Connect with us

Hi, what are you looking for?

သတင်း

ရေဦးနယ်ရှိ ပျူစောထီးစခန်းကို PDFများ တိုက်ခိုက် ရာ ခုနစ်ဦးအရှင်ဖမ်းမိ

ရေဦးမြို့ဘက်မှ ​အောင်သာယာကျေးရွာဘက်သို့ စစ်ကူတက်လာ​သော အင်အား ၅၀ကျော်ပါ စစ်​ကြောင်းမှာလည်း ​လေးရွာနှင့်ဇီးကန်ရွာကြားတွင် မိုင်းမိကာ ​လေးရွာအနီး၌ တပ်စွဲထားကြောင်း ဒေသတွင်း Infinity Group က ရေးသားသည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၏ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-PLA
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၏ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-PLA

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အောင်သာယာကျေးရွာရှိ စစ်ကောင်စီတပ်သားနှင့်ပျူစောထီးစခန်းကို ဒေသတွင်း PDFများ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတစ်ဦးနှင့် ပျူစောထီး ခြောက်ဦးအရှင်ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ (နိုဝင်ဘာ၂၄ ရက်)နံနက် ၄နာရီခန့်က ရေဦးမြို့နယ်၊ အောင်သာယာကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးစခန်းကို ဒေသတွင်းPDFအဖွဲ့များ ပူးပေါင်းကာ သွားရောက်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲချိန် ၂နာရီနီးပါးကြာမြင့်ခဲ့ပြီး ကျေးရွာအတွင်းရှိ စခန်းအချို့ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ထို့အပြင် စစ်သားတစ်ဦးနှင့် ပျူအဖွဲ့ဝင် ၆ဦးလည်း ဖမ်းဆီးခဲ့ပြီး ကာဘိုင်သေနတ်တစ်လက်ပါ သိမ်းဆည်းခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)နှင့်မဟာမိတ်တပ်ပေါင်းစုဘက်မှ ရဲဘော် ၅ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်။ စစ်အုပ်စုဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးပြီး ၁၅ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း၏ PLAတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းရန် ရည်ရွယ်ခဲ့လည်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးပစ်ကူ၊ ခြေလျင်တပ်စစ်ကူများအပြင် Mi-35 ဖြင့်ပါ စစ်ကူရောက် လာ၍ ဖမ်းဆီးရမိသည့် သုံ့ပန်းများ၊ ပစ္စည်းများကိုသိမ်းယူခဲ့ကြောင်း PLAက အသိပေးသည်။

ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများကိုPLA အမှတ်(၁)စစ်ဒေသလက်အောက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ သုံ့ပန်းပေါ်လစီနှင့်အညီ ထိန်းသိမ်းထားကြောင်း PLAက အသိပေးသည်။

“ရန်သူ့ဘက်က ဆေးရုံရောက်မှသေတာတို့၊ ကာဘိုးရောက်မှသေတာတို့ရှိတယ်။ လေကြောင်းတိုက်တာရဲဘော်တွေတော့မထိဘူး။ အခင်းဖြစ်တဲ့ရွာနားဝန်းကျင်ကို ရေဦးကနေပစ်တဲ့ လက်နက်ကြီး ဟောင်ဝစ်ဇာနဲ့လှမ်းထုတာရှိတယ်။စခန်းတွေမီးရှို့နိုင်ခဲ့တာလည်း ရှိတယ်။ လက်နက်ကြီးတွေတည့်တည့်ကျလို့ ပျက်စီးသွားတဲ့ဘန်ကာတွေလည်း ရှိတယ်။ရေဦးက ပစ်ကူတာတွေရယ်၊ ကာဘိုးဘက်ကစစ်ကူလာတာတွေရှိလို့ မတက်သာလို့ ဆုတ်ခွာခဲ့ရတာ။”ဟု Taze Civil Revolution Force-TCRF(PLA) အဖွဲ့၏ တိုက်ခိုက်ရေးတာဝန်ခံက ပြောသည်။

ရေဦးမြို့ဘက်မှ ​အောင်သာယာကျေးရွာဘက်သို့ စစ်ကူတက်လာ​သော အင်အား ၅၀ကျော်ပါ စစ်​ကြောင်းမှာလည်း ​လေးရွာနှင့်ဇီးကန်ရွာကြားတွင် မိုင်းမိကာ ​လေးရွာအနီး၌ တပ်စွဲထားကြောင်း ဒေသတွင်း Infinity Group က ရေးသားသည်။

အဆိုပါတိုက်ပွဲကို ဆောင်းဦးကောက်ရိတ်သိမ်းချိန်စစ်ဆင်ရေးအဖြစ် PLA အမှတ်(၁)စစ်ဒေသ၏ စစ်ရေးဦးဆောင်မှု၌ မဟာမိတ်တပ်ပေါင်းစုတပ်ဖွဲ့များဖြစ်သော ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ၊ 96 Soldiers PDF (အညာတပ်ခွဲ)၊ စိန်ဗေဒါKBU (ပကဖ)၊ မိုးကြိုးမုန်တိုင်း LPDF ၊ ဝံသပါလ LPDF ၊ TCRF (PLA) ၊ ရွှေဘိုဓူဝံ (PLA) ၊ GZ LPDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ စစ်မှုထမ်းဖို့ အဓမ္မပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့လူငယ်တွေ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။