Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတိုက်​လေယာဥ်မှ အသုံးအ​ဆောင်ပစ္စည်း​တွေရရှိတယ်လို့ NUGထုတ်ပြန်

စစ်​ကောင်စီတပ် တိုက်​လေယာဥ်မှာ တရုတ်နိုင်ငံထုတ် K-8 အ​ပေါ့စားတိုက်​လေယာဥ်ဖြစ်ပြီး ​လေ့ကျင့်စမ်းသပ်ပျံသန်းရင်းပျက်ကျတာလို့ ဆိုပါတယ်။

(စစ်​ကောင်စီတပ် တိုက်​လေယာဥ်က သိမ်းဆည်းရရှိတဲ့ ပစ္စည်း​တွေနဲ့ PDF အချို့က စစ်​ဆေးဝတ်ဆင်ပြ​နေသည်ကို​တွေ့ရစဥ်။ဓါတ်ပုံ-NUG-MOD)
(စစ်​ကောင်စီတပ် တိုက်​လေယာဥ်က သိမ်းဆည်းရရှိတဲ့ ပစ္စည်း​တွေနဲ့ PDF အချို့က စစ်​ဆေးဝတ်ဆင်ပြ​နေသည်ကို​တွေ့ရစဥ်။ဓါတ်ပုံ-NUG-MOD)

ကရင်နီတပ်​ပေါင်းစုက ယ​နေ့​နေ့က ပစ်ချခဲ့ တဲ့ စစ်​ကောင်စီတပ် ​တိုက်​လေယာဥ်က အသုံးအ​ဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရရှိတယ် လို့ NUG ၊ ကာကွယ်​ရေးဝန်ကြီးဌာနကထုန်ပြန်ပါတယ်။

လေထီး (၁) စုံ ၊ကယ်ဆယ်ရေး လေထိုးလှေငယ် (၁) စင်း၊ စကားပြောစက်ကြီး (၁) လုံး ၊လက်ကိုင်စကားပြောစက် (၁) ခု ၊ လေယာဉ်မှူးထိုင်ခုံ (၁) ပိုင်း ၊ အသက်ရှုအောက်ဆီဂျင်စက် (၁) စုံ ၊ Helmet (၁) လုံး ၊ ဆေးဝါးနဲ့ ဓာတ်စာ​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်း စစ်ဌာန တပ်ရင်း​တွေက သိမ်းဆည်းရရှိတာလို့ ​ဖော်ပြထားပါတယ် ။

ကရင်နီ​တော်လှန်​ရေး တပ်ဖွဲ့​တွေက နိုဝင်ဘာ ၁၁ ရက်မှာစစ်​ကောင်စီတပ် စခန်း​တွေကို ၁၁.၁၁ စစ်ဆင်​ရေးအဖြစ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ် ။စစ်​ကောင်စီတပ်က အထိနာတာ​ကြောင့် ​လေ​ကြောင်းကပစ်ကူ အသုံးပြုတိုက်ခိုက်ခဲ့တာမှာ တိုက်​လေယာဥ် တစ်စီးကို ကရင်နီ​တော်လှန်​ရေးတပ်ဖွဲ့က ပစ်ချနိုင်ခဲ့ပါတယ်။

(စစ်​ကောင်စီတပ် တိုက်​လေယာဥ်က သိမ်းဆည်းရရှိတဲ့ ပစ္စည်း​တွေနဲ့ PDF အချို့က စစ်​ဆေးဝတ်ဆင်ပြ​နေသည်ကို​တွေ့ရစဥ်။ဓါတ်ပုံ-NUG-MOD)
(စစ်​ကောင်စီတပ် တိုက်​လေယာဥ်က သိမ်းဆည်းရရှိတဲ့ ပစ္စည်း​တွေနဲ့ PDF အချို့က စစ်​ဆေးဝတ်ဆင်ပြ​နေသည်ကို​တွေ့ရစဥ်။ဓါတ်ပုံ-NUG-MOD)

စစ်ကောင်စီ ရဲ့ အမျိုးအမည်မသိတိုက်လေယာဉ် တစ်စီးကို KNDF-B01 နဲ့ KA တို့က ပွိုင့်ဖိုက်(.5)များဖြင့် တန်ပြန်ပစ်ခတ်နိုင်ခဲ့တာမှာ လေယာဉ်အ တောင်ပံ နဲ့ ကိုယ်ထည်ပိုင်းကို ကျည်ဆံထိမှန်ခဲ့ပြီး​ မီးခိုးအများအပြားထွက် ပြန်လှည့်ထွက်သွားခဲ့ပြီး​တော့ စစ်မြေပြင်နဲ့ အဝေးတစ်နေရာမှာပျက်ကျခဲ့တယ်လို့ KNDF ကထုတ်ပြန်ထားပါတယ်။ အဲဒီလေယာဉ်မှာ ပါဝင်သူ နှစ်ဦးကို နှစ်ဖက်တပ်​တွေက လိုက်လံရှာဖွေနေတယ် လို့လည်း အသိ​ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ် တိုက်​လေယာဥ်မှာ တရုတ်နိုင်ငံထုတ် K-8 အ​ပေါ့စားတိုက်​လေယာဥ်ဖြစ်ပြီး ​လေ့ကျင့်စမ်းသပ်ပျံသန်းရင်းပျက်ကျတာလို့ ဆိုပါတယ်။

ယမန်​နေ့ ညပိုင်းမှာ KNDF က စစ်တပ်တိုက်​လေယာဥ်ကို ပွိုင့် -5 နဲ့ ပစ်ခတ်ပြီး​လေယာဥ် ​တောင်ပံ့မီးခိုးထွက်လျက် ပျံသန်းသွားတဲ့ ရုပ်သံဖိုင်ကိုထပ်မံထုတ်ပြန်ခဲ့ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။