Connect with us

Hi, what are you looking for?

သတင်း

လေယာဉ်ဆီ ဖြတ်တောက်နိုင်ရေး ဆီသယ်ယာဉ်များကို စစ်ဆေးရန် NUG အမိန့်ထုတ်

မြန်မာပြည်သူပြည်သားများ မတရားသဖြင့် ဥပဒေမဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရခြင်းမှ ကာကွယ်တားဆီးနိုင်ရန်အတွက် အထက်ဖော်ပြပါ ညွှန်ကြားချက်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးက သိရှိ လိုက်နာဆောင်ရွက်သွားကြရန် အကြောင်း ကြားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကသာ-ထီးချိုင့်ကားလမ်း အောင်ဘုံကျေးရွာအနီးမှာ ၂၀၂၁ မေ ၂၇ ရက်က လောင်စာဆီသယ်ယာဉ်တစ်စီး တိမ်းမှောက်ပြီး မီးလောင်မှုဖြစ်နေစဉ်။ ဓာတ်ပုံ - CJ
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကသာ-ထီးချိုင့်ကားလမ်း အောင်ဘုံကျေးရွာအနီးမှာ ၂၀၂၁ မေ ၂၇ ရက်က လောင်စာဆီသယ်ယာဉ်တစ်စီး တိမ်းမှောက်ပြီး မီးလောင်မှုဖြစ်နေစဉ်။ ဓာတ်ပုံ - CJ

▪️သယ်ယူပို့ဆောင်ခြင်းကိုတားမြစ်ထားပြီး မလိုက်နာပါက အရေးယူရန် ညွှန်ကြား

လေယာဉ်ဆီဖြတ်တောက်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် အချက်များ၊ လိုက်နာရမည့်အချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယနေ့ နိုဝင်ဘာ ၁၉ရက်တွင် အမိန့်ထုတ်ပြန်ခဲ့ရာ ဆီသယ်ယာဉ်များကို စစ်ဆေးရန် ညွှန်ကြားခဲ့သည်။

တော်လှန် ရေး အရှိန်မြင့်တက်လာသည်နှင့်အမျှ တိုက်ပွဲကာလ ပြင်းထန်နေပြီး တော်လှန်ရေး အင်အားစုများ က ဘက်ပေါင်းစုံမှ ထိုးစစ်ဆင်လျက်ရှိကြောင်း အသိပေးထားပြီး အကြမ်းဖက်စစ်ကောင်စီက လည်း အရပ်သားပြည်သူများကို ရက်ရက်စက်စက် လူမဆန်စွာ လေယာဉ်ဖြင့် ဗုံးကြဲ ပစ်ခတ် သတ်ဖြတ်မှုများ လုပ်ဆောင်ခြင်းကို ဟန့်တားနိုင်ရန် အတွက် ယခုကဲ့သို့ လိုက်နာရန် အချက်များကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အရပ်သားပြည်သူများကို လေယာဉ်ဖြင့် ဗုံးကြဲ ပစ်ခတ်ခဲ့သည့် ပဇီကြီး၊ အနန့်ပါ၊ ထီးချိုင့် စသည့်ဖြစ်စဉ်များတွင် ကလေး၊ လူငယ်၊ လူကြီး၊ အမျိုးသား၊ အမျိုးသမီး၊ ကိုယ်ဝန်ဆောင်များပါမကျန် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသည့် ဖြစ်ရပ်မျိုး ထပ်မံ ဖြစ်ပွားခြင်းမှ ကာကွယ်ရန်၊ တော်လှန်ရေး အင်အားစုများနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်နိုင်စေရန် လေယာဉ်ဆီ သယ်ယူ ပို့ဆောင် နေသော သီလဝါ ဆိပ်ကမ်း နှင့် အခြားနယ်စပ်ဂိတ်များမှတဆင့် သယ်ယူ ဖြန့်ဖြူးခြင်းကို မြန်မာတနိုင်ငံလုံး အနှံ့ တားမြစ် ပိတ်ပင်သည့်အတွက် သယ်ယူ ပို့ဆောင်ခြင်း လုံးဝခွင့်မပြုရန် အမိန့်ထုတ်ပြန်သည်။

အဆိုပါ တားမြစ်ကန့်သတ်ထားသော လေယာဉ်ဆီကို သယ်ယူ ပို့ဆောင်ခြင်း ဆောင်ရွက်ပါက အကြမ်းဖက် ဥပဒေ ပုဒ်မ ၅၂ အရ ပြင်းထန်စွာ အရေးယူမည် ဖြစ်သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏ ညွှန်ကြားချက်ကို သိရှိ လိုက်နာ ပြီး တော်လှန်ရေးအင်အားစုများနှင့် အတူ ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

သက်ဆိုင်ရာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့်လည်း မိမိတို့ စိုးမိုး နယ်မြေဒေသအသီးသီးရှိ မြို့နယ်များတွင် ဖြတ်သန်းသွားလာသည့် စက်သုံးဆီ ယာဉ်များကို အခွန်ကောက်ခံရန် စစ်ဆေးရာ၌ လေယာဉ်ဆီပါဝင်ခြင်း ရှိ/မရှိကို သေချာစွာ စစ်ဆေး ကြည့်ရှုပြီးမှသာ ခွင့်ပြုရန်နှင့် တွေ့ရှိပါက ဖမ်းဆီး ထိန်းသိမ်း ထားပြီး အရေးယူခြင်း ပြုလုပ်ရမည်ဟု ဖော်ပြသည်။

မြန်မာပြည်သူပြည်သားများ မတရားသဖြင့် ဥပဒေမဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရခြင်းမှ ကာကွယ်တားဆီးနိုင်ရန်အတွက် အထက်ဖော်ပြပါ ညွှန်ကြားချက်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးက သိရှိ လိုက်နာဆောင်ရွက်သွားကြရန် အကြောင်း ကြားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။