Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူအချို့အား လမ်းပြခေါ်ဆောင်ပြီးနောက် နှစ်ဦးကို သတ်ဖြတ်

အဆိုပါ စစ်ကြောင်းကို PDF ပူးပေါင်းအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးများချကာ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြိုင်(ပကဖ)အဖွဲ့က အသိပေးသည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ပေါက်မြို့နယ်မှ ဒေသခံ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Pauk Newsletter)
(ထွက်ပြေးတိမ်းရှောင်နေရသော ပေါက်မြို့နယ်မှ ဒေသခံ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Pauk Newsletter)

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက ဒေသခံပြည်သူအချို့အား လမ်းပြခေါ်ဆောင်ပြီးနောက် နှစ်ဦးအား သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာ ၂၂ ရက် နံနက် ၅ နာရီခွဲခန့်က မြိုင်မြို့နယ်၊ အိုင်းမကျေးရွာမှ စစ်ကြောင်းသုံးကြောင်းဖြင့် ထွက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ပေါက်မြို့နယ်အတွင်း ရောက်ရှိစစ်ကြောင်းထိုးစဥ် တောအတွင်း နေထိုင်သော အမျိုးသား ၆ဦးအား ဖမ်းဆီးကာ လမ်းပြအဖြစ်ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် အမျိုးသား ၆ဦးအနက် ရေခါးကျေးရွာမှ ဦးကျောက်ရွှေနှင့် မန်ကျည်းဂုဏ်ကျေးရွာမှ ဦးသန်းငွေတို့အား ၎င်းတို့ကျေးရွာအနီးတွင် ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

“ဦးသန်းထွန်းနဲ့ ဦးကျောက်ရွှေတို့ နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို သူတို့ မိသားစုတွေက စစ်ကြောင်းနဲ့ နီးနေလို့ လာမသယ်နိုင်လို့ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့တယ်။”ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်တပ်ရေးတပ်ဖွဲ့(ပကဖ)အဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကြောင်းကို PDF ပူးပေါင်းအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးများချကာ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြိုင်(ပကဖ)အဖွဲ့က အသိပေးသည်။

ယင်းစစ်ကြောင်းသည် အင်အား ၁၅၀ခန့်ရှိပြီး ပခုက္ကူမြို့မှ ပေါက်မြို့နယ်သို့ ဝင်လာသည့် ရိက္ခာယာဉ်တန်းနှင့်အတူ ပါလာသော စစ်ကြောင်းဖြစ်ကြောင်း၊ အဆိုပါ စစ်ကြောင်းကြောင့် ပေါက်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာ၁၅ ရွာဝန်းကျင်မှာ စစ်ရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။

သတင်း

ကျူးလွန်သူကိုထိထိရောက်ရောက်အရေးယူ၊ အပြစ်ပေးဖို့အရပ်ဖက်အဖွဲ့တွေနဲ့ ပြည်သူတွေတောင်းဆို

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်မှာ ၁လအတွင်း စစ်တပ်စစ်ကြောင်းက ပြည်သူ ၂၄ ဦးထက်မနည်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်သွားကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်က ထုတ်ပြန်ပါတယ်။

Facebook