Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ်တွင် ပျူစောထီးများ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဟုဆို

ယမန်နေ့(အောက်တိုဘာ ၂၂ ရက်) ညနေ ၅နာရီခန့်က ရွှေဘိုမြို့နယ်၊ ဂျိုးမြေဇင်းကျေးရွာရှိ ပျူစောထီး အထိုင်ချရာနေရာအား အဝေးထိန်းစနစ်ဖြင့် မိုင်းငါးလုံးခွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ရှစ်ဦး ဒဏ်ရာရရှိသွားကြောင်း ၎င်းက ပြောသည်။

(စစ်ဆင်ရေးသွားရောက်နေသော ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(စစ်ဆင်ရေးသွားရောက်နေသော ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းတွင် ဂျိုးမြေဇင်းနှင့် ပန်းရံကျေးရွာရှိ ပျူစောထီးအဖွဲ့များအား တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့(အောက်တိုဘာ ၂၂ ရက်) ညနေ ၅နာရီခန့်က ရွှေဘိုမြို့နယ်၊ ဂျိုးမြေဇင်းကျေးရွာရှိ ပျူစောထီး အထိုင်ချရာနေရာအား အဝေးထိန်းစနစ်ဖြင့် မိုင်းငါးလုံးခွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ရှစ်ဦး ဒဏ်ရာရရှိသွားကြောင်း ၎င်းက ပြောသည်။

အလားတူ ညနေ ၅နာရီခွဲခန့်ကလည်း ပန်းရံပျူစောထီးကျေးရွာမှ လာသော ပျူစောထီးများအား တိုက်ခိုက်ခဲ့ရာ ခြောက်ဦးသေဆုံးသည်ဟု အထက်ပါတာဝန်ခံက ဆိုသည်။

” သီးလုံးကစ ဒီဘက်ဆို ကျွန်တော်တို့ မဟာမိတ်ရဲဘော်တွေ ဆော်ကြတော့စုပြီးမှပဲ လာရဲကြတာ။ တိုက်မိုင်း အသင့်ထောင်ထားတဲ့ မိုင်းတွေနဲ့ ခွဲခဲ့တာမို့ သတင်းဘဲ ကြားသိရတာပါ။ ထော်လာဂျီပေါ်မှာ သွေးတွေ ရွဲနှစ်နေတဲ့ အလောင်းတွေ မြင်လိုက်တယ်လို့ ပြောပါတယ်။ သေတာက ၁၂ကောင်လို့ ပြောတယ်။သီးလုံးမှာ သင်္ဂြိုလ်တယ်လို့ သိရတယ်။”ဟု ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Wild Tiger LPDF ၊ Bo Ba Taw – SHWEBO LPDF အဖွဲ့၊ GOLDEN EAGLE-ZBG၊ ဗိုလ်ဂျပန်ကြီး – ရွှေဘို LPDF၊နဂါးနီ အာဠာဝက – ရွှေဘို LPDF၊ ဝမ်ကြီးအဖွဲ့၊ဘခတ်အဖွဲ့၊ မင်းဂေါင်အဖွဲ့၊ သီးလေးသီအဖွဲ့၊တောင်သူကြီးများအဖွဲ့ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲ‌‌ဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

သို့သော် ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ရွှေဘိုမြို့နယ်တောင်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က အောက်တိုဘာ ၁၅ရက်မှ ၂၀ ရက်အထိ စစ်ကြောင်းထိုးဖျက်ဆီးမှုများပြုလုပ်သွားပြီး ဘုန်းဘွဲ့ကျေးရွာရှိ အမျိုးသား သုံးဦးအား သတ်ဖြတ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ စဥ့်တုံံကျေးရွာအနီးမှာ ရွှေဘိုမြို့နယ်ကို အဓိက ရေပေး​ဝေနေတဲ့ မူးကြီး(တူးမြောင်း) ကျိုးသွားလို့ စပါးခင်းတွေအတွက် ရေအခက်အခဲ ရှိနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။