Connect with us

Hi, what are you looking for?

သတင်း

လောက်ကိုင်မှာ ဒုစရိုက်ဂိုဏ်းတွေရဲ့ လိမ်လည်ခိုင်းစေမှု သားကောင်ဖြစ်ခဲ့သူ ထိုင်းနိုင်ငံသား ၁၂၀ ကို ပြန်ခေါ်ဖို့ ထိုင်းစီစဉ်နေ

အဲဒီ ထိုင်းနိုင်ငံသားတွေဟာ ဘယ်လို အလုပ်တွေမှာ ခိုင်းစေခံခဲ့ရသလဲ ဆိုတာကိုတော့ လောလောဆယ် ကွဲကွဲပြားပြား မသိရသေးပါဘူး။

(မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်မြို့ တစ်​နေရာ။ ဓါတ်ပုံ-CJ)
(မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်မြို့ တစ်​နေရာ။ ဓါတ်ပုံ-CJ)

အွန်လိုင်း လိမ်လည်မှု ဂိုဏ်းတွေရဲ့ သားကောင် ဖြစ်ခဲ့သူ ထိုင်းနိုင်ငံသား ၁၂၀ ကို မြန်မာဖက်ကနေ ပြန်လည် လွှဲပြောင်းယူဖို့ စီစဉ်နေကြောင်း ထိုင်းအစိုးရက ပြောတယ်လို့ ဘန်​ကောက်ပိုစ်သတင်းဌာနက​ဖော်ပြပါတယ်။

ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ကန်ချာနာ ပါတာရာချော့က အမျိုးသား ၉၀ နဲ့ အမျိုးသမီး ၃၀ တို့ဟာ ရှမ်းပြည်နယ် မြောက်ပိုင်းက လောက်ကိုင်မှာရှိတဲ့ အွန်လိုင်း လိမ်လည်မှု ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့ လီဆယ် သွေးဆောင် ခံခဲ့ရတာလို့ ဆိုပါတယ်။ သူတို့ကို ထိုင်းနိုင်ငံဆီ ပြန်လည် ခေါ်ယူနိုင်ရေးအတွက် မြန်မာဖက်က အာဏာပိုင်တွေနဲ့ ညှိနှိုင်းနေတယ်လို့လည်း ကန်ချာနာက အတည်ပြုခဲ့ပါတယ်။

အဲဒီ ထိုင်းနိုင်ငံသားတွေဟာ ဘယ်လို အလုပ်တွေမှာ ခိုင်းစေခံခဲ့ရသလဲ ဆိုတာကိုတော့ လောလောဆယ် ကွဲကွဲပြားပြား မသိရသေးပါဘူး။

ရန်ကုန်မှာရှိတဲ့ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီး မွန်ကိုလ် ဝီဆစ်ပ်တွမ်က သူဟာ ထိုင်းနိုင်ငံသားတွေကို လက်လွှဲ ခေါ်ဆောင်ဖို့ ကိစ္စကို စစ်​ကောင်စီနိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေတယ်ဆိုတာ အစီရင် ခံထားကြောင်းလည်း ကန်ချာနာက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ထိုင်းနိုင်ငံသား ၁၂၀ ကို လောက်ကိုင်ကနေ ခေါ်ထုတ်လာပြီး အာဏာသိမ်း မြန်မာစစ်တပ်က နေရာထိုင်ခင်းနဲ့ ရိက္ခာတွေ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

အဲဒီ ထိုင်းနိုင်ငံသားတွေ ဇာတိနိုင်ငံကို ဘယ်လို လမ်း၉ကြောင်းကနေ ပြန်မလဲ ဆိုတာကိုတော့ ညှိနှိုင်းနေဆဲပါ။ သူတို့ဟာ ရန်ကုန်ကနေ ထိုင်းကို လေယာဉ်ခရီးစဉ်နဲ့ ပြန်သွားတာမျိုး ဖြစ်နိုင်သလို တာချီလိတ်ကနေတဆင့် ကုန်းလမ်းခရီးနဲ့ နယ်စပ်ဖြတ်ကျော်ပြီး အိမ်ပြန်ဖို့ကိုလည်း စဉ်းစားထားကြောင်း ကန်ချာနာက မှတ်ချက်ပေးသွားပါတယ်။

ကိုးကန့်အပါအဝင်နယ်စပ်​ဒေသ​တွေမှာအွန်လိုင်းက​နေလိမ်လည်တဲ့ကျားဖြန်လုပ်ငန်း​တွေ ၊​လောင်းကစားလုပ်ငန်း​တွေကို စစ်​ကောင်စီလက်​အောက်ခံပြည်သူ့စစ်​တွေ ၊ စစ်​ကောင်စီနဲ့နီးစပ်သူ​​တွေအဓိက လုပ်ကိုင်ကြတာလို့ ​ဒေသခံ​တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။