Connect with us

Hi, what are you looking for?

သတင်း

ချင်းရွှေဟော်မြို့ကို စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်

စစ်ကောင်စီတပ်သည် ယနေ့နံနက်တွင် မဟာမိတ်တပ်များ၏ တိုက်ခိုက်မှုခံရပြီး နေရာအများအပြား၌ အထိနာလျက်ရှိရာ လက်နက်ကြီးများဖြင့်လည်း ရမ်းသမ်းပစ်ခတ်နေ၍ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ဒေသ၌ အရပ်သားသေဆုံးထိခိုက်ရှိခဲ့သည်။

(ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်နယ်စပ်ဂိတ်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်နယ်စပ်ဂိတ်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကိုးကန့်ဒေသ ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ်မတော်(MNDAA) ဦးဆောင်သည့် မဟာမိတ်တပ်များက ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လာသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကိုးကန့်တိုက်ပွဲ၌ စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြီး မြို့ကို မဟာမိတ်တပ်များက ထိန်းချုပ်ထားသည့် အခြေအနေတွင် အောက်တိုဘာ ၂၇ရက် နံနက် ၁၀နာရီ ၅၈မိနစ်တွင် လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်သည်။

“ချင်းရွှေဟော်ဘက် ဂျက်ဖိုက်တာဖြင့် ပစ်နေပြီ” ဟု သတင်းရင်းမြစ်က ပြောသည်။

လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်မှု အခြေအနေကို မသိရသေးပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ယနေ့နံနက်တွင် မဟာမိတ်တပ်များ၏ တိုက်ခိုက်မှုခံရပြီး နေရာအများအပြား၌ အထိနာလျက်ရှိရာ လက်နက်ကြီးများဖြင့်လည်း ရမ်းသမ်းပစ်ခတ်နေ၍ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ဒေသ၌ အရပ်သားသေဆုံးထိခိုက်ရှိခဲ့သည်။

ယမန်နေ့နှင့် ယနေ့နံနက်ပိုင်းအထိ စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် လားရှိုးနှင့် ကွတ်ခိုင်တွင် ကလေးငယ် အပါအဝင် အရပ်သား လေးဦးသေဆုံးပြီး ၈ဦးထက်မနည်း ဒဏ်ရာရထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဥရောပတိုက်ရဲ့ လုံခြုံရေးအတွက် NATO စစ်မဟာမိတ် အဖွဲ့ထဲမှာ ဖြန့်ကျက်ပေးထားတဲ့ တိုက်လေယာဉ် စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကို အမေရိကန်က လျှော့ချသွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ဥရောပ နိုင်ငံတွေအတွက် နည်းပညာမြင့် မျိုးဆက်သစ် တိုက်လေယာဉ်တစ်စီး ထုတ်လုပ်ဖို့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ပြင်သစ်နဲ့ ဂျာမနီတို့က ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ မရိန်းတပ်ဖွဲ့ဟာ နောက်ဆုံးလက်ကျန် AV-8B Harrier II တိုက်လေယာဉ်တွေကို တရားဝင် အနားပေးလိုက်ပြီ ဖြစ်ပါတယ်။