Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့ရှိ ပျူစောထီးခေါင်းဆောင်နေအိမ်ကို ဝင်ရောက်ပစ်ခတ်၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

အောက်တိုဘာ ၂၃ ရက် နံနက် ၇နာရီခွဲခန့်က ပေါက်မြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင် ဘန်ဘန် ဆိုသူ၏ နေအိမ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

(ပျူစောထီးခေါင်းဆောင်နေအိမ်မှ သိမ်းဆည်းရမိသော ကာဘိုင်သေနတ်နှင့် ကျည်များအား တွေ့ရစဥ်။ ဓာတ်ပုံ-မြိုင်ပကဖ)
(ပျူစောထီးခေါင်းဆောင်နေအိမ်မှ သိမ်းဆည်းရမိသော ကာဘိုင်သေနတ်နှင့် ကျည်များအား တွေ့ရစဥ်။ ဓာတ်ပုံ-မြိုင်ပကဖ)

မကွေးတိုင်း၊ ပေါက်မြို့ပေါ်ရှိ ပျူစောထီးခေါင်းဆောင်နေအိမ်ကို ဝင်ရောက်ပစ်ခတ်ရာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း မြိုင်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)အဖွဲ့က ပြောသည်။

အောက်တိုဘာ ၂၃ ရက် နံနက် ၇နာရီခွဲခန့်က ပေါက်မြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင် ဘန်ဘန် ဆိုသူ၏ နေအိမ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ပစ်ခတ်မှုကြောင့် နေအိမ်ရှိ ပျူစောထီးခေါင်းဆောင်အပါအဝင် ပျူစောထီးနှစ်ဦး ကျည်ထိမှန်ပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ထို့အပြင် ၎င်းနေအိမ်မှ ကာဘိုင်သေနတ် တစ်လက်၊ ကျည်ဘောက် တစ်ခု၊ ကျည်အတောင့် ၂၀ နှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့တာဝန်ရှိသူက ပြောသည်။

“ပျူစောထီးနေတဲ့နေအိမ်လို့ သတင်းတိတိကျကျရလို့ ဝင်စီးဖြစ်တာပါ။ အချိန်သိပ်မကြာဘူး။ ဘန်ကာမှာရှိတဲ့တစ်ယောက်ဆီ​က တစ်လက်ပဲရခဲ့တာ။”ဟု မြိုင်(ပကဖ)တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြိုင်မြို့နယ်နှင့် ပေါက်အခြေပြု တော်လှန်ရေးအင်အားစု ဗိုလ်တစ္ဆေတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

လက်ရှိ ပေါက်မြို့နယ်မြောက်ပိုင်းတွင် ပခုက္ကူနှင့် မြိုင်မြို့နယ်ဘက်မှ အင်အား ၁၂၀ ကျော်ပါ စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၅ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်သူ နှစ်ဦး သတ်ဖြတ်ခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်မှာ ၁လအတွင်း စစ်တပ်စစ်ကြောင်းက ပြည်သူ ၂၄ ဦးထက်မနည်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်သွားကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်က ထောက်ရှာပင်ကျေးရွာကို စစ်တပ်စစ်ကြောင်း ဝင်ရောက်စီးနင်း မီးရှို့ခဲ့ရာ နေအိမ် ၅၀နီးပါးနဲ့ ထရန်စဖော်မာတစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

Facebook