Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ကျေးရွာတွင် စစ်ကောင်စီတပ်က ပြည်သူသုံးဦး သတ်ဖြတ်သွား

“အသတ်ခံရတာ အမျိုးသားတွေချည့်ပါ။ စကစ တွေ ပြန်ထွက်သွားပြီအထင်နဲ့ ရွာထဲပြန်ဝင်ကြရင်း ဖြစ်တာပါ။ အသက်တွေကတော့ ၃၀နဲ့ ၄၅ ကြားတွေ”ဟု ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

(စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာတွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူ သုံးဦးအား သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဘုန်းဘွဲ့ကျေးရွာ၌ ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်မှ ၂၀ ရက်အထိ ၆ ရက်ကြာတပ်စွဲသွားသော စစ်ကောင်စီတပ်က ကျေးရွာနေ အမျိုးသား သုံးဦးအား သတ်ဖြတ်ပြီး ရုပ်အလောင်းများအား ကျေးရွာအတွင်း၌ စွန့်ပစ်ထားခဲ့ကြောင်း ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Nutrition in the First 1,000 Days

“အသတ်ခံရတာ အမျိုးသားတွေချည့်ပါ။ စကစ တွေ ပြန်ထွက်သွားပြီအထင်နဲ့ ရွာထဲပြန်ဝင်ကြရင်း ဖြစ်တာပါ။ အသက်တွေကတော့ ၃၀နဲ့ ၄၅ ကြားတွေ”ဟု ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ရုပ်အလောင်းများအား စစ်ကောင်စီတပ်ထွက်ခွာသွားပြီးနောက် အောက်တိုဘာ ၂၁ ရက်တွင် ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နယ်မြေခံ တပ်ရင်း၊ ပကဖများ ပူးပေါင်း၍ ဘုန်းဘွဲ့ကျေးရွာအတွင်း နယ်မြေရှင်းလင်းရေး ဝင်ရောက်စဥ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (စက်တင်ဘာ ၂) ပြုလုပ်ပေးခဲ့ပါတယ်။