှောက်ထားသော အရပ်သားအစိုးရမှတဆင့် ပြည်သူတို့ထံ အာဏာပြန်လည်ရရှိရန် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်နေသည့် မြန်မာပြည်သူပြည်သားများကို ခိုင်မာထိရောက်သော ပံ့ပိုးကူညီမှုများ တိုးချဲ့လုပ်ဆောင်ပေးရန် နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့်ကုလသမဂ္ဂကို သံအမတ်ကြီးက ထပ်လောင်းတောင်းဆိုသည်။

ယခုကဲ့သို့ ခက်ခဲသောအခြေအနေတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် လိုအပ်သော လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပံ့ပိုးပေးရန်အတွက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement) တွင် ပါဝင်သူများအနေဖြင့် အသေးစားစီးပွားရေး လုပ်ငန်းများ စတင်နိုင်စေရေး အကူအညီများရယူရန် ကမ်းလှမ်းထားကြောင်း ကုလသမဂ္ဂ၏ စီးပွားရေးနှင့် ဘဏ္ဍာရေးကော်မတီ(ဒုတိယကော်မတီ)သို့ ပြောသည်။

အလားတူ ယမန်နေ့(အောက်တိုဘာ ၄ ရက်)တွင် ကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေး၌ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများမှ လွတ်မြောက်ပြီး သက်ဆိုင်ရာနိုင်ငံများ၌ ခိုလှုံလာသည့် မြန်မာပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များအား ကာကွယ်ပေးရန်၊ မြန်မာပြည်သူလူထု၏ဆန္ဒကို လေးစားလိုက်နာ၍ မြန်မာပြည်သူများ အထူးသဖြင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များအား ချန်လှပ်ထားခြင်းမရှိဘဲ ထိရောက်သည် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးရန် သံအမတ်ကြီးက တောင်းဆိုသည်။

စစ်တပ်မှ တရားမ၀င်ကွပ်မျက်ခြင်းခံခဲ့ရသော အမျိုးသမီးများ၏ ရုပ်အလောင်းများ၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ကိုက်ညီသောဒဏ်ရာများ တွေ့ရှိရပြီး ယင်းကဲ့သို့ လူမဆန်သည့်လုပ်ရပ်များကို ရပ်တန့်ရမည် ဖြစ်ကြောင်း သံအမတ်ကြီးက ကုလတတိယကော်မတီ၌ ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနသည် ပြည်တွင်း NGO များ၊ အရပ်ဘက်အဖွဲ့အစည်းများအပြင် အခြားမိတ်ဖက်များနှင့်အတူ အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ကာကွယ်ပေးပြီး ၎င်းတို့၏အခွင့်အရေးများကို မြှင့်တင်ပေးနိုင်ရန် ကြိုးစားဆောင်ရွက်နေပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသည့် သူများအတွက် လိုအပ်သော အကူအညီများ ပေးနေကြောင်းလည်း ကုလအဖွဲ့ဝင်နိုင်ငံများကို အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

သုံးသပ်ဆောင်းပါး

လူ ၅ ယောက်မှာ ၁ ယောက် ကင်ဆာဖြစ်နိုင်တယ်ဆိုတဲ့ သတင်းပေးပို့ချက် ဒီမနက်ကပဲ ကျွန်တော်တို့ လက်ခံ ရရှိလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် (၈၁)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး သူမဟာ ပြင်ပလောကနဲ့ အဆက်အသွယ် ပြတ်တောက် ဖြတ်သန်းနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုရဲ့ ရက်စက်မှု၊ အခြေခံ လူ့အခွင့်အရေးအပေါ် ကြီးလေးစွာ ချိုးဖောက်နေမှုကို အထင်အရှား...

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။