Connect with us

Hi, what are you looking for?

သတင်း

နောင်ချို – ကျောက်မဲ – သီပေါလမ်းပိုင်း၌ ယနေ့ တိုက်ပွဲပြင်းထန်နေ

နောင်ချို- ကျောက်မဲ- သီပေါလမ်းပိုင်းမှ တံတားများကို စစ်ကောင်စီက ပြင်ဆင်ပြီးဖြစ်၍ ဖြတ်သန်းသွားလာ၍ရပြီဖြစ်ကြောင်း စစ်ကောင်စီ လော်ဘီများက မကြာခဏရေးသားဖော်ပြနေကြသည်။

(တိုက်ပွဲကြောင့် နောင်ချို - ကျောက်မဲလမ်းပိုင်းတနေရာ ပျက်စီးနေသည်ကို ယခုရက်ပိုင်းအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(တိုက်ပွဲကြောင့် နောင်ချို - ကျောက်မဲလမ်းပိုင်းတနေရာ ပျက်စီးနေသည်ကို ယခုရက်ပိုင်းအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို- ကျောက်မဲ- သီပေါ ပြည်ထောင်စုလမ်းပိုင်း၌ ယနေ့နံနက် တိုက်ပွဲအပြင်းအထန်ဖြစ်နေကြောင်း ဒေသခံများကပြောသည်။

ဂုတ်တွင်း(နောင်ချို)နဲ့ ကျောက်မဲကြားရော၊ ကျောက်မဲနဲ့ သီ‌ပေါကြားမှာရော ချနေတယ်။ စစ်တပ်နဲ့ လော်ဘီတွေက လမ်းပွင့်ပြီ ပြောနေတာကို အမှန်ထင်ပြီး မလာကြပါနဲ့”ဟု သီပေါမြို့ခံတစ်ဦးက ပြောသည်။

သီပေါမြို့တွင် ယမန်နေ့ ညနှင့် ယနေ့ နံနက်အစောပိုင်းကလည်း လက်နက်ကြီးပစ်ခတ်သံများရော၊ သေနတ်သံများပါ ကြားခဲ့ရပြီး ယနေ့နံနက် ၆နာရီမှစတင်ကာ ပြည်ထောင်စုလမ်းမအနီး၌ ရင်ဆိုင်တိုက်ပွဲ ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။

စစ်ကောင်စီသည် နောင်ချို- ကျောက်မဲ- သီပေါလမ်းပိုင်းကို အသုံးပြု၍ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ စစ်ကူပို့နိုင်ရေး ကြိုးစားနေပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တားဆီးနေသည်။

Public Service Announcement

Public Service Announcement

နောင်ချို- ကျောက်မဲ- သီပေါလမ်းပိုင်းမှ တံတားများကို စစ်ကောင်စီက ပြင်ဆင်ပြီးဖြစ်၍ ဖြတ်သန်းသွားလာ၍ရပြီဖြစ်ကြောင်း စစ်ကောင်စီ လော်ဘီများက မကြာခဏရေးသားဖော်ပြနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

AA တပ်ဖွဲ့ဝင်​တွေကလက်နက်ခဲယမ်းနဲ့အ​လောင်း​တွေသိမ်းရ

သတင်း

စစ်တပ်ကဆယ်ချီထပ်မံသေဆုံးပြီးအင်အားဆက်တိုက်ဖြည့်နေ

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်က အောင်သပြေရွာဟောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၆ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ ဩဂုတ် ၁၂ရက် သတင်းဖော်ပြချက်မှာ အသိပေးထားပါတယ်။