Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်ရှိသပြေစမ်းရဲကင်းစခန်းအား​ တော်လှန်​ရေးအဖွဲ့များ သွားရောက်တိုက်ခိုက်

တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစုနှင့်မဟာမိတ်များသည် စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း ပျော်ဘွယ်မြို့နယ်၊ ညောင်ကုန်းတိုက်နယ်ရဲစခန်းကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ရဲ၃ဦးသေဆုံးခဲ့သည်။

(အမြန်လမ်းနှင့် ရမည်သင်းမြို့အနီးဝန်းကျင်ကို Google Map တွင်​တွေ့ရမှု)
(အမြန်လမ်းနှင့် ရမည်သင်းမြို့အနီးဝန်းကျင်ကို Google Map တွင်​တွေ့ရမှု)

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိ သပြေစမ်းရဲကင်းစခန်းအား သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုဝင်များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း တိုက်ဒေါင်းပြည့်သူ့တော်လှန်ရေးအင်အားစု၏ ပြန်ကြားရေးတာဝန်ခံကိုပုညက ပြောသည်။

ယနေ့ နိုဝင်ဘာလ ၆ ရက် နံနက် ၁ နာရီခွဲခန့်က ရမည်းသင်းမြို့နယ်၊လွှစင်အုပ်စု၊သပြေစမ်းကျေးရွာအနီး၊ ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၄၉/၂၅၀ရှိ သပြေစမ်းရဲကင်းစခန်းအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စခန်း၌ စစ်ကောင်စီတပ်နှင့်ရဲအင်အား ၁၇ ဦးထက်မနည်းရှိပြီး ၎င်းတို့က ပြန်လည်ပစ်ခတ်ခဲ့၍ မိနစ်၂၀ခန့် အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း၊ စစ်အုပ်စုဝင် ၄ ဦးသေဆုံးသည်ဟု သတင်းရသော်လည်း အတည်မပြုနိုင်သေးကြောင်း တိုက်ဒေါင်းပြည့်သူ့တော်လှန်ရေးအင်အားစု၏ ပြန်ကြားရေးတာဝန်ခံ ကိုပုညက ပြောသည်။

“ပေငါးဆယ်လောက်အထိ ကပ်နိုင်ခဲ့တယ်။ညကြီးဆိုတောသိပ်မမြင်ရဘူး။ ဒေသခံတွေပြောတာတော့ လူနာတင်ယာဥ်လာတာတွေ့တယ်ပြောတယ်။သေဆုံးမှုရှိမယ်။ ကျွန်တော်တို့ကမောင်းပြန်အင်အားရှိသလောက်ပဲ လူကလိုက်သွားရတာဆိုတော့ စခန်းတော့မသိမ်းနိုင်ခဲ့ဘူး။ သူတို့မှာက စက်လက်တစ်လက်လဲရှိတယ်။ပြန်ဆုတ်ချိန်နဲ့ဆို ၄၅ မိနစ်လောက် ထိတွေ့မှုရှိခဲ့တယ်။”ဟု ကိုပုညက​ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရသည့်ရဲစခန်းသို့ တစ်နာရီခန့် အကြာတွင် စစ်ကူရောက်လာခဲ့သည်ဟု သိရသည်။

ထိုစစ်ဆင်ရေးကို တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစု၊ သာစည် (ပကဖ)၊ မြို့သစ် (ပကဖ)၊ တပ်ရင်း(၉၀၃)ဂဠုန် PDF၊ တပ်ခွဲ (၁) နတ်မောက် ကျားသစ်နက်တပ်ဖွဲ့၊ဗိဿနိုးလက်အောက်ခံ(ကြိုးကြာနီတပ်ဖွဲ့)၊ နတ်မောက် (ပကဖ)တို့က စနစ်တကျ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစုနှင့်မဟာမိတ်များသည် စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း ပျော်ဘွယ်မြို့နယ်၊ ညောင်ကုန်းတိုက်နယ်ရဲစခန်းကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ရဲ၃ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ အိမ်စီးကားတစ်စီး ဘီးပေါက်လမ်းဘေးထိုးကျ တိမ်းမှောက်လို့ ယာဉ်ပေါ်မှာပါတဲ့ အမျိုးသမီး ၂ဦးသေဆုံးခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ စကားအင်းအမြန်လမ်း မီးသတ်စခန်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ် ဘီးပေါက်လို့ ယာဉ်နောက်လိုက်က ကားအောက်ဝင်ပြီး စပယ်ယာဘီးလဲနေချိန် ကားလေအိတ်ပေါက်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ ကအသိပေးထားပါတယ်။

သတင်း

တော်လှန်ရေးအဖွဲ့တွေအချင်းချင်းပွတ်တိုက်မှု ပိုများလာတာကို အချိန်မီပြင်ဆင်ဖို့လိုပြီး ဘုံရန်သူ စစ်အာဏာရှင်ကိုမမေ့ဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ဥက္ကဌ ခွန်းဗဟန်းထန်က သတိပေးပြောလိုက်ပါတယ်။