Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ရှစ်ဦးသေဟု CNO/CNDF အသိပေး

စစ်ကောင်စီတပ်သည် စက္ကန့်ကျေးရွာအတွင်း နင်းမိုင်း ၁၀လုံးကိုလည်း ထောင်ထားခဲ့၍ဒေသကာကွယ်ရေးပူးပေါင်းတပ်က ဖယ်ရှားပေးခဲ့ရကြောင်း အသိပေးထားသည်။

(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့မှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - CNO)
(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့မှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - CNO)

နေအိမ်၊ စက်ပစ္စည်းများ မီးရှို့ပြီး အရပ်သားပြည်သူအချို့ကို စစ်ကောင်စီတပ် သတ်ဖြတ်

စစ်ကိုင်းတိုင်း ကလေးမြို့နယ်ရှိ မြို့လှနှင့် စက္ကန့်ကျေးရွာကြား၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) အထက်ချင်းတွင်းဒေသက သတင်းထုတ်ပြန်သည်။

ဩဂုတ် ၁၀ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်သားများသည် စစ်ကား နှစ်စီးဖြင့် မြို့လှရပ်ကွက်သို့ သွားရောက်ရာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်နှင့် တိုက်ပွဲစတင်ခဲ့ကြောင်း၊

မြို့လှနှင့် စက္ကန့်ရွာကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး လက်နက်တစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြထားသည်။

(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့မှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - CNO)
(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့မှုများအား တွေ့ရစဥ်။ ဓာတ်ပုံ – CNO)

စစ်ကောင်စီတပ်သည် မြို့လှရပ်ကွက်မှ အရပ်သား ၁၅ဦးကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုခဲ့သော်လည်း ဩဂုတ် ၁၁ရက်တွင် မြို့လှနှင့် စက္ကန့်ရွာကြား၌ တိုက်ပွဲဆက်ဖြစ်ခဲ့သည်ဟု ဆိုသည်။ ယင်းနေ့၌ တိုက်ပွဲ လေးကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ကားတစ်စီးဖြင့် လက်နက်ခဲယမ်း၊ လူအင်အားထပ်ဖြည့်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဩဂုတ် ၁၂ရက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး ညနေပိုင်းတွင် စစ်ကောင်စီတပ်များ ကလေးမြို့သို့ ပြန်လည်ဆုတ်ခွာသွားသည်ဟု ဆိုသည်။ ယင်းဆုတ်ခွာရာ လမ်းကြောင်းရှိ တောင်ဖီလာရပ်ကွက်၌လည်း ထပ်မံ၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။ အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ်သား ရှစ်ဦး သေဆုံးကာ ကာကွယ်ရေးတပ်မှ ထိခိုက်မှုမရှိဟု ထုတ်ပြန်သည်။

(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့မှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - CNO)
(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့မှုများအား တွေ့ရစဥ်။ ဓာတ်ပုံ – CNO)

စစ်ကောင်စီတပ်သားများ ဆုတ်ခွာစဉ် လူသားဒိုင်းအဖြစ်ဖမ်းဆီးထားသည့် ဒေသခံရွာသား ၁၅ ဦးကိုပြန်လွှတ်ပေးသော်လည်း မြို့လှရပ်ကွက်မှ (၁၃)နှစ်အရွယ်မိန်းကလေးနှင့် ယောက်ျားလေးတစ်ဦး ပျောက်ဆုံးခဲ့ကြောင်း၊ မြို့လှရပ်ကွက်နေ ဆယ်ကျော်သက်အရွယ် မိန်းကလေး တစ်ဦး ဝမ်းဗိုက်တွင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ဩဂုတ် ၁၃ရက်တွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က နယ်မြေရှင်းလင်းရေးပြုလုပ်ရာ မြို့လှရပ်ကွက်အတွင်း နေအိမ်များကို စစ်ကောင်စီတပ်က ဖောက်ထွင်းဝင်ရောက်ကာ အဖိုးတန်ပစ္စည်းများခိုးယူသွားသည့်အပြင် မြို့လှနှင့်စက္ကန့်ကျေးရွာကြားရှိ အိမ်တစ်လုံး၊ စက်ယန္တရားကြီးနှစ်စီးနှင့် ကားတစ်စီးကို စစ်ကောင်စီက မီးရှို့ခဲ့ကြောင်း ဖော်ပြထားသည်။

(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့မှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - CNO)
(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့မှုများအား တွေ့ရစဥ်။ ဓာတ်ပုံ – CNO)

ထို့ပြင် ကျွန်းချောင်းကျေးရွာမှ သားအမိကိုသတ်ဖြတ်ပြီးအလောင်း မီးရှို့ခဲ့ကြောင်း၊ စက္ကန့်ကျေးရွာနှင့် ရှားတောကျေးရွာကြား ကျောက်ခွဲစက်အနီးတွင် စစ်ကောင်စီက သတ်ဖြတ်ပြီးအလောင်းကို မီးရှို့ထားတဲ့ (၃၀)အရွယ် အမည်မသိအမျိုးသားအလောင်းလည်းတွေ့ရကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် စက္ကန့်ကျေးရွာအတွင်း နင်းမိုင်း ၁၀လုံးကိုလည်း ထောင်ထားခဲ့၍ဒေသကာကွယ်ရေးပူးပေါင်းတပ်က ဖယ်ရှားပေးခဲ့ရကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းမှ နှစ်လုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ရဲစခန်း နှစ်ခုကို မွန်ပြည်သစ်ပါတီ -စစ်အာဏာရှင်တိုက် ဖျက်ရေး(NMSP-AD)တပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့သည်ဟု NMSP-ADက ယနေ့(ဇန်နဝါရီ ၁၃ရက်)တွင် သတင်းထုတ်ပြန်သည်။

သတင်း

တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်ဆေးရုံအနီးကို စစ်ကောင်စီက ယနေ့(ဇန်နဝါရီ ၁၃ရက်) နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ မဇွပ်ယာန်ကျေးရွာနှင့် ဆန်ခါကျေးရွာကို ယနေ့ (ဇန်နဝါရီ ၁၃ ရက်)နံနက် ၁၁နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။