Connect with us

Hi, what are you looking for?

News

သံအမတ်ကြီးဦးကျော်မိုးထွန်း IRIဒီမိုကရေစီသူရဲကောင်းဆုအတွက် ရွေးချယ်ခံရ

ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ မြန်မာစစ်တပ်ရဲ့ တရားမဝင်အာ ဏာသိမ်းမှုကို ရဲဝံ့စွာကန့်ကွက်ရှုတ်ချခဲ့ပြီး မြန်မာပြည်သူတွေတောင်းဆိုနေတဲ့ ဒီမိုကရေစီအရေးကို ကုလသမဂ္ဂကတဆင့် ကမ္ဘာကြီးက သိရှိဖို့ မြှင့်တင်ဆောင်ရွက်နေပါတယ်။

အပြည်ပြည်ဆိုင်ရာရီပက်ဗလစ်ကန်အင်စတီကျု(IRI)ရဲ့ ၂၀၂၁ ခုနှစ် လွတ်လပ်ခွင့်ဆု(John McCain Freedom Award)အတွက် ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကို ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။

ကမ္ဘာတဝန်းဒီမိုကရေစီမြှင့်တင်ရေးအဖွဲ့ IRI ဟာ ၂၀၂၁ ခုနှစ် ဒီမိုကရေစီသူရဲကောင်းတွေအဖြစ် လစ်ယူယေးနီးယားဝန်ကြီးချုပ်၊ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း၊ ဘီလာရုစ်နိုင်ငံရေးအကျဉ်းသားများအရေး ညှိနှိုင်းရေးကောင်စီကိုယ်စားလှယ်နဲ့ ဂရမ်မီဆုရှင်ကျူးဘားအနုပညာရှင်တို့ကို John McCain Freedom Award ပေးအပ်ချီးမြှင့်ဖို့ ရွေးချယ်ထားတာဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ မြန်မာစစ်တပ်ရဲ့ တရားမဝင်အာ ဏာသိမ်းမှုကို ရဲဝံ့စွာကန့်ကွက်ရှုတ်ချခဲ့ပြီး မြန်မာပြည်သူတွေတောင်းဆိုနေတဲ့ ဒီမိုကရေစီအရေးကို ကုလသမဂ္ဂကတဆင့် ကမ္ဘာကြီးက သိရှိဖို့ မြှင့်တင်ဆောင်ရွက်နေပါတယ်။

အဲဒီဆုပေးပွဲအခမ်းအနားကို အမေရိကန်၊ ဝါရှင်တန်မြို့တော်မှာ လာမယ့် အောက်တိုဘာ ၁၉ ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဖွဲ့ဝင် ၅၅ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် စက်တင်ဘာ ၁၄ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ဦးဆောင်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက် ကိုယ်စားပြုခွင့်ရအောင် ထိုင်းအစိုးရအနေနဲ့ ထောက်ခံပေးဖို့ စက်တင်ဘာ ၂ ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။