Connect with us

Hi, what are you looking for?

သတင်း

စခန်းစွန့်သွားသည့် စစ်ကောင်စီက လူသားဒိုင်းအဖြစ်အသုံးချနိုင်၍ ပြည်သူများ ဖလမ်း – ကလေးလမ်းပိုင်းကို အသုံးမပြုရန် CNO ကြေညာ

စစ်ကောင်စီများသည် ခရီးသွားပြည်သူများအား လူသားဒိုင်းအဖြစ် အသုံးချနိုင်သောကြောင့် ပြည်သူများ အနေဖြင့် ဖလမ်း – ကလေးလမ်းမကြီးအား လုံး၀အသုံးမပြုကြရန် အထူးသတိပေးကြောင်း ယနေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) ၏ အထူး ကွန်မန်ဒိုသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲကို ၂၀၂၂ မတ်လ ၄ရက်က ပြုလုပ်နေစဥ်။ ဓာတ်ပုံ - CNO)
(ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) ၏ အထူး ကွန်မန်ဒိုသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲကို ၂၀၂၂ မတ်လ ၄ရက်က ပြုလုပ်နေစဥ်။ ဓာတ်ပုံ - CNO)

ချင်းပြည်နယ် ဖလမ်းမြို့နယ် ထင်းရှုးစခန်းရှိ စစ်ကောင်စီတပ်များ စခန်းစွန့်ခွာသွားရာ ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးချလာနိုင်၍ ဖလမ်း – ကလေး လမ်းပိုင်းကို အသုံးမပြုရန် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ယနေ့ အရေးပေါ် ကြေညာချက်ထုတ်ပြန်သည်။

နိုဝင်ဘာ ဒုတိယပတ်တွင် ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ချင်းအမျိုးသားတပ်မတော်(CNA) က တိုက်ခိုက်သိမ်းပိုက်ခြင်း၊ CNO လက်အောက်ခံ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)က သိမ်းပိုက်ခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက် မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို စွန့်ခွာခြင်းများပြုလုပ်လျက်ရှိသည်။

ယင်းအနက် ခလရ(၂၆၈)လက်အောက်ခံ ဖလမ်းမြို့နယ် ထင်းရှူးစခန်းမှ စစ်ကောင်စီတပ်သည်လည်း စခန်းကို စွန့်ခွာသွားကြောင်း CNOက ယနေ့အသိပေးသည်။

စစ်ကောင်စီများသည် ခရီးသွားပြည်သူများအား လူသားဒိုင်းအဖြစ် အသုံးချနိုင်သောကြောင့် ပြည်သူများ အနေဖြင့် ဖလမ်း – ကလေးလမ်းမကြီးအား လုံး၀အသုံးမပြုကြရန် အထူးသတိပေးကြောင်း ယနေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်များကို ချင်းတပ်ဖွဲ့များက လာရောက်တိုက်ခိုက်ပါက ခုခံခြင်းမပြုဘဲ စခန်းကို စွန့်ခွာထွက်ပြေးခြင်းများ ပြုလုပ်လျက်ရှိသည်။

ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်း ၂ခုကို CNA ဦးဆောင်သည့် ပူးပေါင်းတပ်က နိုဝင်ဘာ ၁၃ရက်က သိမ်းပိုက်စဉ်က စစ်ကောင်စီတပ်သား ၄၀ကျော် အိန္ဒိယဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားရာ လက်နက်ခဲယမ်းအများအပြားကို ချင်းတပ်ဖွဲ့ကရရှိခဲ့သည်။

ဖလမ်းမြို့နယ် သီးဘွာလ်တပ်စခန်းကို CNDF သိမ်းပိုက်စဉ်ကလည်း စစ်ကောင်စီတပ်များ ထွက်ပြေးသွားသည်။ အလားတူ တီးတိန်မြို့နယ် ကနေဒီတောင်ရှိ စစ်ကောင်စီတပ်စခန်းကို PDF-Zolandက တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်များ ထွက်ပြေးသွားရာ ယင်းအနက် ဗိုလ်မှူး အပါအဝင် ၁၂ဦးကို ဖမ်းဆီးရရှိခဲ့ပြီး လက်နက် ၂၄လက်ရရှိခဲ့ကြောင်း PDF-Zolandက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။