Connect with us

Hi, what are you looking for?

သတင်း

မန္တလေးကျုံးဘေးလမ်းတွေကို ပိတ်ပြီးလုံခြုံရေးအပြည့်ချထား

ကျုံးဘေးပတ်လည် အဓိကလမ်းတွေဖြစ်တဲ့ ၂၆လမ်း၊ လမ်း၈၀၊ ၁၂လမ်းနဲ့ ၆၆လမ်းတို့ကိုဖြတ်သန်းသွားလာခွင့်ပိတ်ထားတယ်လို့သိရပါတယ်။

မန္တလေးကျုံးတဝိုက်ကို Google Earth ကတဆင့်တွေ့ရစဉ်
မန္တလေးကျုံးတဝိုက်ကို Google Earth ကတဆင့်တွေ့ရစဉ်

မန္တလေးကျုံးဘေးပတ်လည် အဓိကလမ်းမကြီးတွေအားလုံးကို ကြိုတင်အသိပေးကြေညာတာမရှိဘဲ ဒီနေ့မနက်ပိုင်းမှာ ဖြတ်သန်းသွားလာခွင့်ပိတ်ပြီး စစ်တပ်အင်အားအများအပြားနဲ့လုံခြုံရေးချထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုမနက်ကစပြီး ကျုံးပတ်ပတ်လည်လမ်းတွေသွားမရဘူး ပိတ်ထားတယ်” လို့ကျုံးဘက်ကနေပြန်လာသူတစ်ဦးကပြောပါတယ်။

ကျုံးဘေးပတ်လည် အဓိကလမ်းတွေဖြစ်တဲ့ ၂၆လမ်း၊ လမ်း၈၀၊ ၁၂လမ်းနဲ့ ၆၆လမ်းတို့ကိုဖြတ်သန်းသွားလာခွင့်ပိတ်ထားတယ်လို့သိရပါတယ်။

အဲဒီလမ်းမတွေရှောင်ကွင်းသွားလာရတဲ့အတွက်မန္တလေးမြို့တွင်းမှာ ယာဉ်ကြောပိတ်ဆို့မှုလည်းဖြစ်နေပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်နဲ့ နီးစပ်သူအချို့ရဲ့ပြောပြချက်အရ နန်းတွင်းမှာအခြေစိုက်တဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ပွဲပြုလုပ်လို့ လုံခြုံရေးအတွက်လမ်းယာယီပိတ်တာလို့သိရပါတယ်။

ဒီနေ့နေ့လယ်ပိုင်း ၁၂ နာရီအချိန်ထိ လမ်းပြန်မဖွင့်ပေးသေးဘူးလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။