Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦးနယ်ရှိ ပျူစောထီးစခန်းကို PDFများ တိုက်ခိုက် ရာ ခုနစ်ဦးအရှင်ဖမ်းမိ

ရေဦးမြို့ဘက်မှ ​အောင်သာယာကျေးရွာဘက်သို့ စစ်ကူတက်လာ​သော အင်အား ၅၀ကျော်ပါ စစ်​ကြောင်းမှာလည်း ​လေးရွာနှင့်ဇီးကန်ရွာကြားတွင် မိုင်းမိကာ ​လေးရွာအနီး၌ တပ်စွဲထားကြောင်း ဒေသတွင်း Infinity Group က ရေးသားသည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၏ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-PLA
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၏ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-PLA

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အောင်သာယာကျေးရွာရှိ စစ်ကောင်စီတပ်သားနှင့်ပျူစောထီးစခန်းကို ဒေသတွင်း PDFများ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတစ်ဦးနှင့် ပျူစောထီး ခြောက်ဦးအရှင်ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ (နိုဝင်ဘာ၂၄ ရက်)နံနက် ၄နာရီခန့်က ရေဦးမြို့နယ်၊ အောင်သာယာကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးစခန်းကို ဒေသတွင်းPDFအဖွဲ့များ ပူးပေါင်းကာ သွားရောက်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲချိန် ၂နာရီနီးပါးကြာမြင့်ခဲ့ပြီး ကျေးရွာအတွင်းရှိ စခန်းအချို့ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ထို့အပြင် စစ်သားတစ်ဦးနှင့် ပျူအဖွဲ့ဝင် ၆ဦးလည်း ဖမ်းဆီးခဲ့ပြီး ကာဘိုင်သေနတ်တစ်လက်ပါ သိမ်းဆည်းခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)နှင့်မဟာမိတ်တပ်ပေါင်းစုဘက်မှ ရဲဘော် ၅ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်။ စစ်အုပ်စုဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးပြီး ၁၅ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း၏ PLAတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းရန် ရည်ရွယ်ခဲ့လည်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးပစ်ကူ၊ ခြေလျင်တပ်စစ်ကူများအပြင် Mi-35 ဖြင့်ပါ စစ်ကူရောက် လာ၍ ဖမ်းဆီးရမိသည့် သုံ့ပန်းများ၊ ပစ္စည်းများကိုသိမ်းယူခဲ့ကြောင်း PLAက အသိပေးသည်။

ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများကိုPLA အမှတ်(၁)စစ်ဒေသလက်အောက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ သုံ့ပန်းပေါ်လစီနှင့်အညီ ထိန်းသိမ်းထားကြောင်း PLAက အသိပေးသည်။

“ရန်သူ့ဘက်က ဆေးရုံရောက်မှသေတာတို့၊ ကာဘိုးရောက်မှသေတာတို့ရှိတယ်။ လေကြောင်းတိုက်တာရဲဘော်တွေတော့မထိဘူး။ အခင်းဖြစ်တဲ့ရွာနားဝန်းကျင်ကို ရေဦးကနေပစ်တဲ့ လက်နက်ကြီး ဟောင်ဝစ်ဇာနဲ့လှမ်းထုတာရှိတယ်။စခန်းတွေမီးရှို့နိုင်ခဲ့တာလည်း ရှိတယ်။ လက်နက်ကြီးတွေတည့်တည့်ကျလို့ ပျက်စီးသွားတဲ့ဘန်ကာတွေလည်း ရှိတယ်။ရေဦးက ပစ်ကူတာတွေရယ်၊ ကာဘိုးဘက်ကစစ်ကူလာတာတွေရှိလို့ မတက်သာလို့ ဆုတ်ခွာခဲ့ရတာ။”ဟု Taze Civil Revolution Force-TCRF(PLA) အဖွဲ့၏ တိုက်ခိုက်ရေးတာဝန်ခံက ပြောသည်။

ရေဦးမြို့ဘက်မှ ​အောင်သာယာကျေးရွာဘက်သို့ စစ်ကူတက်လာ​သော အင်အား ၅၀ကျော်ပါ စစ်​ကြောင်းမှာလည်း ​လေးရွာနှင့်ဇီးကန်ရွာကြားတွင် မိုင်းမိကာ ​လေးရွာအနီး၌ တပ်စွဲထားကြောင်း ဒေသတွင်း Infinity Group က ရေးသားသည်။

အဆိုပါတိုက်ပွဲကို ဆောင်းဦးကောက်ရိတ်သိမ်းချိန်စစ်ဆင်ရေးအဖြစ် PLA အမှတ်(၁)စစ်ဒေသ၏ စစ်ရေးဦးဆောင်မှု၌ မဟာမိတ်တပ်ပေါင်းစုတပ်ဖွဲ့များဖြစ်သော ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ၊ 96 Soldiers PDF (အညာတပ်ခွဲ)၊ စိန်ဗေဒါKBU (ပကဖ)၊ မိုးကြိုးမုန်တိုင်း LPDF ၊ ဝံသပါလ LPDF ၊ TCRF (PLA) ၊ ရွှေဘိုဓူဝံ (PLA) ၊ GZ LPDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။