Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာစီးတီးကို ပိတ်ဆို့ ဝန်းရံထားကြောင်း အစ္စရေးစစ်တပ်ပြော

စစ်ပွဲ စတင်ပြီးချိန် ကတည်းက ပါလက်စတိုင်း ၉၀၀၀ ကျော် သေဆုံးပြီး အစ္စရေးမှာတော့ ၁၄၀၀ ကျော် အဖိတ်အစဉ် ရှိခဲ့ပြီး နှစ်ဖက်စလုံးရဲ့ သေဆုံးစာရင်းမှာ အများစုဟာ အရပ်သားတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဂါဇာစီးတီးကို ပိတ်ဆို့ ဝန်းရံထားကြောင်း အစ္စရေးစစ်တပ်ပြော
ဂါဇာစီးတီးကို ပိတ်ဆို့ ဝန်းရံထားကြောင်း အစ္စရေးစစ်တပ်ပြော

ဂါဇာ ကမ်းမြှောင်ဒေသရဲ့ မြို့တော်ဖြစ်တဲ့ ဂါဇာစီးတီးကို ထွက်ပေါက်မရှိအောင် ဝန်းရံ ပိတ်ဆို့ထားလိုက်ပြီ ဖြစ်ကြောင်း အစ္စရေး စစ်တပ်က ကြေညာပါတယ်။

ဟားမားစ် ပြောက်ကျားတွေကို ချေမှုန်းဖို့ ရည်ရွယ်ထားတဲ့ ထိုးစစ်မှာ အရေးပါတဲ့ အခင်းအကျင်း တခုကို အစပြုနေပြီဖြစ်ပြီး ပါလက်စတိုင်း တိုက်ခိုက်ရေးသမားတွေက ဂါဇာမှာ ဖောက်လုပ်ထားတဲ့ မြေအောက် ဥမင်တွေကနေ အလစ်ချောင်းပစ်ပြီး ထွက်ပြေးတဲ့ ဗျူဟာနဲ့ တုံ့ပြန်နေတယ်လို့ အစ္စရေးက ဆိုပါတယ်။

ဂါဇာ ကမ်းမြှောင် မြောက်ပိုင်းမှာ တည်ရှိတဲ့ ဂါဇာ စီးတီးဟာ ဟားမားစ်တွေရဲ့ အဓိက ခြေကုပ်နယ်မြေ တစ်ခုလို့ သတ်မှတ်နိုင်ပြီး လက်ရှိ ထိုးစစ်မှာ အစ္စရေးက အဓိက အာရုံအစိုက်ဆုံး ပစ်မှတ်လည်း ဖြစ်လာပါတယ်။

ဂါဇာ စီးတီးမှာ စစ်ပွဲကို အရှိန်မြှင့်နေပြီး အထင်ကြီးလောက်စရာ အောင်မြင်မှုတွေ ရရှိနေကြောင်း၊ အစ္စရေး စစ်ကြောင်းတွေဟာ ဂါဇာစီးတီးရဲ့ ဆင်ခြေဖုံးတွေကို စတင် ကျော်ဖြတ်ပြီး ရှေ့တိုး ချီတက်နေကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက နိုဝင်ဘာ ၂ ရက် ညနေပိုင်းမှာ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဟားမားစ်တွေ ထောင်ထားခဲ့တဲ့ ဗုံးတွေကြောင့် ဂါဇာစီးတီး ဆင်ခြေဖုံးတွေ နေရာအနှံ့ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်နေပေမယ့် အစ္စရေး စစ်တပ်ဟာ မြို့ကို ထွက်ပေါက်မရှိအောင် အောင်အောင်မြင်မြင် ဝန်းရံ ပိတ်ဆို့ထားနိုင်ခဲ့ပြီးပြီလို့ အစ္စရေး စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ နောက်တန်း သေနာပတိ ဒန်နီရယ်လ် ဟာဂါရီက ဆိုပါတယ်။

အစ္စရေး အင်ဂျင်နီယာတပ်ရဲ့ အကြီးအကဲ ဗိုလ်ချုပ် အစ်ဒို မစ်ဇ်ရာဟီက လောလောဆယ် အစ္စရေး စစ်တပ်အတွက် အကြီးမားဆုံး အဟန့်အတားက မြေမြှုပ်မိုင်းတွေနဲ့ ဗုံးထောင်ချောက်တွေ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဟားမားစ်တွေဟာ အတိတ်က ပဋိပက္ခတွေကို ကောင်းကောင်း သင်ခန်းစာယူပြီး ခံစစ်ကို သေချာပြင်ထားခဲ့တယ်လို့ သူက မှတ်ချက် ပေးပါတယ်။

ဂါဇာမှာ ထိုးစစ် စတင်ချိန် ကတည်းက အစ္စရေး စစ်တပ်က အကျအဆုံး ၁၈ ဦး ရှိလာကြောင်း ကြေညာထားပေမယ့် ဟားမားစ်တွေကတော့ တကယ်တမ်း အစ္စရေးရဲ့ အသေအပျောက်ဟာ စစ်မြေပြင်မှာ အဲဒီထက် အများကြီး ပိုတယ်လို့ ပြောပါတယ်။

ဟားမားစ်နဲ့ မဟာမိတ် အစ္စလာမ်မစ် ဂျီဟတ်ဒ် တိုက်ခိုက်ရေးသမားတွေဟာ မြေအောက် ဥမင်တွေထဲကနေ ရုတ်တရက် ထွက်လာပြီး အစ္စရေး တင့်ကားတွေကို လှမ်းပစ်၊ ချက်ချင်း ပြန်ဝင်ပြေးပြီး ကိုယ်ရောင်ဖျောက်သွားတဲ့ ဗျူဟာမျိုးနဲ့ အစ္စရေး ထိုးစစ်ကို ထိထိရောက်ရောက် နှောင့်ယှက်နေပါတယ်။

စစ်ပွဲ စတင်ပြီးချိန် ကတည်းက ပါလက်စတိုင်း ၉၀၀၀ ကျော် သေဆုံးပြီး အစ္စရေးမှာတော့ ၁၄၀၀ ကျော် အဖိတ်အစဉ် ရှိခဲ့ပြီး နှစ်ဖက်စလုံးရဲ့ သေဆုံးစာရင်းမှာ အများစုဟာ အရပ်သားတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဩဂုတ်လ ၁၁ ရက်မနက်ပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေး ၁ဦးအပါအဝင် အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

‎ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့လို့ ကလေးငယ်အပါအဝင်အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က ​​ရေ​ဘေးအဆိုးဆုံးခံ​နေရတဲ့ ​ရေဦးမြို့နယ်ကို ဗုံးကြဲ

သတင်း

ရေဘေးဒဏ်ခံစားနေရတဲ့ ခင်ဦးမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။