Connect with us

Hi, what are you looking for?

သတင်း

ကောလင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ

အချို့နေအိမ်များ အမိုးနှင့်အကာအရံများ ပေါက်ပြဲနေသည်ကို တွေ့ရပြီး နေအိမ်အချို့မှာ မီးလောင်ပြာကျခဲ့သည်ကို တွေ့ရသည်။

(ကောလင်းမြို့ရှိ နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Kawlininfo)
(ကောလင်းမြို့ရှိ နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Kawlininfo)

စစ်ကိုင်းတိုင်း ကောလင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော မြို့တွင်းရှိ နေအိမ်များ၏ မှတ်တမ်းပုံများအား Kawlininfo စာမျက်နှာက ယနေ့ ထုတ်ပြန်သည်။

အချို့နေအိမ်များ အမိုးနှင့်အကာအရံများ ပေါက်ပြဲနေသည်ကို တွေ့ရပြီး နေအိမ်အချို့မှာ မီးလောင်ပြာကျခဲ့သည်ကို တွေ့ရသည်။

ယခုလက်ရှိ ကောလင်းမြို့ပေါ်တွင် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ စီမံနေပြီဖြစ်၍ ပြည်သူများ ပြန်လည်နေထိုင်နိုင်ပြီဖြစ်ကြောင်းနှင့် လက်အောက် မြို့အုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန် CDM ဝန်ထမ်းများအား ဖိတ်ခေါ်ထားသည်။

ကောလင်းမြို့ကို နိုဝင်ဘာ ၆ ရက်တွင် အမှတ် (၁)စစ်ဒေသ ခရိုင်ကွပ်ကဲမှုအစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

KIA၊ PDFနှင့် ပကဖတို့က သိမ်းပိုက်ထားသည့် ကောလင်းမြို့ကို နိုဝင်ဘာ ၈ ရက် ညနေ ၃နာရီအချိန်တွင် ကောလင်းခရိုင်အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။