Connect with us

Hi, what are you looking for?

သတင်း

မြောက်စည်းရဲစခန်းမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများကို NUG ကာကွယ်​ရေးဝန်ကြီးဌာနထုတ်ပြန်

စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းရှိ မြောက်စည်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာ ၃ ရက် နံနက် ၆ နာရီခန့်တွင် စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၄ ရက် နံနက်တွင်သိမ်း ပိုက်နိုင်ခဲ့သည်။

(​စစ်တပ်အထိုင်ချတပ်စွဲထား​သောမြောက်စည်းရဲစခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိခဲ့​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-NUG-MOD)
(​စစ်တပ်အထိုင်ချတပ်စွဲထား​သောမြောက်စည်းရဲစခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိခဲ့​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-NUG-MOD)

ကလေးမြို့၊ မြောက်စည်းရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်စဉ် ရရှိခဲ့သော လက်နက်မျိုးစုံ အလက် ၂၀ ခန့်နှင့်ခဲယမ်းများသိမ်းပိုက်ရရှိ​ကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက ယ‌နေ့ (နိုဝင်ဘာလ ၉ရက်) ထုတ်ပြန်သည်။

စစ်​ကောင်စီတပ်က ရဲများနှင့် ပူ​ပေါင်း၍ အထိုင်ချတပ်စွဲထား​သော ​မြောက်စည်းရဲစခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများကိုထုတ်ပြန်ထားသည့်ဓာတ်ပုံတွင် သေနတ်မျိုးစုံ ၂၀ လက်ဝန်းကျင် နှင့် ဗုံးများ၊ကျည်များ စစ်သုံးပစ္စည်းများလည်း ပါဝင်သည်။ ရဲနှင့်စစ်ကောင်စီ တပ်ဖွဲ့ ယူနီဖောင်းအချို့လည်း တွေ့ရသည်။

စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းရှိ မြောက်စည်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာ ၃ ရက် နံနက် ၆ နာရီခန့်တွင် စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၄ ရက် နံနက်တွင်သိမ်း ပိုက်နိုင်ခဲ့သည်။

စခန်းသိမ်းပြီး​နောက် စစ်ကောင်စီဘက်မှ အ​လောင်း ၉ ​လောင်း ​တွေ့ရပြီး ၊​တော်လှန်​ရေးတပ်ဖွဲ့များမှလည်း ရဲ​ဘော် သုံးဦး ကျဆုံးခဲ့သည်။ ။ ​တော်လှန်​ရေး ပူး‌ ပေါင်းတပ်ဖွဲ့များဘက်မှ VAKOK-CNDF မှ ရဲဘော်တစ်ဦးနှင့် Ranger Kalay Defend Force -RKDF မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ခြင်းသည်။

Public Service Announcement

Public Service Announcement

ထိုစခန်းကိုကလေးခရိုင်တပ်ရင်း (၄)၊ CNDF၊ CDF KKG၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ RKDF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

​မြောက်စည်းရဲစခန်းအပြင် နိုဝင်ဘာ ၃ ရက်က က​လေး-တမူး အာရှအ​ဝေး​ပြေးလမ်း​ပေါ်မှ ရာဇဂြိုဟ်ရွာအနီးမှအကျဉ်းစခန်း (၁)၊ (၂) တို့ကိုလည်း ​တော်လှန်​ရေးအဖွဲ့များကတိုက်လိုက်သိမ်းပိုက်ခဲ့သည်။ ထိုအပြင် ထို​နေ့မှာပင် ကလေးမြို့နယ်အတွင်းရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)၊ အမှတ် (၂၂၈) ခြေလျင်တပ်ရင်း၊ အမှတ် (၆၄၄)စစ်လက်နက်ပစ္စည်းတပ်စုတို့ကို ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့ပြစီမံချက် UG Drone အဖွဲ့တို့က ဒရုန်း ၅ စီးဖြင့် တပြိုင်နက် ဗုံးကြဲတိုက်ခိုက်ခဲ့​သေးသည်။

အလားတူ က​လေး-တမူးလမ်း​ပေါ်ရှိ ခမ်းပါတ်မြို့ရှိ စစ်​ကောင်စီတပ် တပ်စွဲရာ​နေရာများနှင့် ဝိတုတ်ရွာရှိ စစ်​ကောင်စီစခန်းတို့ကိုလည်းနိုဝင်ဘာ ၃ ရက်နံနက်မှ အပြင်းအထန်တိုက်ခိုက်ပြီး ​PDF များနှင့် ​တော်လှန်​ရေးတပ်ဖွဲ့များက ခမ်းပါတ်မြို့ကို​ရော ၊ ဝိတုတ်စခန်းကိုပါသိမ်းပိုက်ခဲ့သည်။

လတ်တလောတွင် ကလေးမြို့နယ်အပြင် ဒေသတွင်း ဆက်စပ်နေသော တမူးမြို့နယ်နှင့် ဂန့်ဂေါမြို့နယ်၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊လွတ်မြောက်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဟန်ချက်ညီညီချိတ်ဆက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူ၀ါလရှီးလအပါအ၀င် တော်လှန်ရေးခေါင်းဆောင်တွေ ဆွေးနွေးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့အတွင်းရေးမှူး ခွန်းရဲခေါင်က ပြောပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေ ညီညွတ်ဖို့၊ စစ်ရေးအရဟန်ချက်ညီဖို့၊ ဗျူဟာမြောက်ပူးပေါင်းမှု ပိုမြှင့်တင်ဖို့ NUG တိုက်တွန်း

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် တောင်ဦးကျေးရွာရှိ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်စခန်းမှ လက်နက်ခဲယမ်းများသိမ်းရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။