Connect with us

Hi, what are you looking for?

သတင်း

ကောလင်းမြို့သိမ်းအောင်ပွဲအတွက် နိုင်ငံတော်သမ္မတရုံး ဂုဏ်ပြု

ကောလင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်သေဆုံးထိခိုက်များကာ လက်နက်မျိုးစုံ ၅၄လက်ထက်မနည်းကို တော်လှန်ရေးတပ်များကသိမ်းဆည်းရရှိခဲ့သည်။

ကောလင်းမြို့သိမ်းအောင်ပွဲအတွက် နိုင်ငံတော်သမ္မတရုံး ဂုဏ်ပြု
ကောလင်းမြို့သိမ်းအောင်ပွဲအတွက် နိုင်ငံတော်သမ္မတရုံး ဂုဏ်ပြု

▪︎စစ်ဆင်ရေးအတွင်း စွန့်စား ပေးဆပ်သူများအား ဦးညွှတ်ကြောင်းဖော်ပြ

စစ်ကိုင်းတိုင်း ကောလင်းမြို့သိမ်း အောင်ပွဲအတွက် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့ပြီး စစ်ဆင်ရေးအတွင်း စွန့်စား ပေးဆပ် စွန့်လွှတ်သူများ အားလုံးကို ထာဝရ အမှတ်ရစွာဖြင့် ဦးညွှတ် အလေးပြုကြောင်း ဖော်ပြသည်။

အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး၏ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၏မြို့တော် ကောလင်းမြို့ကို နိုဝင်ဘာ ၆ရက်တွင်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ကောလင်းမြို့သိမ်းအောင်ပွဲအတွက် နိုင်ငံတော်သမ္မတရုံး ဂုဏ်ပြု
ကောလင်းမြို့သိမ်းအောင်ပွဲအတွက် နိုင်ငံတော်သမ္မတရုံး ဂုဏ်ပြု

ထိုသို့ အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည့်အတွက် အထူးပင် ဝမ်းမြောက် ဂုဏ်ယူကြောင်း၊ ခရိုင်အဆင့်ရှိ မြို့တမြို့ကို ပထမဆုံးအကြိမ် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် စစ်ဆင်ရေးတွင် ဦးဆောင်သူများနှင့် ပါဝင်သူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပြီး မှတ်တမ်းတင် ဂုဏ်ပြုကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ကောလင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်သေဆုံးထိခိုက်များကာ လက်နက်မျိုးစုံ ၅၄လက်ထက်မနည်းကို တော်လှန်ရေးတပ်များကသိမ်းဆည်းရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ကောလင်းမြို့ကိုတော်လှန်ရေးပူးပေါင်းတပ်များက နိုဝင်ဘာ ၃ ရက်တွင်စတင်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီကလေကြောင်း

ပစ်ကူပေးပြီး အကြိမ်ကြိမ်ခုခံကာကွယ်နေသည့်ကြားမှ ၄ရက်မြောက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း တန့်ဆည်နဲ့ ကောလင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာကူညီထောက်ပံ့တာ​တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီက​နေ့ (သြဂုတ် ၂၆) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမှာ​ရေ​ဘေ​ကြောင့်​သေဆုံးသူ ၂၀ ဦးရှိလာ

သတင်း

စစ်ကိုင်းတိုင်း၊အင်း တော်မြို့နယ်၊မဲဇာတောင်နဲ့ ကောလင်းမြို့နယ်ကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေချိတ်ဆက်ဖို့ကြိုးစား နေပြီး တိုက်ပွဲ တွေ ဆက်တိုက်ပြင်းထန် နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၃၀ကျော်ဟာ အရက်ပြတ်သွားလို့ အရက်ပျံ ဆားခပ်ပြီး အရက်အဖြစ်သောက်ရာက ပိုးသတ်ဆေးနဲ့ မှားသောက်မိလို့ စစ်သား ၇ဦး သေဆုံးကာ တချို့မှာ ဆေးရုံပို့ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook