Connect with us

Hi, what are you looking for?

သတင်း

NUG နိုင်ငံခြားရေးဝန်ကြီး ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နှင့် ကနေဒါသံအမတ်ကြီးများကို သီးခြားစီ တွေ့ဆုံ

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာစစ်တပ်ကို အရေးယူမှုပါဝင်သည့် ဆုံးဖြတ်ချက်(Resolution)ချမှတ်နိုင်ရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။

▪︎စစ်အုပ်စုထံ လက်နက်တင်သွင်းမှု၊ လေယာဥ်ဆီတင်သွင်းမှုတို့ကို ဥပဒေကြောင်းအရ ပိတ်ဆို့အရေးယူနိုင်ရေး ကိစ္စရပ်များဆွေးနွေး

ယန်းဒီ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နှင့် ကနေဒါသံအမတ်ကြီးများကို နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ သီးခြားစီ တွေ့ဆုံခဲ့ကြောင်း သိရသည်။

၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပနေချိန် နယူးယောက်မြို့သို့ ရောက်ရှိနေသည့် NUG နိုင်ငံခြားရေးဝန်ကြီးက အထက်ပါ ဗြိတိန်နှင့် ကနေဒါသံအမတ်ကြီးတို့နှင့် စက်တင်ဘာ ၂၅ ရက်တွင် တွေ့ဆုံစဥ် စစ်အုပ်စုကို ပိုမိုဖိအားပေးအရေးယူနိုင်ရေးနှင့် စစ်အုပ်စုထံ လက်နက်တင်သွင်းမှု၊ လေယာဥ်ဆီတင်သွင်းမှုတို့အား ဥပဒေကြောင်းအရ ပိတ်ဆို့အရေးယူနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့သတင်းထုတ်ပြန်သည်။

ဗြိတိန်သံအမတ်ကြီး H.E Barbara Woodward နှင့် တွေ့ဆုံစဥ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ချမှတ်ရာတွင် ဗြိတိန်၏ ဦးဆောင်မှု အခန်းကဏ္ဍကို အထူးပင်အသိအမှတ်ပြုကျေးဇူးတင်ကြောင်း ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောကြားသည်။ အဆိုပါ ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုမှန်သမျှ ချက်ချင်းအဆုံးသတ်ရေး၊ တင်းမာမှုများ လျှော့ချရေး၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်ပေးရေး အချက်များ ပါဝင်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယင်းဆုံးဖြတ်ချက်ကို အာဏာသိမ်းစစ်ကောင်စီက လိုက်နာဆောင်ရွက်ခြင်းမရှိ၍ ဗြိတိန်အပါအဝင် လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ဝေဖန်ထောက်ပြမှုများရှိနေပြီး သြဂုတ်လကုန်ပိုင်းက အလှည့်ကျဥက္ကဌ အမေရိကန်က မြန်မာ့အရေးတံခါးပိတ်အစည်းအဝေးခေါ်ယူခဲ့သည်။ ယင်းအစည်းအဝေးအပြီး တရုတ်နှင့် ရုရှားတို့ မပါဝင်ဘဲ ကျန်အဖွဲ့ဝင် ၁၃ နိုင်ငံက မြန်မာနိုင်ငံတွင် စစ်တပ်က အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်းနှင့် မရပ်တန့်သည့် အကြမ်းဖက်မှုများအပေါ် ပြစ်တင်ရှုတ်ချကြောင်း၊ ဖြုတ်ချခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ပေးရေး၊ လူ့အခွင့်အရေးကို လေးစားလိုက်နာရေး၊ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အပြည့်အဝလိုက်နာရေး စသည့်အချက်များကို ပူးတွဲတိုက်တွန်းထုတ်ပြန်သည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာစစ်တပ်ကို အရေးယူမှုပါဝင်သည့် ဆုံးဖြတ်ချက်(Resolution)ချမှတ်နိုင်ရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရွေးကောက်ပွဲမှာ မဲမပေးဖို့ အပါအဝင် တားမြစ်ချက် ၈ချက်ကို ချင်းပြည်ကောင်စီ ထုတ်ပြန်

သတင်း

အရပ်သားတွေအပေါ် စစ်တပ်ရဲ့ ရက်စက်မှုအပေါ် နှုတ်ဆိတ်နေခြင်း အဆုံးသတ်ဖို့ ၊ နိုင်/ကျဉ်းအားလုံး လွှတ်မြောက်ရေးတောင်းဆိုဖို့ နိုင်ငံတကာကို တိုက်တွန်း

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ယာယီသမ္မတဒူဝါလရှီးလနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းတိ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယာယီသမ္မတနဲ့ KNUဗဟိုက ဒီကနေ့ စက်တင်ဘာ ၂၅ရက်ညပိုင်းမှာ သတင်းထုတ်ပြန် အသိပေးခဲ့ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအနေနဲ့ အရပ်သား ပြည်သူတွေကို အကာအကွယ်ပေးရမှာ ဖြစ်ပြီး လူသားဆန်စွာနဲ့ လေးစားစွာ ဆက်ဆံဖို့လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထပ်မံ နှိုးဆော်လိုက်ပါတယ်။